Thursday 6 November 2014

ကထိန်အောင်ပွဲ ဖိတ်ကြားခြင်း

အန်ဆန်းကျောင်း ကထိန်အောင်ပွဲ

ကထိန်အောင်ပွဲ အလှူတော်ကို လာမဲ့ တနင်္ဂနွေ (၉.၁၁.၂၀၁၄)နေ့မှာ လုပ်မယ်။

 အန်ဆန်း+ဟွာဆောင်းသူငယ်ချင်းများ (အန်ဆန်းဘုန်းကြီးကျောင်းသားများ)က မတည်လှူဒါန်းပြီး စုပေါင်းကုသိုလ်ဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်တယ်။
ဒါကြောင့် ရင်းနှီးသူရော မရင်းနှီးသေးသူပါ အားလုံးကို ခင်မင်ရင်နှီးစွာ ဖိတ်ပါတယ်။

 ဒံပေါက်ထ္မင်းနှင့် ဧည့်ခံမှာ ဖြစ်ပါတယ်။
စောစောပြန်ချင်သူများ သွားစရာ လုပ်စရာ ကိစ္စရှိသူများအတွက် အဆင်ပြေစေဘို့ မနက်ပိုင်း (၁၀း၀၀)နာရီမှာ သံဃာတော်များအား လှူဒါန်းပြီး ရေစက်ချ အမျဝေကာ ဧည့်ခံကျွေးမွေးပါမည်။

ရင်းနှီးစွာအားလုံးကို လာရောက်ဘို့ ဖိတ်ခေါ်ပါသည်။

အန်ဆန်း+ဟွာဆောင်းသူငယ်ချင်းများ ကိုယ်စား
ကျောင်းအကျိုးတော်ဆောင်အဖွဲ့
သန္တိကရဝိဟာရ
အန်ဆန်း

No comments:

Post a Comment