Monday 24 February 2014

ဝမ်းမြှောက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် သာဓုခေါ်နိုင်၇န်

ဝမ်းမြှောက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် သာဓုခေါ်နိုင်၇န်


တောင်ကိုရီးယားနိုင်ငံ အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း တည်ထောင်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၃.၂.၂၀၁၄) တနင်္ဂနွေနေ့က ကုသိုလ်ပြုဆွမ်းကပ်အလှူကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

ဗူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းမှ ဦးကိတ္တိသာရ၊ ဦးကဝိသာရတို့ ကြွရောက်ချီးမြှောက်ကြသည်။
ဆရာတော် ဦးဥတ္တရမှ မီးရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာအစစ်ဖြစ်ဘို့ ဗုဒ္ဓါနုဿတိဘာဝနာပွါးများဘို့။
 ဦးကတ္တိမှ မညီတာတွေ လိုက်မညှိဘို့ ညီစေချင်ရင် ကိုယ်တိုင်က ဗြဟ္မစိုရ်တရား ကိန်းအောင်ကြိုးစားရင်း အားလုံးညီညွတ်လာ အဆင်ပြေလာမည်ဖြစ်ကြောင်း။ 
ဦးကဝိသာရမှ ရှုပ်ထွေးတဲ့ လောကထဲမှာ ကိုယ်ကမရှုပ်ထွေး ပြဿနာတွေမဖြစ်အောင် နေနိုင်ကြဘို့ အသီးသီး သြဝါဒ ပေးခဲ့ကြသည်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ တောင့်တမှုတွေ လိုချင်မှုတွေ ပြည့်ဝနိုင်ဘို့ဆိုရင် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးပါးရှိအောင် ကြိုးစားကြဘို့။ ရှိရင် ဆန္ဒတွေပြည့်ဝနိုင်ကြောင်း အနုမောဒနာဟောကြားပြီး ရေစက်ချ အမျပေးဝေးခဲ့ကြသည်။

အလှူရှင်တွေကတော့ အရုဏ်ဆွမ်းကို ကွယ်လွန်သူဖခင်ကြီး ဦးစိန်ကြည်အတွက် ကိုမြတ်မင်းဦးမှလည်းကောင်း၊ နေ့ဆွမ်းကို ဘုရားအလှူရှင်များဖြစ်သော 'စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့'မှ တာဝန်ယူလှူဒါန်းခဲ့ကြသည်။

ကျောင်းနှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကုသိုလ်ယူသည့်အနေဖြင့် ဖူဆန်မြို့၌ မြန်မာပိုင်ကျောင်းအဖြစ် အသစ်ဖွင့်လှစ်တော့မည့် 'ဓမ္မယာနပြည်တော်ဦးကျောင်း'သို့ အလှူငွေ '၃၀၀,၀၀၀' ဝမ်ကို ဘဏ်မှလွဲအပ်လှူးနိုင်ခဲ့ကြပါသည်။

ကြွရောက်လှူဒါန်းကြသော အလှူရှင်များ၊ အားပေးကြသော ပရိတ်သတ်အားနှင့် ဆရာတော်များအားလုံးကို  ကျေးဇူးတင် ဝမ်းမြှောက် သာဓုခေါ်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

သန္တိကရဝိဟာရဆရာတော်
၂၄၊ ၂၊ ၂၀၁၄

Sunday 16 February 2014

ကျောင်းနှစ်ပါတ်လည် ဆွမ်းကပ်အလှူ

ကိုရီးယား၌ မြတ်ဗုဒ္ဓ၏ အဆုံးအမများကို ဟောကြားပြသရန်နှင့်  တတ်စွမ်းသမျှ မြန်မာလူမျိုးများအား ကူညီမှုပေးရန် ရည်သန်လျက် သန္တိကရဝိဟာရကို အန်ဆန်းမြို့၌ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။

  ယ္ခု ကျောင်းဖွင့်လှစ်ခြင်း နှစ်နှစ်မြှောက် နှစ်ပါတ်လည် အထိမ်းအမှတ်ကို သာသနာပြုလုပ်ငန်းများ ဆက်လက်ပြီး လုပ်ဆောင်နိုင်ဘို့ စိတ်ရည်သန်လျက် "မွေးနေ့ မွေး၇က်ကုသိုလ်ဆက် အသက်ပို၍ရှည်" ဆိုသည့်အတိုင်း ကုသိုလ်များဆထက်တိုးနိုင်စေဘို့ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းစသည့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းမှုများကို ကြိုးစားအားထုတ်ကြပါမည်။

ထိုကုသိုလ်ပြုအလှူကို ဘုရားဒကာများ ဖြစ်ကြသော "စိတ္တသာမဂ္ဂီ လူငယ်များ"မှ တာဝန်ယူပြီး မြန်မာဟင်းထ္မင်းဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းမှာ ဖြစ်သည့်အတွက် အားလုံးသော ရွှေမြန်မာများကို ကြွေ၇ာက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့၇က် - ဖေဖေါ်ဝါရီလ (၂၃) ရက် တနင်္ဂနွေနေ့
တရားတော်နာ - မနက် (၁၀) နာရီ
ဧည့်ခံမှု - မြန်မာဟင်းထ္မင်း (မနက် - ၁၁-နာရီမှစ၍)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း

ရက်လည်ဆွမ်းကပ်အလှူ


ကိုရီးယား၌ စီးပွါးရှာနေသော အန်ဆန်းကျောင်းအလှူအတန်း ဖြစ်မျြောက်အေင်မြင်စေ၇န် ချက်ပြုတ်မှု ဝေယျာဝစ္စကို အဓိက တာဝန်ယူပေးနေသော မြောက်ဥက္ကလာပမြိုနယ် တုသိတာ (၁)လမ်းနေ ကိုမြတ်မင်းဦး၏ အနန္တဂိုဏ်း ကျေးဇူးရှင်ဖခင်ကြီး ဦးစိန်ကြည် အသက် (၈၀)နှစ် သေည် (၁၅၊ ၂၊ ၂၀၁၄) စနေနေ့ နံနက် (၁၀)နာရီတွင် ဘဝတပါး ပြောင်းသွားကွယ်လွန်သွားခဲ့ပါသည်။

 ကွယ်လွန်သူဖခင်ကြီးအတွက် သားသ္မီးတို့ဝတ္တရားရှိသည့်အတိုင်း ကုသိုလ်ကောင်းမှုပြုပြီး အမျှအတမ်းပေးဝေလိုပါသဖြင့် အန်ဆန်းမြို့ သန္တိကရယိဟာရ၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းမှုကို ပြုလုပ်ပါမည်။ 

  
အချိန် - အရုဏ် မုံ့ဟင်းငါးဆွမ်း (ကိုယ်တိုင်ချက် လက်ရာ)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
နေ့ရက် - ဖေဖေါ်ဝါရီလ ၂၃ ရက်၊ တနင်္ဂနွေနေ့

Sunday 9 February 2014

မြန်မာပိုင်ကျောင်း ဖြစ်လိုလျင်

လွန်ခဲ့သော တစ်နှစ်ကျော်က တစ်ယောက်တစ်သောင်း မြန်မာပိုင်ကျောင်းဆိုပြီးတော့ မြန်မာပိုင် ဘုန်းတော်ကြီးကျောင်း ပေါ်ပေါက်လာနိုင်တဲ့ နည်းလမ်းလေးကို ရေးသားတင်ပြခဲ့ဖူးပါတယ်။ ခု ဒီစာကိုလည်း ရေးမယ်လို့ ကြံရွယ်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ခုတော့ ကိုဇာနည်ရဲ့ ဖေစ်ဘုက်ထဲကစာကို ဖတ်မိတော့မှပဲ မဖြစ်မနေ ရေးဖြစ်တော့တယ်။

ခုဆိုရင် ပထမဦးစွာ မြန်မာပိုင်ဘုန်းကြီးကျောင်းတစ်ကျောင်းတော့ ဖူဆန်မှာ ပေါ်ထွက်လာပါပြီ။ ဝမ်းသာစရာ သတင်းကောင်းပေါ့။ တကယ်က တစ်နှစ်တစ်ကျောင်းတောင် ဝယ်ချင်ရင် ဝယ်နိုင်တဲ့ အခွင့်အရေးက လက်တကမ်းမှာ ရှိနေပါတယ်။

 ကိုရီးယားမှာ ရောက်ရှိစီးပွါးရှာနေကြတဲ့ ရွှေမြန်မာတို့ရဲ့ အရေအတွက်ဟာ တစ်သောင်းကျော်သွားပါပြီ။ အဆင်ပြေသူတွေ ရှိသလို အဆင်မပြေသူတွေလည်း ရှိနေလေရဲ့။ အရင်တစ်ခါ ရေးခဲ့စဉ်က လူဦးရေခြောက်ထောင်ကျော်သာ ရှိခဲ့ပါသေးတယ်။ ခုအချိန်မှာ လူတိုင်းသာ ကိုယ့်မြန်မာပိုင်ကျောင်း    ပေါ်ပေါက်ချင်တယ်ဆိုရင် လွယ်တယ်လို့ ပြောလို့ရပါတယ်။

လူတိုင်း တစ်လလျင် တစ်သောင်းစီ လှူဒါန်းမယ်ဆိုရင် တစ်လလျင် ဝမ် သိန်းတစ်ထောင် စုနိုင်ပါလိမ့်မယ်။ ဒါဆိုရင် တစ်နှစ်ကြာလျင် သိန်းပေါင်း ဆယ့်နှစ်ထောင် (၁၂ ဝေါ့ဗ်) စုနိုင်မှာဖြစ်လို့ တစ်ကျောင်း (အဆောက်အဦးတစ်ခု)ကို ဝယ်ယူလှူဒါန်းနိုင်ပါလိမ့်မယ်။ ကြီးကျယ်လွန်းတဲ့ အဆောက်အဦးကိုတော့ မဆိုလိုပါ။

တချို့ကလည်း လစဉ်အသုံးစရိတ်တွေ လှူဒါန်းမှုတွေအတွက်ကို တွေးပြီး ပူနေကြပါသေးတယ်။ ဒီအတွက်လည်း လစဉ် သုံးထောင်စီ လှူဒါန်းကြမယ်ဆိုရင် သိန်းသုံးရာကို စုဆောင်းနိုင်မှာမို့ ကိုရီးယားမှာရှိတဲ့ ကျောင်းတိုင်းရဲ့ လစဉ်အသုံးစရိတ်အားလုံးကို မျဝေပြီး လှူဒါန်းလိုက်မယ်ဆိုရင် စိတ်ပူပန်စရာ မရှိနိုင်ပါဘူး။
ဒါကြောင့် လစဉ် လူတိုင်း တစ်သောင်း သုံးထောင်ဝမ်စီသာ လှူဒါန်းထည့်ဝင်ကြမယ်ဆိုရင် လစဉ် သိန်းပေါ်င်း တစ်ထောင်သုံးရာစီစုဆောင်းနိုင်ပြီး မြန်မာပိုင် ကျောင်းပေါ်ပေါက်ဘို့၊ လစဉ် အသုံးစရိတ်တွေကိုလည်း ထောက်ပံ့လှူဒါန်းနိုင်မှာအမှန်ပါ။

ဒီလိုနည်းဖြင့်သာ အားလုံးစိတ်ပါဝင်စားစွာ စုဆောင်း စုပေါင်းလှူဒါန်းကြမယ်ဆိုရင် တစ်နှစ်ကို မြန်မာပိုင်ကျေုာင်းတစ်ခု ပေါ်ပေါက်လာနိုင်မှာ မလွဲဧကန်ပါပဲ။
ကိုယ့်ဗုဒ္ဓဘာသာကျောင်းတွေသာ မပေါ်ထွက်လာနိုင်ပေမဲ့ သူများတွေကတော့ အရှိုရှို ပေါ်ထွက်လာနေလေရဲ့။

ကိုယ့်မြန်မာ့ဂုဏ်ဆောင် ကိုယ်ပိုင်ကျောင်းတွေ ပေါ်ပေါက်ချင်တဲ့ ကျောင်းအလှူရှင် ဖြစ်လိုတဲ့ စိတ်ကလေးသာ လူတိုင်းမှာ ရှိကြရင်ဖြင့် မကြာမီသော အချိန်တိုအတွင်းမှာ မြန်မာတို့ရဲ့ဂုဏ်ဆောင် ကျောင်းတော်ကြီးတွေကို တွေ့မြင်နိုင်ကြရမှာပါ။

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ