Sunday 18 November 2012

မင်္ဂလာဦး ဆွမ်းကျွေးအလှူဖိတ်ကြားလွှာ


မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက် လမ်းမတော်လမ်းနေ ဦးကောင်းညွန့် + (ဒေါ်ခင်စီ)တို့၏ သား မောင်ကောင်းကျော်(ခ)မောင်ဝ င်းကျော်ကျော် နှင့် ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်းရပ် သူကြွယ်လမ်း ဌေးကြွယ်(က)ရပ်ကွက် အမှတ်(၁၅) လေးလွှာနေ ဦးခင်မောင်မြင့်+(ဒေါ်အီးဒီစိမ်း(ခ)ဒေါ်မြစိမ်း)တို့၏ သမီး မယုယုကျော် တို့၏ မင်္ဂလာသီးအလှူအဖြစ် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းနေ့ဆွမ်းများဖြင့်ဆပ်ကပ်လှူဒါန်းပြီး ကြွရောက်လာသောရပ်နီးရပ်ဝေးမှ မိတ်သင်္ဂဟအပေါင်းတို့အား ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသောကြောင့် ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ။

နေ့ရက်။ ။ နိုဝင်ဘာလ ၂၅ရက်(တနင်္ဂနွေနေ့)

နေရာ။ ။ သန္တိကရဝိဟာရ(အန်ဆန်းကျောင်း)

အချိန်။ ။နံနက်၉နာရီမှ နေ့လည် ၁နာရီ

ဧည့်ခံကျွေးမွေး။ ။ မြန်မာထမင်းဟင်း

လေးစားစွာဖြင့်==>မောင်ကောင်းကျော်(ခ)မောင်ဝင်းကျော်ကျော်+မယုယုကျော်

Sunday 11 November 2012

ကထိန်အောင်ပွဲ ဆင်နွဲခဲ့ကြ

ပထမဆုံးအကြိမ် ပြုလုပ်အပ်သော သန္တိက၇ဗုဒ္ဓဝိဟာ၇ကျောင်း၏ စုပေါင်း ဘုံမဟာကထိန်ပွဲကို အဆင်ပြေချောမွေ့ စွာဖြင့် အောင်မြင်ပြီးမြှောက်ခဲ့ပါပြီ။
ကျောင်းတော်၌ ကိုးကွယ်ပူဇော်ထားသော ဗုဒ္ဓရုပ်ပွါးတော်နှင့်ကျောင်းဆောင်တော် အလှူဒကာများဖြစ်ကြသော "စိတ္တသာမဂ္ဂီ သူငယ်ချင်းများ တစ်စု" မှ မတည် လှူဒါန်းမှုနှင့် အများကောင်းမှုဖြင့ှ်ု ပေါင်းစုကာ ပြုလုပ်အပ်သော စုပေါင်းဘုံမဟာကထိန်သို့ ကြွရောက် အလှူခံတော်မူကြသော ဘူဂဲ၌ သီတင်းသုံး သာသနာပြုနေသော ဆရာတော် ဦးသောဓန နှင့် ဦးဓမ္မဂန္ဓ (ကိုရီးယား)၊ ဆရာတော် ဦးသီလ (ဖားအောက်ဆရာတော်၏ တပည့်)၊ ဓမ္မဒူတကျောင်းမှ ဦးကိတ္တိသာရ၊ ဂွါချွန်းမြို့ ဗောဓိဆုကျောင်းမှ ဆရာတော် ဦးဗုဒ္ဓ၇က္ခိတ၊ ဟုန်းချွန်းမြို့ မှ ကို၇ီးယားဘိက္ခုနီ နှင့် ဧည့်ပ၇ိသတ်အပေါင်းအား အထူးကျေးဇူးအထူးတင်ရှိပါကြောင်း ကထိန်အောင်ပွဲ ကုသိုလ်တော်မှတ်တမ်းေ၇းထိုးအပ်ပါသည်။

ဆရာတော်သံဃာတော်များနှင့် အလှူရှင်အပေါင်း ဧည့်ပ၇ိသတ်အပေါင်းအား ကျန်းမာချမ်းပါစေကြောင်း ဆိုတောင်းပတ္ထနာပြုအပ်ပါသည်။
မှတ်ချက် = အလှူရှင်စာရင်းကို ကြည့်ရှု၍ သဒ္ဓါပွါးလို သူများအတွက် နောက်မှ ကျောင်းဆိုက်တွင် ကြည့်ရှု့နိင်ပါကြောင်း (သို့မဟုတ်ပါက) ကျောင်းကိုေ၇ာက်လာသည့်အခါ ကြည့်ရှု့နိုင်၇န် ကြော်ညာသင်ပုန်းတွင် ကပ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသညါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
မေတ္တာဖြင့်
သန္တိက၇ေုဒ္ဓဝိဟာရဆရာတော်

Saturday 3 November 2012

ပထမအကြိမ် စုပေါင်းဘုံမဟာကထိန်အလှူတော် ဖိတ်ကြားလွှာ

ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ
၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် (11.11 2012) တနင်္ဂနွေနေ့ တွင် ကျောင်းကော်မတီအဖွဲ ၊့ ဘုရားအလှူရှင်
“စိတ္တသာမဂ္ဂီ” သူငယ်ချင်းများနှင့် အားလုံးစုပေါင်း၍ သံဃာတော်အရှင်သူမြတ်များနှင် ဧည့်ပ၇ိသတ်အပေါင်းအား ကိုရီးယားဘူဖေးဖြင့် အာဟာရဒါနပြု၍ အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ ၌ ပထမအကြိမ်စုပေါင်း ဘုံမဟာကထိန်အလှူတော်မင်္ဂလာပွဲ ပြုလုပ်မည်ဖြစ်ပါ၍ တစ်ဦးချင်းသော်လည်းကောင်း၊ သူငယ်ချင်းများစုပေါင်း၍သော်လည်းကောင်း သင်္ကန်းစသည်၊ လှူဒါန်းဖွယ်ရာ အဖြာဖြာနှင့် ဆွမ်းဆက်ကပ်မှုအတွက်လည်း သဒ္ဓါတတ်အား နည်းများမဆို လာရောက်လှူဒါန်း ကုသိုလ်ပွါးများနိုင်ရန် နိုးဆော်တိုက်တွန်းလျက် ကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။ ပဒေသာပင်သီးလိုသူများအတွက်လည်း ပဒေသာပင်စီစဉ်ထားပါသဖြင့် ကြိုက်နှစ်သက်ရာ ပစ္စည်းများ အသီးသီးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး

ပရိက္ခရာအစုံ ၅၀,၀၀၀ ဝမ်
တိစီဝရိတ် ၃၀,၀၀၀ ဝမ်
သင်္ကန်းဒွိစုံ ၂၀,၀၀၀ ဝမ်
ခြုံထည် ၂၀,၀၀၀ ဝမ်
ထီး, ဘိနပ်, ယပ် ၅, ၀၀၀ ဝမ်စီ
သပိတ် ၁၀,၀၀၀ ဝမ်

ကိုယ်တိုင်လာေ၇ာက်၍သော်လည်းကောင်း၊ အောက်ပါ ကျောင်းအဖွဲ့ ဝင်များထံသို့  ကြိုတင်၍သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
*ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆) *ကိုဖိုးထောင် (၀၁၀-၅၅၉၅-၆၆၄၉)
*ကိုလွင်အောင် (၀၁၀-၉၄၅၂-၇၄၇၅) *ကိုယဉ်ထွေး (၀၁၀-၂၆၂၁-၉၂၄၃)
*ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉-၀၃၂၄ * ကိုမောင်မောင်-လမင်းအိမ် (၀၁၁-၄၇၂-၂၈၃၈)

နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့ လည် - ၁ နာ၇ီတွင်ေ၇စက်ချ တရားတော်နာ
ဧည့်ခံမှု - ကိုရီးယားဘူဖေးဖြင့် မနက် ၁၁ နာရီမှစတင်၍ ဧည့်ခံပါမည်

ကျောင်းအကျိုးတော်ဆောင်အဖွဲ့ 