Monday 31 December 2012

ဂိလာန၇ဟန်းကို လှူဒါန်းလျင်

ဂိလာန၇ဟန်းကို လှူဒါန်းလျင်

မြန်မာနိုင်ငံမှ ဆရာတော် ဦးဇာဂရသည် ကျောက်ကပ် အတွင်းရှိနေသာ ကျောက်များကိုထုတ်ပြစပြီ်း၊ ဆေးကုသမှု ခံယူ၇န် ကို၇ီးယားသို့ေ၇ာက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကုသမှု ပြုလုပ်ခဲ့ပါသော်လည်း အဆင်မပြေမှုများရှိနေမှုကြောင့် ကို၇ီးယားတစ်ယောက်၏ အကူအညီဖြင့်ေ၇ာက်လာပြိး ဆေးရုံတက်ခဲ့ပါသော်လည်း အခက်ခဲများ ဆက်ရှိနေသေး၍ ဆေးရုံပြောင်းရွှေ့ ကုသမှုကို ခံယူလျက်ရှိပါသည်။ ဆေးကုသစ၇ိတ်မှာ ထင်ထားသည်ထက် ပိုကုန်ကျမှု ရှိနေပါသည်။
ဆေးကုနေသော ရဟန်းတစ်ပါးကို လှူဒါန်းမှုနှင့် ပါတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အနည်းငယ်ကို သိစေလို စေတနာ သဒ္ဓါ ပွါးတိုးစေလိုသောကြောင့် ဒီစာလေးကိုေ၇းခြင်းဖြစ်ပါသည်။ စာေ၇းဆ၇ာလို မဖွဲ့ တတ်ပါ။ သိစေချင်တာကိုသာ တင်ပြပေးခြင်းလို့ ရိုးသားစွာ ဝန်ခံပါ၇စေ။

ဗုဒ္ဓသာသနာမှာ ကျောင်းအမကြီး ဝိသာခါဆိုရင် မသိသူ ရှိမယ်မထင်ပါဘူး။ သာသနာတော်မှာ ထင်ရှားတဲ့သူ၊ သံဃာတော်တွေရဲ့ အားကိုးမှုကိုလည်း ရရှိသူ၊ သာသနာ့မိခင်သဖွယ်လည်းဖြစ်တဲ့ ဒါယိကာမကြီး ဖြစ်ပေသည်။ သံဃာတော်အတွက် လိုအပ်မယ်ထင်သောအ၇ာများကို ခွင့်ပြုချက်၇ရှိအောင် မြတ်စွာဘု၇ားအထံ တောင်းခံပေးခဲ့သည်။ များသောအားဖြင့် လူတိုင်းဆုတောင်းကြရာမှာ ကိုယ်ဖြစ်ချင်၊ လိုချင်တာကို ဦးစားပေးတောင်းခံကြလေ့ရှိခြင်းဟာ သတ္တဝါတိုင်းရဲ့ သဘာဝပါ။ ဒါပေမဲ့ ဒီဒါယိကာမကြီးကတော့ ထိုသို့ မဟုတ် သံဃာတော်များအတွက်စဉ်းစားကာ တောင်းခံခဲ့သည်။ ဝိသာခါ ဒါယိကာမကြီး၏ တောင်းဆု ရှစ်ခုကို ဝိနည်း ပိဋ္ဋကမှာ ဒီလိုဖေါ်ပြထားပါတယ်-
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည်
၁။ သံဃာတော်အား အသက်ထက်ဆုံး မိုးေ၇ခံ သင်္ကန်းလှူလိုပါ၏။
၂။ ဧည့်သည်အာဂန္တုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွား၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၎။ သူနာ (ဂိလာန) ရဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၆။သူနာ (ဂိလာန) ၇ဟန်းတို့ အား ဆေးလှူလိုပါ၏။
ရ။ အမြဲ ယာဂုလှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏။
ဒီလို တောင်းဆုကို ကြည့်မယ်ဆို၇င် သူ့ အတွက်တောင်းဆိုတာ တစ်ခုမှ မပါပါ။ သူတစ်ပါး ချမ်းသာ အဆင်ပြေစေေ၇းအတွက်သာ တောင်းဆုပြုခဲ့ခြင်းသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဘယ်အကျိုးကို မျော်ကိုးပြီး ဒီဆုကို တောင်း၇သလဲဆိုတော့ တစ်ခုစီကို အကြောင်းပြပေးထားပါတယ်။ နေမကောင်းတဲ့ ရဟန်းကို ဆေးလှူတာနဲ့ ပါတ်သက်လို့  ဖြေလိုက်တာက ရိုးရိုးလေးပါ။ “နေမကောင်းတဲ့ ၇ဟန်းတွေ သင့်တင့်တဲ့ဆေးကို မ၇၇င် ရောဂါလည်း ပိုဆိုးနိုင်တယ်၊ သေလည်းသေနိုင်ပါတယ်။ လိုအပ်တဲ့ဆေးကို ၇ရှိ၇င် ရောဂါလည်း သက်သာနိုင်၊ မသေနိုင်ပါဘူးတဲ့။ “
ဒီလို အတွေးလေးတွေများ ရှိဖူးပါသလားလို့ စဉ်းစားကြည့်ဘို့ ပါ။

ဒီလို အတွေး အမြဲရှိဘို့ မဖြစ်နိုင်ပေမဲ့ အခွင့်ကြုံ၇င်တော့ ရှိသင့်ပါတယ်။ “အခွင့်သာခိုက်မူ၊ ရအောင်ယူ၊ ထိုသူပညာရှိ” လို့ ပညာရှိများ မှာထားတဲ့စကား အရှိမဟုတ်ပါလား။
ခုတော့ ဒီအခွင့်အရေး ညီအစ်ကိုတို့ လက်တစ်ကမ်းကိုေ၇ာက်နေပါပြီ။ လိုအပ်နေတဲ့ နေရာတွေ များမှန်းသိပေမဲ့ ထိုအထဲမှ တစ်ခုလို့ ဆိုပါရစေ။ ဝိသာခါ ဒါယိကာမကြီး တွေးသလို တွေးကြည့်မယ်ဆိုရင် အကယ်၍များပေါ့ (ဖြစ်တော့မဖြစ်နိုင်ပါ) ကုသမှုစ၇ိတ်မလုံလောက်လို့  လိုအပ်တဲ့ ဆေးကုသမှုကို မ၇ဘူးဆို၇င် အခက်အခဲကို စဉ်းစားလို့ မ၇နိုင်အောင်ပါပဲ။ ကုသမှု ပြီးဆုံးပြီး ကျန်းမာလာ၇င် သာသနာ့အကျိုးကို ဆထက်တိုးလို့ လုပ်ဆောင်နိုင်သလို အများကောင်းကျိုးအတွက်လည်း လုပ်နိုင်မှာ အမှန်ပါ။ ဆရာတော် လက်ရှိလုပ်နေတဲ့ ရပ်ရွာလုထုကို ဆေးကုပေးမှု အပါအဝင် လူမှုေ၇းလုပ်ငန်းတွေကို ပိုပြီးလုပ်နိုင်ဘို့ ဆို၇င် ကျန်းမာဘို့ လိုတယ်မဟုတ်ပါလား။ ဝိသာခါရဲ့ အတွေးမျိုး တွေးစေချင်လို့ ပါ။

မြတ်စွာဘု၇ားကိုယ်တော်တိုင်ကလည်း “ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ။” ၇ဟန်းတို့ ငါဘုရားကို ပြုစုလုပ်ကျွေးသော ၇ဟန်းသည် နာဖျားသော ၇ဟန်းကို ပြုစုလုပ်ကျွေး၇ာ၏။ တဲ့။ ခုချိန်မှာ ဘု၇ားကိုယ်တော်ကို ပြုစုလုပ်ကျွေးဘို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အ၇ာပါ။ ဒါပေမဲ့ ဂိလာန၇ဟန်းကို ပြုစုလုပ်ကျွေးချင်တယ်ဆိုရင်တော့ လက်၇ှိမှာ ၇နိုင်တဲ့ အ၇ာဖြစ်ပါတယ်။ ဗုဒ္ဓ၇ဲ့  စကားတော်ကို လိုက်နာရာလည်းေ၇ာက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်း၇ာလည်းေ၇ာက်တဲ့အတွက် ကောင်းမြတ်တဲ့ အလုပ်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ စကားကိုမမေ့ဘဲ အခွင့်အေ၇းကို လက်မလွှတ်ကြစေဘို့ပါ။

အလှူခံမဲ့ ပုဂ္ဂိုလ်ဘက်ကို ကြည့်မယ်ဆို၇င်လည်း ၇ဟန်းတော်တစ်ပါးဖြစ်သည့်အတွက် သံဃာ့ဂုဏ်ကို အာရုံပြုလို့ လှူဒါန်းနိုင်ပါတယ်။ “သံဃေ ဒန္နံ မဟပ္ဖလံ” သံဃာကို လှူဒါန်းခြင်းသည် အကျိုးကြီးမြတ်ပေသည်။ လို့  ဗုဒ္ဓမိန့် မှာချက်လည်း ရှိထားသောကြောင့် များမြတ်သော အကျိုးကို ၇ရှိမှာ အမှန်ပါ။

ဝိသာခါ ဒါယိကာမကြီး၏ အတွေးမျိုးတွေးလို့ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ဂိလာန ရဟန်းကို တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့် ကြီးမြတ် များပြားသော အကျိုးကို ရရှိနိုင်စေဘို့  တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

နှစ်သစ်မှာ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ချမ်းသာမှု နှင့်အတူ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေကြောင်း
မေတ္တာများဖြင့်
သန္တိက၇ဝိဟာရဆ၇ာတော်
အန်ဆန်း
(ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ)

Thursday 27 December 2012

မုချ လှမည်မှတ်

* ကိုယ့်ကျိုး၊ သူ့ ကျိုး၊
တိုင်းပြည် ကျိုးနှင့်၊
အမျိုးဘာသာ၊ သာသနာ အကျိုး၊
ပွါးတိုးစေမှု၊ လုပ်ကျွေးပြုမှ ဒို့ ဘဝ၊
မုချ "လှ" မည်မှတ်။

------------------
Absolute Beauty

* Our life will be in absolute beauty,
if we work for the welfare of
ourselves, of others, of the state,
of the nation.

ွှအရှင်နန္ဒမာလာဘိဝံသ

=====================================================================================


လောကမှာ ရုပ်၇ည်လှပရင်၊ အပြင်အဆင်ကောင်းရင် အဝတ်အစား သားနားရင် လှတယ်လို့ ဆိုတတ်ကြ၏။
ရုပ်မလှကြပေမဲ့ လှတယ်လို့ အပြောခံကြ၇သူတွေ လောကမှာ အများသား။
ရုပ်မလှပေမဲ့ စိတ်ဓါတ်လှသူတွေကို လောကမှာ အလှပိုင်ရှင်လို့ သတ်မှတ်ကြတယ်။
ရုပ်လှသူတွေအနားမှာ ပေါင်းသင်းချင်ကြ မိတ်ဖွဲ့ ချင်ကြ ချစ်ခင်ပေါင်းသင်းချင်ကြသူတွေ အများသား။
ရုပ်သာ မလှလို့ ကတော့ လှည့်တောင်မကြည့်ချင်ကြ။
သို့ ပေမဲ့လည်း...
ကိုယ့်ကျိုးမငဲ့ အများအကျိုးကို ဆောင်၇ွက်ကြသူတွေ
လောကအတွက် ကိုယ့်လူမျိုးအတွက်
ကိုယ့်ဘာသာအတွက်တတ်စွမ်းသမျှ လုပ်ဆောင်နေကြသူတွေကတော့
ရုပ်မလှပေမဲ့ ချစ်သူခင်သူ ရင်းနှီးချင်ကြသူတွေ အများသား
အကြောင်းကတော့ ရှင်းပါတယ်
သူတို့ဟာ တကယ်ကို လှကြသူတွေမို့ပါ။
အားလုံး 'လှ' ကြပါစေ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆ၇ာတော်

Thursday 13 December 2012

လောကဓံ ကြံ့ကြံ့ခံ

* ဥစ္စာ ဓန၊ လိုတာရ၊
'လာဘ' လောဓံ။
လိုတာမ၇၊ 'အလာဘ'၊
မှတ်ကြ လောကဓံ။

* ခြံ၇ံများမူ၊ 'ယသ'ဟူ၊
မှတ်ယူ လောကဓံ။
ခြံ၇ံကင်းပ၊ 'အယသ'
မှတ်ကြ လောကဓံ။

* ချီးမွမ်း ထောမနာ၊ 'ပသံသာ'၊
မှတ်ပါ လောကဓံ။
ကဲ့၇ဲ့တစ်ဖြာ၊ ကြုံ၇တာ၊
'နိန္ဒာ'လောကဓံ။

* ကိုယ် စိတ် နှစ်ဝ၊ ချမ်းသာရ၊
'သုခ' လောကဓံ။
ဆင်းရဲပြန်မူ၊ 'ဒုက္ခ'ဟူ၊
မှတ်ယူ လောကဓံ။

* ကောင်း ဆိုး နှစ်လီ၊
ထို ဤ ကြုံပြန်၊
လောကဓံကို၊
သိဥာဏ်ရှေ့ထာား၊
မခြောက်ခြားနဲ့ ၊
ကြီုးစားတွန်းလှန်၊
ကြံ့ကြံ့ခံ။
(အရှင်နန္ဒမာလာဘိဝံသ)
========================================================================
withstanding Lokadham

* Gaining what one wants is a Lokadham,
Not gaing what one wants is a Lokadham,

* Getting fame is a Lokadham,
Not getting fame is a Lokadham,

* Being praised is a Lokadham,
Bding blamed is a Lokadham,

* Bliss is a Lokadham,
Suffering is a Kokadham,

* When faced with good and bad,
State of the world,
Do not get excited,
Be wise and withstand it,
With effort.
(Ashin Nandamalabhivamsa)
========================================================================

လောက သူသားတိုင်း အကောင်း အဆိုး လောကဓံကို ကြုံတွေ့ ကြ၇စမြဲပါ။ သူလို ကိုယ်လို သာမန်လူသားမဆိုထားနဲ့  ဗုဒ္ဒကိုယ်တော်တိုင်တောင် ဒီလောကဓံတွေက ပြေးလို့ မလွတ်ခဲ့ပါဘူး။ ကဲ့၇ဲ့ရှုံ့ချမှုနဲ့ ပါတ်သက်လို့  တိတ္ထိဆ၇ာတွေနဲ့  သူ့တပည့်တွေက အမြဲ့ပဲ ဆန့်ကျင်ဘက်ပြော ကဲ့ရဲ့ သဂြိုဟ် အပြစ်ဆိုကြတာ မိုးလုံးပြည့်ရုံမက လျှံထွက်လောက်အောင်ပါပဲ။ လူအများသိကြတဲ့ စိဉ္စမာန ဟာ လူပုံအလယ်မှာ ဗုဒ္ဒကို အရှက်၇အောင် စွပ်စွဲခဲ့မှုဟာ အထင်အရှားပေါ့။
အခြံအရံနဲ့ ပါတ်သက်လို့ လည်း အရှင်အာနန္ဒာမထေ၇် ပုံမှန်အလုပ်အကျွေးအဖြစ် တာဝန်မယူသေးမီ တချို့ရဟန်းတွေဟာ တပည့်တော် အလုပ်အကျွေး မလုပ်နိုင်တော့ဘူးဆိုပြီး ဗုဒ္ဒကို ပြစ်ထားခဲ့လို့  ဒုက္ခတွေနဲ့  ကြုံခဲ့၇သေး။
ပုထုဇဉ်တွေအတွက်ကတော့ လောကဓံကို အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ ကြုံတွေ့ နေကြ၇စမြဲပါ။
အကောင်း လောကဓံနဲ့ ကြုံ၇၇င်တော့ ဒါကို လောကဓံလို့ မထင်ကြပဲ ကောင်းလိုက်တာဆိုပြီ လောကဓံမှန်းသိဘို့ မေ့နေကြ။ အဆိုး လောကဓံ နဲ့  နည်းနည်းလေး ကြုံလိုက်၇ပြီဆိုမှဖြင့် ငါမှ ဒီလို လောကဓံနဲ့ ကြုံ၇လေခြင်းဆိုပြီး ဝမ်းနည်းပက်လက်ဖြစ်လို့။
အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဒါဟာ လောကဓံပဲဆိုတာကို သိဘို့လိုပါတယ်။ ပထမက သိဘို့ အေ၇းကြီးပါတယ်။ သိပြီးနောက်မှ သတိတ၇ား အသိတ၇ားနဲ့ ဆင်ခြင်စဉ်းစားပြီး ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားမလဲ၊ ကြုံလာရတဲ့ လောကဓံကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အဖြေကိုရှာ၇မယ်။
အဓိကကတော့ ကြုံတွေ့ ၇တဲ့ ကောင်းဆိုးလောကဓံကို မတုန်လှုပ်ပဲ ကြံ့ကြံ့ခံနိုင်ဘို့ပါ။ ဒီအသိလေးကို ၇ရှိစေချင်လို့ ဒီစာလေးကိုေ၇းလိုက်တာပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိက၇ဆ၇ာတော်

Sunday 9 December 2012

လောကကို အလှဆင်ခြင်း( life if beautiful)

"အလှဆင်ကြ ဒို့ဘဝ"

* ကောင်း ဆိုး လောကဓံ၊
ကြံ့ကြံ့ခံလျက်၊
သတိမကွာ၊
ပညာ မြော်မြင်၊
အလုပ်ဝင်၊
'အလှဆင်ကြ ဒို့ ဘဝ'

LIFE IS BEAUTIFUL

* Withstanding good and bad Lokadham,
Let's beautify our lives,
Energetically, mindfully and wisely.

(အရှင်နန္ဒမာလာဘိဝံသ)
======================================================================================

စာသားလေးက တိုပေမဲ့ မိဝေးဖဝေး အုပ်ထိန်းသူတွေနဲ့ ဝေးနေချိန် လောကဓံခံကို ကြံ့ကြံ့ခံလို လိုရာပန်းတိုင် အရောက်လှမ်းနေကြသူတွေအတွက် အားဆေးတစ်ခွက် ဖြစ်စေမယ် ထင်ပါတယ်။ ဒီလို ကိုယ့်ဘဝကို တိုးတက်အောင်ကြိုးစားရင် လောကကို အလှဆင်ကြတဲ့အခါ လိုအပ်တဲ့အ၇ာလေးတွေကို မမေ့ကြစေဘို့ သတိပေးထားခြင်းပေမို့  အားလုံးအတွက် အသုံးဝင်မယ်ထင်ပါတယ်။
ထိုသို့ဆိုလျင် ကူးယူဖေါ်ပြရကျိုးနပ်ပါပြီ။.....

ပါမောက္ခဆရာတော်၏ စာစုလေးများအတွက် နိဒါန်း

ဘလော့ကြီးတော့ လုပ်ထားပါ၇ဲ့ စာလည်းမေ၇းဖြစ်တော့ အားတောင့်အားနာ ဖြစ်၇၊ ရှက်မိသလိုလဲ ခံစား၇တာ အမှန်ပါ။
ကိုယ်တိုင်က မေ၇းတတ်၊ ပြီးတော့ အမှားပါသွားမှာ၊ မှားယွင်းတဲ့ အသိတွေပေးမိမှာကို စိုး၇ိမ်မှု၇ှိလေတော့ လက်မဝံ့တာ အမှန်။
ဒီလိုသာဆို ဒီဘလော့ဂ်မှာ ဘာစာမှ တွေ့ ၇ဖတ်ကြ၇တော့မှာ မဟုတ်လို့ တွေးမိလေတော့ ဟင်း ဘယ်လိုစာမျိုးေ၇းတင်၇ပါ့လို့ အတွေးတွေနဲ့ လုံးချာလည်နေတုန်း အင်း မမှားနိုင်တဲ့ မှတ်သားစရာစာသားများကို ကူးယူဖေါ်ပြ၇င်လည်းေ၇းသားသူ ဆရာတော်ကို ပူဇော်လို့ အဆုံးအမတွေကို တဆင့်မျှဝေ၇ာလည်းေ၇ာက်ပါတယ်လေလို့ စဉ်းစားမိခဲ့။

ဒါနဲ့ ပဲ စာအုပ်စဉ်က ဆရာတော်ဆီက လက်ခံရရှိခဲ့တဲ့ "ဘဝကို အလှဆင်ခြင်း" ဆိုတဲ့ စာအုပ်သေးသေးလေးကို ရှာဖွေမိရင်ပဲ တစ်ခါတည်းေ၇းတင်ပြီး ကုသိုလ်ယူဘို့ စတင်ဖြစ်လိုက်တယ်။

စာတိုလေးများကို မြန်မာလိုရော အင်္ဂလိပ်လိုပါေ၇းထားပြီး ဆရာတော်ရဲ့ တပည့်လည်းဖြစ် ဒကာရင်းလည်းဖြစ်တဲ့ ကွန်ပြူတာတက္ကသိုလ်က ဒေါက်တာ မိမိငယ် က စာစီရိုက်နှိပ်ပြီး ဓမ္မဒါနပြုထားခြင်းဖြစ်ပါတယ်။

ဆရာတော်ဟာ စစ်ကိုင်းက သုဗောဓာရုံကျောင်းနဲ့ လုံးတော်ကြီးဘုရားအကြားမှာ ရှိတဲ့မြေလွတ်နေ၇ာမှာ "ဓမ္မဝိဇ္ဇာလယ"ဆိုပြီး နိုင်ငံခြားသားတွေကို အဓိကအားဖြင့် အဘိဓမ္မာတရားတွေကို သင်ပေးတဲ့ ဌာနလေးတစ်ခု ဖွင့်လှစ်သင်တန်းပို့ ချရင်း ၇န်ကုန်က ထေရဝါဒတက္ကသိုလ်ကို စာသင်ဘို့ ရာက်လာတဲ့အခါ ဒေါက်တာမိမိငယ်၇ဲ့ သူငယ်ချင်း ဆ၇ာ၊ ဆ၇ာမတွေနဲ့ တပည့်တွေကို ဓမ္မဗဟုသုတတွေ ၇စေဘို့ ဟောပြောပို့ ချပေးခဲ့တယ်။ ထိုစဉ်က ဤစာစုလေးတွေကို ရိုက်နှိပ်ဘို့  ဖြစ်လာတယ်လို့ ထင်မိတယ်။

စာအုပ်က သေးပေမဲ့ အထဲကစာသားတွေက လေးနေတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေကို မှတ်လွယ်အောင် ရေးထားခြင်းပေကိုး။ မြန်မာလိုသာမက အင်္ဂလိပ်ပါ ပြန်ဆိုထားလေတော့ လိုအပ်သူများ အသုံးပြုနိုင်တာပေါ့။
နည်းနည်းစီ ကူယူဖေါ်ပြပေးသွားမှာမို့  ဗဟုသုတ ရှာဖွေသူများ ဖတ်၇ှု့ကြစေဘို့ အသိအေးအပ်ပါသည်။
ချက်သာစွာ အိပ်စက် နိုးထနိုင်ကြပါစေ
သန္တိက၇ဝိဟာ၇ဆ၇ာတော်