Monday 6 August 2012

သာဓုခေါ်နိုင်ဘို့ 

ဓမ္မစကြာရွတ်ဖတ်ပူဇော်
၁၃၇၄ ခု၊ ဒုတိယ ဝါဆိုလပြည့်နေ့  နှင့် လပြည့်ကျော် (၄)ရက် (၂-၄၊၈၊၂၀၁၂) နေ့ တွင် မြတ်ဗုဒ္ဓ ဓမ္မစကြာတရားတော်ဟောကြားခြင်း ၂၆၀၁ နှစ်မြောက်နေ့  အထိမ်းအမှတ်အဖြစကိုလည်းကောင်း၊ မြတ်ဗုဒ္ဓနှင့်  ပါတ်သက်လို့ထူးခြားတဲ့ နေ့ ထူးနေ့ မြတ် အဖြစ်ကို လည်း
ကောင်း အသိအမှတ်ပြု၊ ပူဇော်သည့်အနေအားဖြင့်လည်းကောင်း ဗုဒ္ဓဘာသာကို သက်ဝင်ယု့ကြည် မြန်မာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းသည့်အနေအားဖြင့်လည်းကောင်း ဒီနေ့ နဲ့ ပတ်သက်လို့  မေ့လျော့နေကြသူတွေကိုလည်း သတိတရရှိစေချင်သည့် အနေ
အားဖြင့်လည်းကောင်း နွေရာသီအားလပ်ရက် ကုသိုလ်ပြုဘို့ ရောက်လာကြတဲ့ ညီအစ်ကိုတွေ ရွတ်ဖတ်ပူဇော်မှုဖြင့် ကုသိုလ်တိုးပွါးစေဘို့ 
ဒီနေ့ ထူးနေ့ မြတ်နှင့် ပါတ်သက်လို့  ဗဟုသုတ၇ရှိစေဘို့  ပြောပြလို့  ဓမ္မစကြာတရားတော်ကို စုပေါင်းလို့  ညီညာစွာ ရွတ်ဖတ်ပူဇော်မှု နှစ်ကြိမ်တိုင်တိုင် သန္တိကရဝိဟာ၇ကျောင်းတော်မှာ ကုသိုလ်ယူဖြစ်ခဲ့ကြပါတယ်။

ဒီနေ့ ဟာ သာမန်အားဖြင့် ဓမ္မစကြာအခါတော်နေ့ အဖြစ်လူသိများကြပေမဲ့ မြတ်ဗုဒ္ဓနှင့်ပါတ်သက်လို့  ဒီနေ့ ဟာ ထိုထက်ပိုတဲ့ ထူးခြားမှုတွေ ရှိနေတာကို အမှတ်တမဲ့ ဖြစ်လို့ နေကြတာဟာ သဘာဝလို ဖြစ်နေပါပြီ။ သိသင်တာကို မသိရင် သိအောင်မလုပ်ရင်ဖြင့် အပြစ်ဖြစ်တတ်တယ်လို့ မပြောလိုပေမဲ့ ရသင့်ရထိုက်တဲ့ အကျိုးကျေးဇူးရဘို့ အတွက်တော့ အခွင့်အရေး ဆုံးရုံးတတ်တာကိုတော့ သတိချပ်စေချင်တယ်။

*သိဒ္ဓတ္ထမင်းသားလို့ မွေးဖွါးလာမဲ့ လူ့ ပြည်လူ့ လောကကို ရောက်လာဘို့ စတင်တဲ့နေ့  တနည်းဆို၇သော် အမိဝမ်းမှာ သန္ဓေတည်တဲ့နေ့ ဟာလည်း ဒီ ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။

* ဘုရင်တို့ အရှိန်အဝါ ကောင်းပေ့ဆိုတဲ့ ခံစားမှုမျိုးစုံကို နတ်တမျှခံစားရင်း တစ်နေ့  သက်ရှိသတ္တဝါတိုင်း အထူးအားဖြင့်လူသားတွေ ရှောင်လွဲလို့ မရနိုင်တဲ့ သဘာဝတရား အိုမှု နာမှု သေမှု နဲ့  ငြိမ်းချမ်းမှုသင်္ကေတဆောင်တဲ့ ရဟန်းရဲ့ အသွင (သို့ မဟုတ်) ရဟန်းရဲ့ပကတိအေးချမ်းတဲ့ အသွင်အပြင်အမူအရာကို တွေ့ ရှိလိုက်တဲ့အခါ ထိပ်လန့် တုန်လှုပ်ပြီး အဲဒီ ဆင်း၇ဲက လွတ်မြောက်လို ထွက်ပြေးလို့ တဲ့ လူအများကိုလည်း အဲဒီ ဒုက္ခအပေါင်းက လွတ်မြောက်စေလို့ စိတ်တွေနဲ့  လွတ်မြောက်မှုလမ်းကို ရှာဖွေဘို့  လောကီအာရုံ ကာမ
ဂုဏ်တွေအားလုံးကို စွန့် လွတ်ကာ နန်းတော်က ထွက်သွားတာလည်း ဒီ လပြည့်နေပါ။

* ခြောက်နှစ်တိုင်အောင် အရိုးပေါ်အရေတင် ရှေ့ပိုင်းခန္ဓာကိုယ်ရဲ့ အေ၇နဲ့ ခန္ဓာကိုနောက်ပိုင်းမှာ ရှိတဲ့ အေ၇ဟာ တစ်ထပ်တည်းကျသလို ပင်ပန်းဆင်း၇ဲတဲ့ အကျင့်လမ်းကိုလိုက်ပြီး ဆင်းရဲအပေါင်းက လွတ်မြောက်ဘို့ အမှန်တရားကို ရှာဖွေလို့  နောက်ဆုံး မဆုပ်နှစ်သော ဇွဲ နှစ်ပေါင်းအလွန်များစွာ ဖြည့်ကျင့်ဆည်းပူးထားခဲ့သော ပါ၇မီတော်တွေကြောင့် အလုံးစုံကို သိတော်မူသော ဗုဒ္ဓအဖြစ်ကို ရောက်ရှိပြီး ပထမဦးဆုံးအနေနဲ့ အမှန်တရားသိဘို့ တရားအားထုတ်နေချိန်ေ၇ပူေ၇အေးကမ်းလှမ်းလို့  ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့ ဘုရားလောင်း
ကို သံသယတွေပွါး အထင်တွေလွဲပြီး အနားကခွါကာ ဗာ၇ာဏသီအနီး မိဂဒါဝုန်တောမှာရောက်နေတဲ့ ပဉ္စဝဂ္ဂီ ရသေ့ငါးဦးအမြင်မှန်စေဘို့  ကိလေသာ မြူအညစ်ကြေးတွေ ပယ်စွန့်နိုင်စေဘို့  ဓမ္မစကြာတရားဦးကို ဟောခဲ့တာလည်း ဒီ ဝါဆိုလပြည့်နေ့ ပေါ့။

* မြတ်ဗုဒ္ဓအဖြစ်ကိုရောက်ရှိတော်မူပြီး မှားယွင်းတဲ့အယူအဆတွေကို သင်ပြ၊ အယူဝါဒမတူသူတွေကို တိုက်ခိုက်လို့ လူအများကို လမ်းမှားပေါ်ရောက်တွန်းပို့ နေတဲ့ မိစ္ဆာအမှောင်တွေဖုံးနေတဲ့သူတွေက မြတ်ဗုဒ္ဓနဲ့  ၇ဟန်းသံဃာတွေကို စော်ကား လူအများကို လှည့်စားဘို့  သူတို့ သာ ဘု၇ား၊ သူတို့ သာ တန်းခိုးအစွမ်းကို ပြနိုင်သူတွေဖြစ်တယ်ဆိုပြီး တိုက်ခိုက်စော်ကားလာတဲ့ သာသနာ့ရန်စွယ်ကို ချိုးနိုမ်ရင်း လူအများကို အမြင်မှန်တွေ၇စေဘို့  မြတ်ဗုဒ္ဓကိုယ်တိုင် ခန္ဓာကိုယ်က ရေ မီး အစုံစုံ ထုတ်ပြခဲ့တယ်။ ထို့ နေ့မှာပဲ ခုနှစ်ဝါမြှောက်ဝါဆိုတော်မူရင်း မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကို ကျေးဇူးဆပ် အဘိဓမ္မာတရားဟောပြဘို့  နတ်ပြည်ကို ကြွသွားတော်မူတာလည်း ဒီ ဝါဆိုလပြည့်နေ့ ပါပဲ။

ဘာကြောင့် ဓမ္မစကြာတရားကို ရွတ်ဖတ်ပူဇော်ကြရတာလဲ၊ ဘယ်လို နေ့ ထူးနေ့ မြတ်မို့ လဲလို့  စူးစမ်းချင်သူတွေ ဗဟုသုတရရှိစေဘို့ ၊
ဝါဆိုဦးကာလ သန္တိကရဝိဟာရကျောင်းတော်ရဲ့ ထူးခြားတဲ့ကုသိုလ်ကို သိရှိ သာဓုခေါ်နိုင်ဘို့ ပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

No comments:

Post a Comment