Wednesday 26 September 2012

ဂရုဓမ္မအခါတော်နေ့ 

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသော သူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင့် နှလုံးသွင်းလျက် သရဏဂုံ ၃ပါး၊ ပဉ္စသီ ငါးပါး၊ အဌသီ ရှစ်ပါး တို့ကို မပြတ် ဆောက်တည်ကြကုန်။
ရွှေပြည်တော် မြို့တွင်းမြို့ပြင် အရပ်ခေါင်း သွေးသောက်ကြီး သွေးဆော် တို့ကိုလည်း စီရင်စု အရပ်သားတို့ကို ပဉ္စသီ ငါးပါး၊ အဌသီ ရှစ်ပါး စသော အလှူပေးခြင်းများကို တိုး၍ ကျင့်ဆောင် လှူဒါန်း ရမည့် အကြောင်းနှင့် မှတ်စုအပ်၍ ကျင့်ဆောင် နှိုးဆော် ကြစေ။

ဘလော့ဂ် တစ်ခုမှာ ဖတ်လိုက်ရတဲ့ ဘု၇င်မင်းမြတ်များက (၁၁၄၆ ခုက) ပြည်သူတွေကို ကြေငြာမောင်းနှင်းခတ်သော အမိန့် တော်ပြန်တမ်းတစ်ခုပါ။
ရှေးက ဘု၇င်မင်းများဟာ များသောအားဖြင့် မင်းကျင်းတရားနှင့်ပြည့်စုံပြီး ပြည်သူလုထုကိုလည်း ငါးပါးသီလကို စောင့်ရှောက်စေလေ့ရှိတယ်။ ထိုကြောင့်လည်း တိုင်းပြည်သာယဝပြောပြီး ဆန်ရေစပါးပေါများကာ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး အစစ ပြည့်စုံတဲ့နိုင်ငံဖြစ်ပြီး မင်းနှင့်ပြည်သူ ပျော်ရွှင်ငြိန်းချမ်းစွာ နေထိုင်နိုင်ကြတာဖြစ်တယ်။

ဘုရင်သာမက ပြည်သူတွေကလည်း ငါးပါးသီလကို အလေးဂရုပြုစောင့်ရှောက်ခဲ့ကြတာဟာဖြင့် ခုခေတ်မှသာမဟုတ် ဂေါတမဗုဒ
္ဓအလောင်းလျာဘဝတုန်းကတည်းက ငါးပါးသီလကို အလေးအမြတ်ထား စောင့်ရှောက်တာကြောင့် မိုးလေဝသ မှန်လို့ ဆန်ရေစပါး ပေါများပြီး တိုင်းပြည်သာယာဝပြောခဲ့ တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ယခု တော်သလင်းလပြည့်နေ့ သည် မြန်မာနိင်ငံ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ထားသော ဘာသာရေးအထွဋ္ဋ်အမြတ်နေ့ တစ်ခုဖြစ်သော ဂရုဓမ္မအခါတော်နေမှာ သူတော်ကောင်းများ အလေးအမြတ်ထား ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ငါးပါးသီလကို လုံခြုံအောင် စာင့်ရှောက်ကြလို့  ကုသိုလ်တရားများ တိုးပွါးအောင် ကြိုးစားနိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဂရုဓမ္မအခါတော်နေ့ လည်းကြုံ၊ အားလပ်ရက်လည်း ဖြစ်သည့်အတွက် မိမိတို့ တတ်စွမ်းသမျှ ကောင်းမှုကုသိုလ်တိုးပွါးအောင် လုပ်ဆောင်နိုင်သော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ကြပါစေ။

ချမ်းသာစွာ အိပ်စက် နိုးထနိုင်ကြပါစေ
သန္တိက၇ဆရာတော်

Sunday 16 September 2012

ရွှေခြံသားမျာ၏ ချူးဆော့ပိတ်၇က်အလှူ


စက်တင်ဘာ ၂၉ ရက် (စနေ)နေ့ မှစ၍ ရွှေညီအစ်ကိုများ ချူးဆော့၇က်ရှည် အလုပ်ပိတ်ရက် စတင်ပါလိမ့်မယ်။ အားလပ်ရက် စလျင်စချင်း (၃၀)၇က် တနင်္ဂနွေနေ့ တွင်ကိုရီးယားရောက် မြင်းခြံမြို့ မှ ညီအစ်ကိုစုပေါင်းကာ သံဃာတော်တို့ အား ဆွမ်းကပ်လှူပြီး ကြွရောက်လာကြမည့် ရွှေညီအစ်များအား စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံ့ကျွေးမွေးအလှူကို စည်းကားသိုက်မြိုက်စွာပြုလုပ်မည် ဖြစ်ပါသည်။

ချူးဆော့အားလပ်ရက်မှာ သူငယ်ချင်းများနှင့် တွေ့ဆုံပြီး အိမ်အလွမ်းပြေ မြန်မာထ္မင်းဟင်းကို သုံးဆောင်ဘို့ အန်ဆန်းမြို့ကို လာရောက်လည်ပါတ်ဘို့  အားလုံးကိုဖိတ်ခေါ်ပါသည်။

မြင်းခြံမြို့ မှ ညီအစ်ကိုများသည် ဒီနှစ်တွင် ထူးကဲစွာ ပြုလုပ်လိုသည်မှာ အန်ဆန်းမြို့ ၊ သန္တိက၇ဝိဟာ၇၌သာမကဘဲ၊ ဗူဖျောင်းမြို့  မြန်မာဗုဒ္ဓသာသနာပြုကျောင်း၌လည်း နောက်ရက် တနင်္လာနေ့ တွင် ဆွမ်းကပ်အလှူကို ထပ်မံပြုလုပ်အုံးမှာ ဖြစ်ပါသည် ဆိုတာကို သတင်းကောင်းပါးအပ်ပါသည်။



နေ့၇က် -၃၀-၉-၂၀၁၂ (တနင်္ဂနွေနေ့ )
နေရာ - သန္တိက၇ဝိဟာရ၊ အန်ဆန်း

နေ့ ရက် ၁-၁၀-၂၀၁၂ (တနင်္လာနေ့ )
နေ၇ာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်း၊ ဗူဖျောင်း
စားသောက်ဖွယ်- မြန်မာရိုးရာ ထ္မင်းဟင်း


ဆက်သွယ်ရန် ကိုဖိုးထောင် (၀၁၀-၅၅၉၅-၆၆၄၉)
ကိုမျိုးမင်းဦး(ခ)ကိုမျိုး (၀၁၀-၈၇၂၉-၁၈၇၂)
ကိုခင်ဇော်ဦး(ခ)လူမင်း (၀၁၀-၄၉၉၆-၆၇၉၀)
ကိုအုန်းသီး (၀၁၀-၅၆၉၅-၆၆၉၉)

Nge..... .ငွေ...... ငွေ...... ငွေ............



**လောကကြီးမှာ လူတွေက ပြောကြတယ် (money is second god ) တဲ.( ငွေဟာဒုတိယဘုရားသခင်တဲ.)-- အခုကြပြန်တော.လဲလူတွေက ငွေဟာ-- ဘုရားသခင်ထက်တောင် -- တန်ခိုးကြီးတယ်လို. -ယူဆလာကြပြန်ပြီ--ရှာလိုက်ကြတဲ.ငွေတွေ အချိန်ရှိသရွှေ.ပါပဲ ဘာကြောင်.လဲ-? (ငွေရဲ.တန်ဖိုးကို သိလို.ပေါ.) --ဒါပေမဲ.လူတွေက( တရားကိုရော ဘာကြောင်.မရှာကြတာလဲ-မသိချင်ကြတာလဲ-?)ရှင်းရှင်းလေးပါပဲ တရားရဲ.တန်ဖိုးကို မသိကြလို.ပေါ.--ဒါပေမဲ.လေ (တရားနဲ.---ငွေ)ရဲ.တန်ဖိုးကိုနှိုင်းယှဉ်ကြည်.လိုက်ရင် သမုဒ္ဒရာ ကြီးတွေရဲ.အကျယ်အဝန်းပမာဏက (တရားပေါ.) -- အပ်ကလေးတစ်ချောင်း--ရဲ.အဖျားလေးကို ရေထဲမှာနှစ်ပြီး ခါချလိုက်ပါ --ကျလာတဲ. ရေစက်ကလေးရဲ.ပမာဏက--(ငွေ ပါ)--ဒါပေမဲ.(ဘဝ--အနေကိုပဲ ရှာနေကြဆဲ လူတွေ --ဘဝ-အဖြေ--ကိုလဲရှာနိုင်သိနိုင်တဲ. ) အခြေအနေကို-ရောက်ဖို. လို--မလို သင်.ဥာဏ်ဖြင်. ချိန်ထိုးဆင်ခြင် ကြည်.နိုင်ပါစေ--**

Wednesday 12 September 2012

မိခင်ကြီးအား၇ည်းစူးကုသိုလ်အလှူဖိတ်ကြားခြင်း

ကျွန်တော်များ၏ ချစ်လှစွာသော အနန္တဂိုဏ်းဝင်ဖြစ်သော မွေးမိခင်ကြီး မြင်းခြံမြို့နယ် ဒါးကျွန်းရွာမှ ဒေါ်ညွန့်ငွေသည် လွန်ခဲ့သော နှစ်လက ပြောင်းသွား ကွယ်လွန်သွားခဲ့ပါသည်။
မိခင်ကြီးအား လွမ်းဆွတ်သတိရသည့်အနေအားဖြင့်လည်းကောင်း မြတ်ဗုဒ္ဓ၏ အဆုံးအမတော်နှင့် အညီ သားသ္မီးများ ပြုကျင့်အပ်သည့် ဝတ္တရားရှိသည့်အားလျော်စွာ ကုသိုလ်ကောင်းမှုကို ဆည်းပူးပြီး ထိုရရှိဆည်းပူးအပ်သော ကုသိုလ်အဖို့ ဘာဂကို ကွယ်လွန်သွားသူ မိခင်ကြီးအား အမျှအတမ်းပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါသည်။
သို့ ပါ၍ လာမည့် တနင်္ဂနွေနေ့ (၁၆၊ ၉၊ ၂၀၁၂) တွင် ကျွန်တော်များကိုးကွယ်ဆည်းကပ်ရာ အန်ဆန်းမြို့  သန္တိကရဝိဟာရ၌ သံဃာတော်အရှင်မြတ်တို့ အား ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ ကို ဆက်ကပ်၍ ကြွရောက်လာကြမည့် ဧည့်ပ၇ိတ်သတ်အပေါင်းအား ဧည့်ခံကျွေးမွေး ကုသိုလ်ပြုလုပ်ကာ တရားတော်နာ အမျှပေးဝေမှုကို ပြုလုပ်လိုပါသဖြင့် သူငယ်ချင်း မိတ်သင်္ဂဟအပေါင်းတို့ အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကြွရောက်လာသော မိတ်ဆွေအပေါင်းအသင်းများအား အမေ့လက်ရာ အလွမ်းပြေ မြန်မာ ထ္မင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါမည်။
တရားနာေ၇စက်ချ အမျှပေးဝေမှုကို သင့်လျော်သောအချိန်တွင် ပြုလုပ်မည်ဖြစ်ပါ၍ စောစောကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ထွန်းထွန်းမင်း နှင့် လှမင်းထိုက်