Monday 13 August 2012

ဝါဆိုသင်္ကန်းကပ် အောင်မြင်စွာပြီးဆုံး

ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု

သန္တိကရဝိဟာရ တည်ထောင်ပြီး ပထမဆုံးအကြိမ် ပြုလုပ်အပ်သော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၂) ရက် တနင်္ဂနွေနေ့ က အောင်မြင်ပြီးမြှောက်ခဲ့ပါပြီ။ မြန်မာရဟန်းတော်တွေကို ပင့်ဖိတ်ထားပေမဲ့ အကြောင်းမတိုက်ဆိုင်လို့ ၊ မအားလို့၊ ကျန်းမာရေးအဆင်မပြေလို့ မကြွလာနိုင်ဘူးဆိုတော့ အတော် အားငယ်သွားခဲ့မိတာ အမှန်။ ကံအားလျှော်စွာပဲ မဟာစည်သာသနာ့၇ိပ်သာကနေ ကြွရောက်ကာ ယခုဘူဂဲမှာ သီတင်းသုံးကာ တရားဟောပြော ပြသနေတဲ့ ကိုယ့်ရဲ့ ထေကြီး ဝါကြီး ဆရာတော်ဖြစ်တဲ့ ဆရာတော် ဦးသောဓန နှင့် ကိုးရီးယားဦးဇင်း ဦးဓမ္မဂန္ဓ၊ ဂွါခွှန်မြို့ ဗောဓိရိပ်သာဆရာတော် ကိုရီးယားလူမျိုး ဦးဗုဒ္ဓရက္ခိတတို့ ကြွရောက် ချီးမြှောက်ခဲ့လို့  ဒကာတွေအတွက် သံဃာတော်ကို ဖူးမျှော်ကြည်ညို ကုသိုလ်ပြုခွင့် ရလိုက်ကြပေသည်။
ဧည့်ပရိဿတ် အပေါင်းလည်း မျော်မှန်းထားသလောက် မလာဘူးလို့ ထင်ရပေမဲ့ ကျောင်းထဲမှာတော့ အပြည့် (ကျောင်းက မကျယ်လို့ ဖြစ်မယ်) ပြင်ဆင်ပြိး ဧည့်ခံနေကြတာဟာဖြင့်လည်း မမောနိုင်မပန်းနိုင်ပါပဲ။ ပုံမှန် ဧည်ခံကျွှေးမွေးတဲ့ ဟင်းလျာထက် ဒီတစ်ခေါက်က ပိုကောင်းသလို အလှူရှင်တွေရဲ့ စေတနာ၊ တစ်နေကုန် အလုပ်လုပ်ခဲ့ကြပေမဲ မမောနိုင် မပန်းနိုင် တစ်ညလုံး ပြင်ဆင်ချက်ပြုတ်နေကြတဲ့ ဝေယျာဝစ္စအလှူ ပြုလုပ်နေကြတဲ့ ဒကာတွေရဲ့ စေတနာ၊ ဝီရိယတွေနဲ့ ပြင်ဆင် ချက်ပြုတ်ထားတာကြောင့်ထင်ပါ့ အားရပါးရ အရသာရှိရှိ သုံးဆောင်နေကြတာဟာဖြင့် အလှူရှင်တွေကို စိတ်ကြည်နူးစေတဲ့ မြင်ကွင်းပါပဲ။ ဟင်းကလည်း ကြည့်အုံးလေ ဆိတ်သားနပ်၊ ငါးကြော်၊ ငါးပိရည်၊ တို့ စရာ၊ သီးစုံချဉ်ရည်ဟင်း၊ ဗူးသီနှင့် ပဲသီးသုပ်။ ပြီးတော့ အချိုပွဲအတွက် ဖရဲသီးဖျော်ရည်။ ကောင်းလိုက်တဲ့ အ၇သာလို့ ပြောစရာ မလိုလောက်အောင်ပါပဲ။မိုးရွာလို့  မရောက်လာနိုင်တဲ့သူတွေ အာရုံပြု သွား၇ည်ကျစေဘို့ ။

ကိုရီးယား ရာသီဥတုက ဒီနှစ်မှာ အတော်ပူတာကြောင့် ဆရာတော်တွေနဲ့  ဧည့်သည်တွေ ကြွလာ၇င် ဘယ်လိုလုပ်ရပါ့လို့  စဉ်းလို့ တွေးပူခဲ့မိပေမဲ့ ရာသီက ကိုယ့်ဘက်မှာလို့ ဆိုရလောက်အောင် မပူမအေးလေးမို့  အနေတော်လေးပေါ့။ ကိုရွှေမိုးကလည်း ကုသိုလ်ပြုနေကြသူတွေ စိတ်မပင်ပန်း၇အောင်။ လာရောက်ကြတဲ့ ဧည့်သည်တွေ ကိုယ်မနွမ်း၇လေအောင် ပါဝင်ကူညီပေးသလို။
အားလုံးရဲ့  စေတနာ၊ သဒ္ဓါ၊ ဝီ၇ိယတရားတွေ ထက်သန်စွာ ဝိုင်းဝန်း လုပ်ကိုင်ကြလို့ ညီညွတ်ကြလို့  ပူးပေါင်းပါဝင်ကြလို့  ပထမအကြိမ်

ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကတော့ အောင်မြင်စွာ ပြီးမျြောက်ခဲ့ပ်ပြီ။ ဝါဆိုသင်္ကန်းကို ကပ်လှူကြတဲ့သူတွေဟာ သောတာပန်ပုဂ္ဂိုလ်လို နောက်ဘဝမှာ အပါယ်မလားနိုင်ဘူးတဲ့။ ဒီကုသိုလ်စိတ်ကလေး တစ်သက်လုံးရှိပြီး ဒီစိတ်နဲ့ ဘဝကူးသွားမယ်ဆိုရင်တော့ သေချာပါတယ် အပါယ်လုံးဝ မကျနိုင်ပါဘူး။ အဝတ်သင်္ကန်းလှူလို့  "စိုးရိန်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊ ကိုယ်မူရောင်ထွက်၊ လျှော့လျက်သားရေ၊ မပေညစ်ကြေး၊ ကြံတွေးတောင့်တ၊ အဝတ်၇ရှိ၊ ဧဟိဘိက္ခု၊ ခေါ်ပြုရဟန်း၊ ကျွှတ်တန်းဝင်ရ ခုနစ်ဝ မှန်ကြသင်္ကန်း လှူကျိုးတည်း" လို့ ဆိုတဲ့အတိုင်း ဒီအကျိုးတွေတော့ မလွဲမသွေ ၇ရှိကြမှာ အမှန်။
ဘယ်လို ကုသိုလ်မျိုးကိုပြုပြု ကောင်းတဲ့အကျိုးတွေကိုတော့ ရရှိကြမှာ အမှန်ပဲလို့ သာမှန်အသိလေး ရှိပြီးပြုလုပ်နိုင်ကြရင်တောင် အတော် ခရီးရောက်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ သြဝါဒနှင့်အညီ လောက သာသနာ နှစ်ဖြာကောင်းကျိုး လိုလားကြသူတိုင်းဟာ ဘယ်အလုပ်ပဲလုပ်လုပ် ညီညွတ်ကြမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို လွယ်ကူစွာ ရောက်ရှိနိုင်ကြမှာ အမှန်ပါပဲ။ ကိုယ်ရောစိတ်ပါ ညီညွတ်ကြလို့  ချမ်းသာအပေါင်းကို ရရှိခံစားနိုင်ကြပါစေ။
ဒီနေရာမှာ ဓါတ်ပုံတင်ရန် အခက်ခဲရှိပါ၍ မတင်ပေးနိုင်တာကို နားလည်ပေးကြပါ၇န်။
ဓါတ်ပုံကြည့်ရန် santikara vihara@facebook.com မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါကြောင်း။

ချမ်းသာစွာ အိပ်စက်နိုးထနိင်ကြပါစေ

No comments:

Post a Comment