Thursday 10 January 2013

တစ်ယောက် တစ်သောင်း မြန်မာပိုင်ကျောင်း

ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံများကို မပျောက်ပျက်အောင်ထိန်းသိမ်းရင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို သင်ကြားပြသပေးကာ နိုင်ငံခြားတိုင်းပြည်၌ မြန်မာရဟန်းတော်များ သာသနာပြုနေကြပေသည်။ ထိုသို့သာသနာပြုနိင်ဘို့ နေရာဆိုတာ မရှိမဖြစ် လိုအပ်သောအရာဖြစ်ပေသည်။ တခြားနိုင်ငံတွေမှာ မြန်မာကျောင်းတော်ကြီးတွေ ဖွင့်လှစ်ကြ၊ မြန်မာယဉ်ကျေးမှုပွဲတော်တွေ ကျင်းပနေကြတာကို အမြဲပဲ ကြားနေ ဓါတ်ပုံတွေလည်း တွေ့နေ၇ပေ၏။

နိုင်ငံခြားမှာ ကျောင်းတစ်ကျောင်းထူထောင်ဘို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ ကိုယ်ပိုင်ကျောင်းဝယ်ဘို့ဆိုရင်တော့ ပိုပြီးခက်တယ်လို့ပြောရမှာအမှန်ပါ။ တခြားနိုင်ငံတွေမှာ ကျောင်းဝယ်မယ်ဆို၇င် ဘဏ်ကနေချီးငှားယူပြီး လစဉ်အတိုးပေး၊ နှစ်အပိုင်းအခြားအတိုင်း ပြန်ပေးဆပ်ပြီး တည်ထောင်လေ့ရှိကြတယ်။ အမေ၇ိကမှာဆို ကိုရီးယားမှာလောက်ဈေးလည်း မကြီးဘူးလို့ ကြားသိရတယ်။ ကိုရီးယားငွေ သိန်းလေးထောင်လောက်ဆို အဆင်ပြေနိုင်တဲ့။ ကိုရီးယားမှာ ဘဏ်ကချေးငှားပြီး ဝယ်လို့၇ မ၇ မသိပါ။ သိန်းဆယ်ထောင်(ဆယ်ဝေါ့ဂ်) လောက်ရှိတာတောင် ကိုရီးယားမှာ ကျောင်းဝယ်ဘို့ သိပ်မလွယ်သေးဘူး။

သိန်းထောင်ဂဏန်းပြောလိုက်၇င် တို့မြန်မာများ ထိပ်လန့်ကောင်းထိပ်လန့်သွားနိုင်မယ်။ ဖြစ်ချင်တဲ့ဆန္ဒသာ တကယ်ရှိမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ (ဆန္ဒရှိ၇င် မပြီးမြှောက်တဲ့ အလုပ်မရှိတဲ့) ခုတော့ မြန်မာကျောင်းတော်ကြီးတွေ ကိုရီးယားမှာ ပေါ်ပေါက်လာတာ ဆယ်စုနှစ်တစ်ခုရှိသွားပေမဲ့ ကိုယ်ပိုင်ကျောင်းဆိုတာ မရှိသေး၊ လှူသမျှအလှူငွေတွေကိုလည်း အိမ်ပိုင်ရှင်ကိုပဲ ပေးလိုက်၇တော့ အဖတ်မတင်ခဲ့။ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာပိုင်ကျောင်းဝယ်ဘို့ စတင်ခဲ့ကြတယ်။ လှူတဲ့သူတွေကြတော့လည်း သိန်းဆယ်ချီလှူကြပေမဲ့ မလှူဖြစ်သေးသူတွေလည်း ရှိနေသေးမယ်ထင်တယ်။ တချို့ကတော့လည်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယအတွေးတွေနဲ့ပေါ့။ တစ်နှစ်တည်းနဲ့ ဝယ်ဘို့မစုနိုင်ပေမဲ့ တဖြည်းဖြည်းချင်း စုဆောင်းသွားကြမယ်ဆိုရင် မကြာသောနှစ်အတွင်းမှာ ကိုယ်ပိုင်ကျောင်းဆိုတာဖြစ်လာမှာ အမှန်ပါ။ မြန်မာနိုင်ငံက လာေ၇ာက်စီးပွါးရှာကြသူအားလုံး မမေ့မလျော့ဘဲ လစဉ်သာလှူဒါန်းသွားကြဘို့ သာလိုပါတယ်။

လစဉ်လှူ၇မယ်ဆိုလို့လည်း စိတ်ပူနေစရာမလိုပါ။ တာဝန်မကြီးစေဘဲ စီစဉ်ပြီးလှူမယ်ဆို၇င် အစီအစဉ်ဟာ အထမြှောက်နိုင်ပါတယ်။ ကိုရီးယားတွင် လာရောက်စီးပွါးရှာနေကြသော မြန်မာနိုင်ငံသားအားလုံး အေ၇အတွက်ဟာ ခြောက်ထောင်ကျော်ရှိတဲ့အတွက် ကျောင်းဝယ်ဘို့ အတွက် လူတိုင်း လစဉ် ဝမ်တစ်သောင်းစီ လှူဒါန်းမယ်ဆို၇င် တစ်လလျင် လှူဒါန်းမှုဟာ ပုံမှန် သိန်းခြောက်၇ာကျော်စုမိပါလိမ့်မယ်။ တစ်နှစ်လျင် ဆယ့်နှစ်လရှိသည့်အတွက် သိန်းပေါင်း ခုနစ်ထောင့်နှစ်ရာကျော် စုမိနိုင်ပါမယ်။ ဒီလိုသာစုမယ်ဆိုရင် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း ကျောင်းတစ်ကျောင်းတော့ ဝယ်နိုင်မှာအမှန်။ ကျောင်းမဝယ်မီ လက်ရှိကျောင်းတွေ ဆက်လက်တည်တံ့ဘို့အတွက် ပုံမှန်ထောက်ပံ့နေကြအတိုင်း ထောက်ပံ့ဘို့လည်း မေ့နေလို့ မဖြစ်ပေ။ ဒီ့အတွက်လည်း ပုံမှန် လစဉ် တစ်သောင်းစီ (သို့ မဟုတ်) ငါးထောင်စီသာ လှူနေကြရင် ကျောင်းတွေ ရပ်တည်ဘို့အတွက်လည်း စိတ်ပူပန်နေစရာ လိုမယ်မထင်။

လစဉ်တစ်သောင်းဆိုသော အလှူငွေဟာ တကယ်တော့ မများသော အေ၇အတွက်သာဖြစ်ပါသည်။ မလှူနိုင်သော ငွေကြေးမဟုတ်ပေမဲ့ လှူဖြစ်ဘို့ မေ့ကြလို့သာပါ သို့မဟုတ် လှူပုံလှူနည်းကိုမသိလို့ သို့မဟုတ် စီစဉ်ပေးမဲ့သူ၊ ဦးဆောင်သူ မရှိလို့ သာပါ။ ခုဆို၇င် ကိုယ်ပိုင်ကျောင်းဝယ်နိုင်ရန် စီစဉ်နေကြပြီမို့ လှူဒါန်းကြဘို့သာ လိုပါတယ်။ မြန်မာနိုင်ငံသားတိုင်း ပုံမှန်သာလှူဒါန်းနေကြမယ်ဆိုရင် မဝေးတော့သော အချိန်မှာ ကိုယ်ပိုင်မြန်မာကျောင်းတွေ ကိုရီးယားမှာ သုံးနှစ်တစ်ကျောင်းနုံးဖြင့် နေရာတိုင်းမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။
တခြားနိုင်ငံတွေမှာ မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းတွေ ထူထောင်ကြသလို ကိုရီးယားမှာလည်း ထွက်ပေါ်လာဘို့  မခဲယဉ်းဘူးဆိုတာ တို့ရွှေမြန်မာအားလုံး သတိရှိနေကြမယ်ဆို၇င် “တစ်ယောက်တစ်သောင်းနဲ့ မြန်မာပိုင်ကျောင်း”ဆိုတဲ့ အစီစဉ်ကို မကြာတော့သော အချိန်အတွင်းမှာ ထွက်ပေါ်လာမှာ အမှန်ဖြစ်ကြောင်း စိတ်ကူးသစ်၊ ကုသိုလ်စိတ်တွေနဲ့ ၂၀၁၃-ခုကို ကြိုဆိုနိုင်စေဘို့ အမျိုးသားအရေး အကျိုးမျှော်ကာ နိုးဆော်တိုက်တွန်းလိုက်ပါသည်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

ဦးသုဝဏ္ဏ (ကောလင်း)
သန္တိကရဝိဟာရကျောင်း
အန်ဆန်းမြို့

Sunday 6 January 2013

မွေးနေ့အလှူမင်္ဂလာ ဖိတ်ကြားလွှာ



အနန္တဂိုဏ်းဝင် မိခင် ဖခင်တို့ ၏ အနှိုင်းမဲ့ဂုဏ်ကို အာရုံပြုကာ ကျေးဇူးဆပ်လိုသည့်အနေ၊ အမျအတမ်းပေးဝေလိုသည့်အနေဖြင့် အနန္တငါးပါးကိုဦးထိပ်မှာ ပန်ဆင်လျက် လာမည့် တနင်္ဂနွေနေ့တွင် သန္တိကရဝိဟာရကျောင်းဆ၇ာတော် ဦးသုဝဏ္ဏ (ကောလင်း)၏ (၄၃) နှစ်မြှောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့ အား နေ့ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းအား အာဟာရဒါနပြုလုပ်ကာ သံသ၇ာ၇ိက္ခာကို ထုပ်ယူလိုပါ၍ မိတ်ဟောင်း မိတ်သစ်အပေါင်းတို့ အား ခင်မင်ရင်းနှီး နွေးထွေးစွာဖြင့် ကြွရောက်ကြပါ၇န် ဖိတ်မန်အပ်ပါသည် သူတော်ကောင်းအပေါင်းတို့ ….

အစီအစဉ်

ဧည့်ခံမှု - ဆိတ်သား ပလာတာ
အချိန်နှင့် နေ့ ၇က် - (၁၃၊ ၁၊ ၂၀၁၃) တနင်္ဂနွေနေ့ ( မနက် ၁၀း၀၀ မှ စ၍)
တရားဟော-နာယူမှု - နေ့ လည် ၁၂း ၃၀
နေရာ - သန္တိကရဝိဟာရကျောင်းတော်၊ အန်ဆန်းမြို့