Wednesday 17 April 2013

ဘု၇ားေ၇ာင်တော်ဖွင့်ကုသိုလ်


မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း နှစ်သစ်ဆုမွန်ကောင်း ဦးစွာပို့သလိုက်ပါသည်။

အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာ၇ တွင် ကိုးကွယ်ပူဇော် ကုသိုလ်ယူနိုင်၇န် စိတ္တသာမဂ္ဂီလူငယ်များ စုပေါင်း လှူဒါန်းပူဇော်ထားသော ဗုဒ္ဓရုပ်ပွါးတော်ကို လာမည့်စနေနေ့ (၂၀-၄-၂၀၁၃)တွင် ဘုရားဒကာများဦးဆောင်ပြီး ဗုဒ္ဓေ၇ာင်တော်ဖွင့်မင်္ဂလာကို ညနေ (၈)နာရီတွင် ပြုလုပ်ပြိး ဗုဒ္ဓပူဇနိယမင်္ဂလာပြုလုပ်ပါမည်။

မနက်ပိုင်းတွင် မြတ်စွာဘုရား၏ အရဟံစသော ဂုဏ်တော် အနန္တကို အာရုံပြုကာ ဆွမ်းတော်ဆက်ကပ်ခြင်း၊ သံဃာတော်တို့အား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ နှစ်သစ်မှာ ဘေးရန်အပေါင်းကင်းဝေးပြီး မင်္ဂလာအပေါင်း ခညောင်းစေဘို့ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ဆ၇ာတော်မှ အန္တရာယ်ကင်း ပ၇ိတ်တော် ၇ွှတ်ဖတ်ကာ ဓမ္မစကားပြောကြားမည်ဖြစ်ပါသည်။

နှစ်သစ်ကို ကုသိုလ်ဖြင့် ကြိုဆိုနိုင်၇န်၊ လာေ၇ာက်ကြည်ညို ကုသိုလ်အတူ ၇ယူနိင်၇န် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအပေါင်းအား နိဗ္ဗာန်အကျိုးမျှော် နိုးဆော်တိုက်တွန်း ဖိတ်ကြားအပ်ပါသည်။

မေတ္တာပေး၍ မေတ္တာကို၇ယူနိင်ကြပါစေ

No comments:

Post a Comment