Tuesday 17 April 2012

နှစ်သစ်ကူးအလှူဖိတ်ကြားခြင်း

ဘုရားအနေကဇာတင်နှင့် နှစ်သစ်ကူးအလှူ
နှစ်ဟောင်းကုန်ပျောက်နှစ်သစ်ရောက်ရာ ခုလို မင်္ဂလာရှိသော အချိန်ခါသမယ၌ နှစ်ဟောင်းက အညစ်ကြေးများကို ကုသိုလ်ေ၇စင်ဖြင့် ဆေးကြောကာ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းဘို့ ရန် စိတ်ရည်သန်လျက် ကျွန်တော်များ စိတ္တသာမဂ္ဂီ (စိတ်ထားတူညီ ရွှေညီအစ်ကိုများ)အဖွဲ့ မှ စုဆောင်း၍ သန္တိကရဝိဟာရကျောင်းတော်သစ်၌ လှူဒါန်းပူဇော်ထားသော ရုပ်ပွါးတော်ကို အနေကဇာတင်ပွဲ ကျင်းပ၍ သံဃာတော်အရှင်သူမြတ်တို့ အား အရုဏ် နှင့် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုကို အမျှအတမ်း ပေးဝေပြီး၊ ကြွရောက်လာမည့် ဧည့်ပရိတ်သတ်အပေါင်းအား အုံးနို့ ခေါက်ဆွဲဖြင့်ကျွေးမွေးဧည့်ခံ ကုသိုလ်ယူလိုပါသဖြင့် ကြွရောက်ကြပါရန် ကျွန်တော်များ စိတ္တသာမဂ္ဂီ (စိတ်ထားတူညီ ရွှေညီအစ်ကိုများ) အဖွဲ့ မှလေးမြတ်စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်
၂၁၊ ၄၊၂၀၁၂ စနေနေ့ ည - ဘုရားရောင်တော်ဖွင့်
၂၂၊ ၄၊ ၂၀၁၂ တနင်္ဂနွေနေ့  မနက် ဘု၇ားအနေကဇာတင်ပွဲ
။ ၆း နာရီခန့် အရုဏ်ဆွမ်းကပ်လှူ
။ ရး နာရီခန့်  ရေစက်ချ တရားနာ
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့ (santikaravihara.blogspot.com)

No comments:

Post a Comment