Monday 27 February 2012
သန္တိကရဝိဟာရ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏ
                       မန်မာပြည်ခေတ္တအပြန်နှုတ်ဆက်အသိပေးခြင်း
ယခုလ ၂၈ ရက်နေ့ တွင်မွေးရပ်မြေမြန်မာပြည်သို့ အောက်ပါအကြောင်းကိစ္စများဖြင့် ပြန်ရန်ရှိပါသောကြောင့် ကိုရီးယားမှ ဒါယိကာ၊ ဒါယိကာမအပေါင်းတို့ အားခေတ္တခဏ နှုတ်ဆက်ခဲ့ပါသည်။
(၁) မွေးရပ်ဇာတိ (စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ နယ်၊ သရက်ခုံကျေးရွာ) တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသော ကျောင်းသားကလေးငယ်များ၏ တက္ကသိုလ်ပညာရေး လိုအပ်ချက်အချို့ တွက် အကူညီပေးရန်
(၂) သရက်ခုံကျေုးရွာ အခြေခံကျောင်းမှ ကလေးငယ်များအတွက် ပညာရေးထောက်ပံမှု့ နှင့် စာရေးကရိယာထောက်ပံမှု့ လုပ်ငန်းများလုပ်ဆောင်ပေးရန်
(၃) ကွယ်လွန်သူ ကျေးဇူးရှင်မိဘနှစ်ပါးနှင့် အကိုတော် တို့အတွက်ရည်စူး ကုသိုလ်အမျှပေးခြင်းပြုလုပ်ရန်
(၄) ၂ နှစ်တာခွဲခွာခဲ့ရသော ကျေးဇူးရှင်ဆရာတော်များ နှင့် သာသနာ့ညီအကိုများ၊ မွေးရပ်မြေမှဒါယိကာ/မများနှင့် တွေ့ ဆုံရန်
မြန်မာပြည်သို့ ရောက်ရှိပြီးနောက်တနေ့တွင် Lotus Foundation International (Myanmar, Singapore, Malaysia, Korea) တို့ မှ ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ပါဝင်လှူဒါန်းမှု့ပြုသော မုခ်လေးမုခ် ခြေသုတ်ခုံအလှူပွဲသို့ ကိုရီးယားလိုတပ်ကိုယ်စား တက်ရောက်လှူဒါန်းမှူ့ပြုလုပ်မည်ဖြစ်ပါသည်။
သန္တကရ၀ိဟာရကျောင်းတော် သို ဧပြီ( ၁) ရက် ခန့်တွင်ပြန်လည်ရောက်ရှိ သာသနာရေး လူမှုရေးကိစ္စများကို တတ်စွမ်းသမျှ ဆက်လက်လုပ်ဆောင်သွားပါမည်။
** မြန်မာနိုင်ငံတွင်သီတင်းသုံးနေစဉ် ကိစ္စအထူးရှိပါက ဖုန်း ၀၉-၅၀၃၄-၁၇၈ သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း…….
အသံအိုး၊မိုက်ခွက်နှင့်မိုက်တိုင် အလှူရှင်
                              အသံအလှူရှင်
ဓမ္မဃောသကလို တရားနာဘို့ လိုက်မကြွေးကြော်နိုင်ပေမဲ့ တရားနာသူအပေါင်း အသံကြည်လင် ပြတ်သားစွာ နာယူကြည်ညိုနိုင်စေ၊ တရားဟောကြားမည့် သံဃာတော်တို့ အားလည်း သက်သာစွာဟောကြားနိုင်စေဘို့  တရားတော်ကိုနားကြားပြီး အသိတရားတိုးပွါးနိုင်စေရန်လည်း ရည်သန်လျက် နိဗ္ဗာန်အကျိုးမျော်ကိုးကာ ယနေ့ နံက်စောစော လာေ၇ာက်ကာ အသံဒါနအဖြစ် အသံချဲ့ စက်အစုံ လာရောက်လှူဒါန်းသွားသော ကွန်ပြူတာဆရာ ကိုစိုးသီဟ မိသားစုအား ဝမ်းမြောက်နုမော် သာဓုခေါ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကာင်း
မုဒုံ မွန်ညီအစ်ကိုများမှ ထမင်းပေါင်းအိုးလှူဒါန်းမှု့ မှတ်တမ်း
ကောင်းကောင်းစားစေချင်လို့ 
အသစ်ဖွင့်လှစ်လိုက်သော သန္တိကရဝိဟာရကျောင်းတော်သို့ ကြွရောက်ကြမည့် သံဃာတော်များ နှင့် ဧည့်သည့်များ အရသာရှိရှိ သုံးဆောင်နိုင်ရန်နှင့် အလှူဒါနပြုလိုကြသော အလှူရှင်များလည်း စိတ်ချမ်းသာစွာ အဆင်ပြေပြေ ပြင်ဆင်ချက်ပြုတ် လှူဒါန်းနိုင်ရန် ကျောင်းတော်၏ အမာခံပစ္စည်းအလှူအဖြစ် အယောက် (၃၀) စားသောက်နိုင်သော လျပ်စစ်ထ္မင်းအိုးကြီး နှစ်လုံးကို မုဒုံမြို့မှ လူငယ်များက ဝမ်းမြောက်ရွှင်လန်း ယနေ့  လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။
ထိုသို့  လှူဒါန်းမှုကို ပြုလုပ်ဖြစ်အောင် အကြံပြု နိုးဆော်ပေးသော အဖြူရောင်မေတ္တာလူငယ်အဖွဲ့  ညီအစ်ကိုများကိုလည်း အလှူရှင်များနှင့်ထပ်တူ ကျေးဇူးတင်ကြောင်း  ကျောင်းအကျိုးတော်ဆောင် အဖွဲ့ မှ မှတ်တမ်းတင်အပ်ပါသည်။
Saturday 25 February 2012
အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)ရဲ့ အဝတ်လျှော်စက်အလှူ
                            အဖြူရောင်ရဲ့ သန့် ရှင်းတဲ့ အလှူ
ညစ်နေတာတွေ လှစ်သွားစေဘို့ ၊ သန့် ရှင်းမှုဖြင့် လောကကြီးကို အလှဆင်နိုင်ဘို့ ၊ တစ်ကိုယ်ရည် သန့်ရှင်းပြီး ကျန်းမာစွာ ချမ်းသာစွာ လောက သာသနာ နှစ်ဖြာကောင်းကျိုး  ပွါးတိုးနိုင်စေဘို့  အထောက်ကူပြုပေးနိင်သော (SAMSUNG 12 Kg -430,000 ဝမ်) အဝတ်လျှော်စက်ကို  တန်ဖိုးရှိဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ က ဖွင့်လှစ်လိုက်သော အန်ဆန်းမြို့ရှိ သန္တိကရဝိဟာရကျောင်းတော်၌ အသုံးပြုနိုင်ရန် ယနေ့  အဖြူရောင် ညီအစ်ကိုများ ကိုယ်တိုင်လာရောက်လှူဒါန်းသွားပါသည်။
ပတ်ဝန်းကျင်ကိုလည်း သူတို့ လို့  လှပဖြူစင်အောင် အဖြူရောင်နှလုံးသားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အလျောက် ဖြူစင်သန့် ရှင်းမှုကို ပေးနိုင်တဲ့ ပစ္စည်းကို ပေးလှူတဲ့ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ (ကိုရီးယား)ကို သန္တိကရဝိဟာရကျောင်းအကျိုးတော်ဆောင်အဖွဲ့ မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
စိတ်လည်းဖြူစင် ရုပ်လည်းရွှင်၍ လောကသာသနာ နှစ်ဖြာကောင်းကျိုး ပွါးတိုးအောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ သလိုက်ပါသည်။
Friday 24 February 2012
သန္တိကရဝိဟာရ ကျောင်းတော် ကျောင်းသစ်ဖွင့်ပွဲ၊ကျောင်းအပ်ပွဲ ရေစက်ချအလှူတော်မင်္ဂလာမှတ်တမ်း
View all
Get your own
“သာသနာတော်ကို ဘုန်းကံကြီးမားသူများသာ တွေ့ ကြုံရ ၊ ချီးမြှောက်ခွင့်ရ၊ ထောက်ပံ့ခွင့် ရပေသည်” ဟူသော မြတ်ဗုဒ္ဓ စကားတော်အတိုင်း ယခုအခါ အန်ဆန်းမြို့နှင့် ကိုရီးယား၌ နေထိုင်ကြသော ရွှေမြန်မာများနှင့် ကိုရီးယားလူမျိုးတို့ သာသနာတော်ကို ထောက်ပံ့ခွင့်၊ မြတ်ဗုဒ္ဓတရားတော်ကို နာယူမှတ်သားခွင့်ရရှိနိုင်သော အခွင့်ကို ရရှိကြရပေပြီ။
ဖေဖေါ်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့ က ကျင်းပပြုလုပ်သော သန္တိကရဝိဟာရကျောင်းတော်သစ်ဖွင့်ပွဲသို့  ကြွရောက်ချီးမြှောက်တော်မူကြသော ဗောဓိဆုကျောင်းဆရာတော်၊ ဖူဆန်မြို့ ပြည်ည်တော်ဦးဆ၇ာတော်၊ ဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းမှ ဆရာတော် ဦးကိတ္တိသာရ နှင့် ကိုရီးယားဘုန်းတော်ကြီး၊ သီလရှင်များအပါအယင် အနယ်နယ်မှ လာရောက်အားပေးချီးမြောက်ကြသော ရွှေညီအစ်ကိုများကို လှုက်လှဲစွာကျေးဇူး အထူး(အထူး)တင်ရှိပါကြောင်း နှင့် အားလုံး၏စေတနာ မေတ္တာကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဖွင့်ပွဲနေ့ ကရှိသော စိတ်ထားနှလုံးသားကို အမြဲပိုင်ဆိုင်နိုင်ကြပြီး၊ အခက်ခဲကြုံသော်လည်း နောက်မတွံ့ ဘဲ ဆက်လက်ကြိုစားကာ၊ အားလုံးကို တန်ဖိုးထားဘို့  ဖြူစင်သော ညီညာသောစိတ်နှလုံးဖြင့် အများကောင်းကျိုး၊ ခုရောနောင်အတွက် ငြိမ်းချမ်းအောင်ဘို့  လက်တွဲကာလျှောက်လမ်းကြပါစို့ လို့ ----
လောကသာသနာ နှစ်ဖြာကောင်းကျိုး အစဉ်တိုးပါစေ။
သန္တိကရဝိဟာရကျောင်းတော်
Sunday 12 February 2012
့သန္တိကရဝိဟာရ ကျောင်းသစ်ဖွင့်ပွဲအခမ်းအနား ဖိတ်ကြားလွှာ
သန္တိကရဝိဟာရကျောင်းတော်သစ်ဖွင့်ပွဲအလှူတော်မင်္ဂလာအခမ်းနား
                               ဖိတ်ကြားလွှာ
                    အာဝါသဒါနသ္မိံ ဒိန္နေ သဗ္ဗဒါနံ ဒိန္နမေဝ ဟောတိ
  ကျောင်းအလှူကိုပေးလှူခြင်းသည်အရာအားလုံးကိုပေးလှူသည်မည်၏
မြတ်ဗုဒ္ဓ၏ အဆုံးအမများတည်တံ့ပြန့်ပွါးရေး၊ ယဉ်ကျေးမှု့ဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းရေး စသည်ရည်ရွယ်ချက်တို့ ဖြင့် အန်ဆန်းမြို့ရှိ ရွှေမြန်မာများ ဦးဆောင်ကာ တည်ထောင်လိုက်သော ကျောင်းတော်ကြီးပြီးစီးသွားပြီ ဖြစ်၍ ကျောင်းဖွင့်ပွဲ ကျောင်းတင်လှူပွဲအခမ်းနားကို ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းအစရှိသောလှူဒါန်းဖွယ်ရာအစုစုကို လှူဒါန်းကာ၊ ဧည့်ပရိတ်သတ်အပေါင်းအား ဒံပေါက်ထ္မင်းဖြင့်ဧည့်ခံကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ကိုရီးယားရောက် ရွှေမြန်မာ ညီအစ်ကိုများ အားလုံး(အားလုံး) ကြွရောက်ချီးမြှောက် ကုသိုလ်ပြု သာဓုအနုမောဒနာခေါ်ဆိုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
 အခမ်းအနားအစီစဉ်
 - နံနက်ခင်းပိုင်း-မုန့်ဟင်းခါး
 - နေ့လည်ခင်းပိုင်း- ဒံပေါက်ထ္မင်း
 - နေ့လည် (၁) နာရီ - တရားတော်နာ ရေစက်ချ အမျှပေးဝေမှု့ 
ကျောင်းလမ်းညွန်--->
경기도 안산시 단원구 원곡동 775-12번지 401호(4th Fl)
အန်ဆန်းဘူတာမှ 99၊ 52 ၊55 ၊23 ၊ 30-2 ၊ 909 နံပါတ် ကားစီး၍군자시장(원곡초등학교)မှတ်တိုင်၌ဆင်းရန်။ 737ကားစီးလျင် 주택사거리မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ချိုး၍ တည့်တည့်လျှောက်ပါ။
ဖုန်းလမ်းညွှန်--->>070-8966-5184
                         010-6511-2986
                         010-5102-9926
posted by-သန္တိကရဝိဟာရ
Saturday 11 February 2012
မွေးနေ့အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ
          အနန္တငါးဖြာ ဦးထိပ်မှာပန်ဆင်လျှက် ဂယောင်ဂီပြည်နယ် အန်ဆန်းမြို့ နေ ကိုကျော်လွင်ဦး(ခ)ကိုဗေလုဝ
(၃၅)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာကို အန်ဆန်းမြို့  သန္တိကရဝိဟာရ ထေရဝါဒ သာသနာပြုကျောင်းတော်တွင်ပြုလုပ်၍ ဆရာတော်သံဃာတော်တို့အား နေ့ဆွမ်းခဲဖွယ်ချိုချဉ် အရသာတို့ကိုဆပ်ကပ်လှူဒါန်းပါမည်။ ကြွှရောက်လာကြသော ရွှေညီအကိုများအား မြန်မာမှု့ ရိုးရာ ထမင်း၊ဟင်းများဖြင့်တည်ခင်းဧည့်ခံမည် ဖြစ်ပါ၍ ကြွရောက် သုံးဆောင်ကြပါရန်ဖြူစင်သော
စိတ်ထားဖြင့် ဖိတ်ကြားအပ် ပါသည်ခင်ဗျား။  ။
HAPPY BIRTHDAY
အစီအစဉ်--- 
နေရာ--   သန္တိကရဝိဟာရ ထေရဝါဒ သာသနာပြုကျောင်းတော်၊အန်ဆန်းမြို့ 
နေ့ရက်-- ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့(တနင်္ဂနွေနေ့)
နေ့လည်စာ-- မြန်မာထမင်း၊ဟင်း
တရားတော်နာ-- နေ့လည်(၁၂)ခန့်တွင် သာဓုအနုမောဒနာတရားများဟောပြောချီးမြှင့်ပါမည်။
ကပ္ပိယ(၂၀၁၂ခုနှစ်၂လပိုင်း ၉ရက်)
၁၀:၄၀
Friday 10 February 2012
ဖိတ်ခေါ်ပါသည်
ဖိတ်ခေါ်ပါသည်
ဆိုလ်းမြို့ကနေ တစ်နာရီသာသာလောက် ရထားစီရသော မြို့ကလေး၊ နိုင်ငံခြားသားများစွာ အလုပ်လုပ်နေကြသော၊ ရိုးရာအစားအသောက်များ ရောင်းချကာ စားစရာ အမျိုးစုံရှိသော အန်ဆန်းမြို့။ ရွှေမြန်မာများလည်း များစွာရှိလို့ ပျော်မွေ့ ရာ အန်ဆန်းမြို့၊ ဒီမြို့လေးမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုး များစွာရှိနေကြပေမဲ့ ယခင်က ဘုန်းကြီးကျောင်းဆိုတာ မရှိခ။ဲ့ ခုတော့ သာသနာအရောင်ထွန်းပြောင်စေဘို့ ဆရာတော်၏လမ်းညွှန်မှုဖြင့် အန်ဆန်းမှ ရွှေမြန်မာများ ဦးစီးကာစုပေါင်းဖွင့်လှစ်လိုက်သော သန္တိကရဝိဟာရ ကျောင်းတော်ကြီး ပေါ်ပေါက်၍လာပါပြီ။
နာမည်က သန္တိကရဝိဟာရ ငြိမ်းအေးတော်မူပြီးသော မြတ်ဗုဒ္ဓ သီတင်းသုံးရာကျောင်းတော်လို့ ဆိုကလည်းဆို။ မငြိမ်းချမ်းကြတဲ့သူတွေကို ငြိမ်းချမ်းအောင် လုပ်ပေးတဲ့နေရာလို့ ဆိုချင်ဆိုပေါ့။ ကြီးပွါးချမ်းသာဘို့ စီးပွါးရှာနေကြတဲ့ ကိုယ့်ဆွေမျိုးသားချင်း ညီအစ်ကိုတွေ အလုပ်မှာပင်ပန်းလို့  ခန္ဓာကိုယ်ကနွမ်း စိတ်ကလည်း ပန်းနေချိန်၊ အမေနဲ့ ဝေးလို့  အိမ်ကိုလွမ်းကာ တမ်းတနေချိန် ကျောင်းတော်ကြီးကို ရောက်လာပြီး ၇တနာသုံးပါးရဲ့ အရိပ်အောက်မှာ ခိုလုံရင်း ကိုယ့်မွေးရပ်မြေရဲ့  အငွေ့ အသက်ကို ရှူရှိုက်ခွင့်ကို ရပြီး ဓမ္မအမြိုက်ေ၇ကိုသောက်သုံးကာ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှုကို ရရှိနိုင်မဲ့နေရာလို့ ဆိုရင် မှားအံ့မထင်။
အလုပ်အားရက် ကျောင်းနားရက်မှာ စားသောက်ဖွယ်အစုံကို မြည်းစမ်းဘို့  လာလိုကလာ၊ ကိုယ်မြေက အစားအသောက်ကို ရှာဘို့ လည်ပတ်လိုက လည်ပတ်ရင်း နိုင်ငံခြားသားစုံတဲ့ အန်းဆန်းဘူတာနဲ့  ဈေးရဲ့ မလှမ်းမကမ်း (၁၅) မိနစ်ခန့် လမ်းလျှောက်က ရောက်နိုင်တဲ့ 원곡 초등학교 အနီး ကားရပ်နားရာနေရာ လမ်းတစ်ဘက်ရှိ သန္တိကရဝိဟာရ ကျောင်းတော်ဆီသို့ လည်း အလည်တစ်ခေါက် လာရောက်လည်ပတ်နိုင်ပါတယ်။
ရွှေညီအစ်ကိုများအား မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို ပေးရုံသာမက ကိုရီးယားလူမျိုးများအားလည်း တရားဟော တရားပြပေးရင်း ကိုယ့်အမျိုးဘာသာ သာသနာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်မှု ပြသမှုတို့ကို စွမ်းနိုင်သမျှ လုပ်ဆောင်သွားမဲ့နေရာတစ်နေ၇ာလည်း ဖြစ်တယ်။
အန်ဆန်းမြို့ရဲ့ ငြိမ်းချမ်းရေးခရီးစဉ်အစအဖြစ် ကျောင်းတော်ကြီးဖွင့်ပွဲကို လာမဲ့ ဖေဖေါ်ဝါရီလ (၁၉) ရက် တနင်္ဂနွေနေ့ မှာ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားပါမည်။ ဖွင့်ပွဲအစီစဉ်အသေးစိပ်ကိုတော့ မကြာမီ ဟန်းဂုရွာမှလည်း သူကြီးဘစီ ရဲ့  လော်မှတဆင့် ကြေငြာပေးသွားပါ့မယ်။
ဈေးနုန်းချိုသာပြီး ပစ္စည်းစုံတဲ့  အန်ဆန်းမြို့ကလေးကို လာလည်ရင်း ကျောင်းတော်ဆီသို့  အရောက်လာပါအုံးလို့ ဖိတ်ခေါ်လိုက်ပါရစေ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
မေတ္တာဖြင့်
(၉-၂-၂၀၁၂)
Thursday 9 February 2012
သန္တိကရမော်ကွန်း
သန္တိကရမော်ကွန်း
            " ကိုရီးယားတယောက်စီမှာ ကိုယ်ပိုင်ဇာတ်လမ်းတပုဒ်စီရှိသည်"ဟူသော သူရို့ ပြောရိုးဆိုစဉ်စကားကို အမှီသဟဲပြုဆိုရလျှင် "ကိုရီးယားရောက်မြန်မာတိုင်းမှာလည်း ကိုယ်ပိုင်ဇာတ်လမ်းကိုယ်စီရှိကြသည်"ဟု ဖြစ်ပါ၏။ ဇာတိသား ကိုရီးယား၊ ပဝတ္တိသား မြန်မာများနည်းတူ ထွန်းသစ်စ"သန္တိကရဝိဟာရ"မှာလည်း ကိုယ်ပိုင်ဟန် ပြဇာတ်ကောင်းတပုဒ် ဖန်တီးဖော်ဆောင်လိုစိတ် ရွှန်းလဲ့တောက်ပလာလေသည်။ အို--သန္တိကရ-- ကောင်းသော
လာခြင်းဖြစ်ပါစေသတည်း-။ အသင်-- သန္တိကရ--သင်၏ကာလ နှင့်အိပ်မက်များ အောင်မြင်ခြင်းနှင့်အတူ အဓွန့် 
ရှည်ပါစေသတည်း--။အို--အချင်း--သန္တိကရ--ပန်းခင်းလမ်းကို ချမ်းမြေ့စွာလျှောက်လှမ်းနိုင်ပါစေသတည်း----။
            "အချစ်"ဟူသောစကားလုံးလေးနှစ်လုံးကို ကမ္ဘာဦးကတည်းက တကမ္ဘာလုံးဝိုင်းရေးနေကြသော်လည်း ယနေ့ တိုင် မပြီးနိုင်မစီးနိုင်သေးချေ--။ မျိုးဆက်ဟောင်း၊မျိုးဆက်သစ်လက်ဆင့်ကမ်းရေးကြသည်တိုင်စေ၊ ဝန်နှင့်အားမမျှဖြစ်နေဆဲပင်တည်း။   အလားတူ "သာသနာ"ဟူသောစကားလုံးကို    ဗုဒ္ဓခေတ်ကတည်းက သရုပ်ဖော်ရေးသားခဲ့ကြသော်လည်း နှစ်ပေါင်း ၂၅၅၅ သာရင့်ညောင်းကြာမြင့်ခဲ့ချေသည်၊ မပီမပြင်ဝိုးတဝါး တိမ်ခိုးတိမ်လွှာပမာ ဟိုပေါ်သည်ပျောက် စာလုံးဆေးမင်စက်တို့  စွဲမြဲခိုင်မာမှုအားနည်းစွာ ပါးလျကျဲတောက်
မှုန်ရီမှိုင်းနေဆဲပါတကား--။
            ရှေးရှေးကာလ သာသနာပြု ရဟန္တာမထေရ်ကြီးများသည် ကိုယ်ရေးကိုယ်တာအားဖြင့် "ကတံ ကရဏီယံ= လုပ်ငန်းကိစ္စတွေကို အပြီးသတ်ပြီးပြီ" ဟု ဥဒါန်းကျူးရင့် ဝမ်းမြောက်ဝမ်းသာ နုတ်တော်မြွက်ခဲ့ကြ
သော်လည်း သာသနာအတွက်မူ "ငါ့တို့ ကိစ္စပြီးပြီဟေ့"ဟု ဆိုတော်မမူခဲ့ကြပေ--။ အဘယ့်ကြောင့်နည်း-----။
"သာသနာအတွက်ပြုဖွယ်ကိစ္စကုန်သွားပြီ" ဟုရှုမြင်သုံးသပ်တော်မူခဲ့ကြလျှင် သာသနာယန္တရားကြီးရပ်ဆိုင်းသွား
မည်ကို မြင်တော်မူခဲ့ခြင်းကြောင့်ပါတည်း----။ အရှင်မြတ်တို့ မှာ ကိုယ်ရေးကိုယ်တာအတွက် အချိန်ယူဖွယ်မလို
အပ်တော့သောကြောင့် ရှိသမျှအချိန်ကို သာသနာအတွက် ပုံအောပေးခဲ့ကြ၏။ ကိုယ်ရေးကိစ္စလုပ်ငန်းမပြီးပြတ်
နိုင်သေးသူ အရှင်မြတ်တို့ မှာကား "လေ့ကျင့်ရင်း သာသနာပြု၊ သာသနာပြုရင်း လေ့ကျင့်"ကြရလေသည်။
            သာသနာပြုမထေရ်မြတ်တို့ ၏ သာသနာပြုရည်မှန်းချက်ကား "သန္တိကရ"ပန်းတိုင်သို့ ဆိုက်ရောက်ရေး
ပင်ဖြစ်၏။ သန္တိကရ---သန္တိကရ--။ သည်ပါဠိစာလုံးကို ဘယ်နေရာမှာ တွေ့ ဖူးရွတ်ဆိုဖူးပါလိမ့်--။ သြော်--ပရိတ်တရားတော်တွေထဲက "အာဋာနာဋိယသုတ်"ထဲမှာ တွေ့ ဖူးပါ၏။
                                                သဒါ သုခေန ရက္ခန္တု၊
                                                ဗုဒ္ဓါ သန္တိကရာ တုဝံ။
                                                တေဟိ တွံ ရက္ခိတော သန္တော၊
                                                မုတ္တော သဗ္ဗဘယေဟိ စ။
သန္တိကရာ- ဒုက္ခခပ်သိမ်း, ချုပ်ပြတ်ငြိမ်းအောင်, အေးငြိမ်းမှုကို,ပြုတော်မူကြကုန်သော၊ ဗုဒ္ဓါ- ရှင်တော်မြတ်ဘုရား
တို့ သည်။ တုဝံ-သင့်ကို၊ သဒါ-နေ့ ရော ညဥ့်ပါ,အခါခပ်သိမ်း၊ သုခေန- ကိုယ်စိတ်နှစ်ဖြာ,ချမ်းသာရေးဖြင့်၊ ရက္ခန္တု
စောင့်ရှောက်တော်မူကြပါစေကုန်သတည်း။
တေဟိ-ထိုရှင်တော်မြတ်ဘုရားတို့သည်၊ ရက္ခိတော-ချမ်းသာရောက်အောင်,စောင့်ရှောက်အပ်သည်၊ သန္တော-ဖြစ်သော၊ တွံ-သင်သည်၊ သဗ္ဗ ဘယေဟိ- ဘေးရန်ခပ်သိမ်းတို့ မှလည်း၊ မုတ္တော-လုံးဝသန့် ရှင်း,လွတ်ကင်းရ
သည်၊ (ဘဝ-ဖြစ်စေသတည်း၊)။ (မဟာဂန္ဓာရုံဆရာတော်၏ ပရိတ်ကြီးနိဿယမှ)
သည်စာ၊သည်နေရာမှာတော့ "သန္တိကရ"ဟူသည် "ဗုဒ္ဓ"ပင်ဖြစ်လေသည်။ ဆင်းရဲအပူမှန်သမျှကို ချုပ်သွား
အောင်ပြတ်သွားအောင်ငြိမ်းသွားအောင်ပြုတတ်သူသည် "သန္တိကရ" သို့ မဟုတ်" ဗုဒ္ဓ"---။
                                                သဗ္ဗလောကဟိတံ ကတွာ၊
                                                ပတွာ သန္တိကရံ ပဒံ။
                                                ပရိနိဗ္ဗာနမဉ္စမှိ၊
                                                နိပန္နော လောကနာယကော။
"လောကရှေ့ ဆောင်ဘုရားမြတ်စွာသည် လောကကိုအကျိုးပြု၊ ငြိမ်းအေးခြင်းကိုပြုတတ်သော နိဗ္ဗာန်
သို့ ရောက်ပြီးနောက် ပရိနိဗ္ဗာန်ပြုရာညောင်စောင်းမှာလျောင်းစက်တော်မူလေပြီ"---ဟူသော မဟာဝံသ၊ ၇။ ၁ အရတော့ သန္တိကရဟူသည် "နိဗ္ဗာန်"ကို ဆိုလိုပြန်ပါ၏။
            သီဟိုဠ်ဆရာတော်တပါး၏ ရသဝါဟိနီကျမ်းတွင် ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာလာ "ဒါနံ သဂ္ဂဿ သောပါနံ၊ ဒါနံ မောက္ခ ပဒံ ဝရံ= ဒါနသည် နတ်ပြည်အတွက် စောင်းတန်းလှေကားဖြစ်၏၊ ဒါနသည် မြတ်နိဗ္ဗာန်၏အကြောင်းခံ
ဖြစ်၏"ဟူသော စကားအသွားကို အလိုက်ယူကာ " ဒါနံ သဂ္ဂဿ သောပါနံ၊ ဒါနံ သန္တိကရံ ဝရံ"ဟုရေးသား
သည်ကို တွေ့ ရ၏။ ထို့ ကြောင့် "သန္တိကရ"ဟူသည် "နိဗ္ဗာန်"ဟုလည်း ဆိုလိုပြန်၏။
            ထေရဂါထာပါဠိတော်၊ ဒုကနိပါတ၊ ပထမဝဂ်လာ ပိဏ္ဍောလဘာရဒွါဇထေရ်၏မိန့် ဆိုချက်တခုမှာ----
                                                "နယိဒံ အနယေန ဇီဝိတံ၊
                                                နာဟာရော ဟဒယဿ သန္တိကော။
                                                အာဟာရဋ္ဌိတိကော သမုဿယော၊
                                                ဣတိ ဒိသွာန စရာမိ ဧသနံ။
ဤငါ၏အသက်ရှည်ခြင်းသည် မသင့်သောရှာမှီးခြင်းဖြင့် အသက်ရှည်သည်မဟုတ်၊ စားမျိုအပ်သော အစာသည် (မဂ်ဉာဏ်ဖိုလ်ဉာဏ်ကဲ့သို့ ) စိတ်၏ငြိမ်သက်ခြင်းကို ပြုတတ်သည်မဟုတ်၊ ကိုယ်သည် စားမျိုဖွယ် 'အာဟာရ'
လျှင်တည်ရာရှိ၏၊ ဤသို့ သိမြင်၍ ဆွမ်းခံလှည့်လည်၏။"ဟုဖြစ်၏။ ယင်းမထေရ်၏စကားကို အဋ္ဌကထာက " နာဟာရော ဟဒယဿ သန္တိကောတိ အာဟာရော စ အာဟာရိယမာနော မဂ္ဂဖလဉာဏံဝိယ ဟဒယဿ စိတ္တဿ သန္တိကရော န ဟောတိ၊ ကေဝလံ ပန သဇ္ဇုကံ ခုဒါပဋိဃာတမတ္တံ ကရောတီတိ အဓိပ္ပါယော= စားမျို
အပ်သော အစာသည် (မဂ်ဉာဏ်ဖိုလ်ဉာဏ်ကဲ့သို့ ) စိတ်၏ငြိမ်သက်ခြင်းကို ပြုတတ်သည်မဟုတ်ဟူသည် အစာအာဟာရကို စားမျိုသော်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်ကဲ့သို့  (အစားအစာသည်)စိတ်၏ ငြိမ်သက်အေးချမ်း
ခြင်းကို ပြုတတ်သည်မဟုတ်ချေ၊ ချက်ပြုတ်ခြင်းသည် ဆာလောင်မွတ်သိပ်ခြင်းကို ပြေငြိမ်းရုံသာဟု ဆိုလို၏"ဟု ရှင်းပြထားလေသည်။ ဤတွင် "သန္တိကရ"ဟူသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဆိုလို၏။ အရိယမဂ်ဉာဏ်မှသာ စိတ်အေးငြိမ်းသွားအောင် အမှန်အားဖြင့် စွမ်းဆောင်နိုင်လေသည်ကိုး-----။
            "သန္တိကရ"သည် ဗုဒ္ဓကို ရည်ညွှန်း၏။ လောကအတွက် သူမတူသောအနစ်နာခံမှုနှင့် စွန့် လွှတ်မှုကို ဗုဒ္ဓပြုတော်မူခဲ့၏။ "သန္တိကရ"သည်လည်း ဗုဒ္ဓနည်းတူ ပြုနိုင်ပါစေသတည်း-------။
            "သန္တိကရ"သည် "နိဗ္ဗာန်"ကို ရည်ညွန်း၏။ "သန္တိကရ"သည်လည်း နိဗ္ဗာန်မျက်မှောက်ပြုရေးအတွက် အားသွန်စူးစိုက်နိုင်ကြပါစေသတည်း---------။
            "သန္တိကရ"သည် "မဂ်ဉာဏ်ဖိုလ်ဉာဏ်"ကို ရည်ညွှန်း၏။ "သန္တိကရ"သည်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်
ဆိုက်ရောက်ရေးအတွက် ဦးတည်ပြင်ဆင်နိုင်ကြပါစေသတည်း--။
            စကားထပ်မံဆိုပါမည်။ " သာသနာပြုမထေရ်မြတ်တို့ ၏ သာသနာပြုရည်မှန်းချက်ကား
 "သန္တိကရ"ပန်းတိုင်သို့ ဆိုက်ရောက်ရေးပင်ဖြစ်၏။"  သက်ဆိုင်သူတို့ ပန်းတိုင်ဆီသို့ တည့်တည့်မတ်မတ်
အရောက်ချီတက်နိုင်ကြပါစေသတည်း----။
အမရဒီပ
၂-၇-၂ဝ၁၂
Sunday 5 February 2012
သန္တိကရဝိဟာရ ကျောင်းတော်မိတ်ဆက်
                         ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
      သန္တိကရဝိဟာရကျောင်းတော်(ကိုရီးယား)
                     အန်ဆန်းမြို့ ထေရဝါဒသာသနာပြုကျောင်းတော်
သန္တိကရဝိဟာရ ထေရဝါဒ မြန်မာကျောင်းတော်ကြီးသည်경기도 안신시 단원구 원곡동 775-번지 12 တွင်တည်ရှိ၍ အန်ဆန်းဘူတာ(နံပါတ်-၄လိုင်း)အနီးတွင်တည်ရှိပါသည်။
ထိုအန်ဆန်းမြို့ သည်ဘန်နွော(반월공단)စက်မှု့ဇုံနှင့် (시화공단)ရှီဟွာစက်မှု့ဇုံအနီးတွင်တည်ရှိ၍နိုင်ငံခြားသားအလုပ်သမားများနှင့်အလွန်စည်ကားသောမြို့ ကလေးဖြစ်ပါသည်။အာဆီယံနိုင်ငံများ၊ရုရှား၊ဥဇဘက်၊တရုတ်နှင့်အရှေ့အလည်ပိုင်းနိုင်ငံများမှမိမိတို့ရဲ့ရိုးရာအစားအစာနှင့်ဒေသတွင်းအသုံးအဆောင်ပစ္စည်းများဖြန့်ဖြူးရောင်းချသောဆိုင်ခန်းများနှင့်အထူးစည်ကားသောမြို့ လေးဖြစ်ပါသည်။အာဆီယံမြို့ ကလေးဟု လည်းခေါ်ဆိုနိုင်ပါသည်။မြန်မာရွာဟုခေါ်သော ဘူဖြောင်းနှင့်လဲ ၄၅မိနစ်ခန့်ကားစီးလျှင်ရောက်နိုင်ပါသည်။ထို့ကြောင့် ကျွန်တော်တို့ရဲ့ အန်ဆန်မြို့ကလေးကို ဒေသန္တရ ဗဟုသုတအဖြစ်လာရောက်လည်ပတ်ရင်းဗုဒ္ဓဘာသာဝင်တို့အထွဋ်အမြတ်ထားရာ ဘုရား ကျောင်းကန် အရိယာသူတော်စင်တို့ကိန်မွေ့ ရာ ကျောင်းကြီးဝိဟာဖြစ်သော သန္တိကရဝိဟာရ ကျောင်းတော် သို့ ဘာသာရေး၊သာသနာရေး၊လူမှု့ရေးကိစ္စရပ်များကိုအကြောင်းပြု၍ကြွရောက်ကြပါရန် လောက၊ဓမ္မနှစ်ဖြာသောအကျိုးကိုရှေးရှု့၍နှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။ ။အန်ဆန်းဘူတာမှ 23၊125၊909၊55၊30-2၊ကားများစီး၍ ဂွန်ဂျာရှီဂျန်း(င်)(군자시장)၊ဝန်ဂို့ (ဂ်)မူလတန်းကျောင်း(원곡초등학교)မှတ်တိုင်တွင်ဆင်းပါရန်၊။ကျောင်းလမ်းညွှန်(ကလစ်ပါ)