Sunday 9 December 2012

ပါမောက္ခဆရာတော်၏ စာစုလေးများအတွက် နိဒါန်း

ဘလော့ကြီးတော့ လုပ်ထားပါ၇ဲ့ စာလည်းမေ၇းဖြစ်တော့ အားတောင့်အားနာ ဖြစ်၇၊ ရှက်မိသလိုလဲ ခံစား၇တာ အမှန်ပါ။
ကိုယ်တိုင်က မေ၇းတတ်၊ ပြီးတော့ အမှားပါသွားမှာ၊ မှားယွင်းတဲ့ အသိတွေပေးမိမှာကို စိုး၇ိမ်မှု၇ှိလေတော့ လက်မဝံ့တာ အမှန်။
ဒီလိုသာဆို ဒီဘလော့ဂ်မှာ ဘာစာမှ တွေ့ ၇ဖတ်ကြ၇တော့မှာ မဟုတ်လို့ တွေးမိလေတော့ ဟင်း ဘယ်လိုစာမျိုးေ၇းတင်၇ပါ့လို့ အတွေးတွေနဲ့ လုံးချာလည်နေတုန်း အင်း မမှားနိုင်တဲ့ မှတ်သားစရာစာသားများကို ကူးယူဖေါ်ပြ၇င်လည်းေ၇းသားသူ ဆရာတော်ကို ပူဇော်လို့ အဆုံးအမတွေကို တဆင့်မျှဝေ၇ာလည်းေ၇ာက်ပါတယ်လေလို့ စဉ်းစားမိခဲ့။

ဒါနဲ့ ပဲ စာအုပ်စဉ်က ဆရာတော်ဆီက လက်ခံရရှိခဲ့တဲ့ "ဘဝကို အလှဆင်ခြင်း" ဆိုတဲ့ စာအုပ်သေးသေးလေးကို ရှာဖွေမိရင်ပဲ တစ်ခါတည်းေ၇းတင်ပြီး ကုသိုလ်ယူဘို့ စတင်ဖြစ်လိုက်တယ်။

စာတိုလေးများကို မြန်မာလိုရော အင်္ဂလိပ်လိုပါေ၇းထားပြီး ဆရာတော်ရဲ့ တပည့်လည်းဖြစ် ဒကာရင်းလည်းဖြစ်တဲ့ ကွန်ပြူတာတက္ကသိုလ်က ဒေါက်တာ မိမိငယ် က စာစီရိုက်နှိပ်ပြီး ဓမ္မဒါနပြုထားခြင်းဖြစ်ပါတယ်။

ဆရာတော်ဟာ စစ်ကိုင်းက သုဗောဓာရုံကျောင်းနဲ့ လုံးတော်ကြီးဘုရားအကြားမှာ ရှိတဲ့မြေလွတ်နေ၇ာမှာ "ဓမ္မဝိဇ္ဇာလယ"ဆိုပြီး နိုင်ငံခြားသားတွေကို အဓိကအားဖြင့် အဘိဓမ္မာတရားတွေကို သင်ပေးတဲ့ ဌာနလေးတစ်ခု ဖွင့်လှစ်သင်တန်းပို့ ချရင်း ၇န်ကုန်က ထေရဝါဒတက္ကသိုလ်ကို စာသင်ဘို့ ရာက်လာတဲ့အခါ ဒေါက်တာမိမိငယ်၇ဲ့ သူငယ်ချင်း ဆ၇ာ၊ ဆ၇ာမတွေနဲ့ တပည့်တွေကို ဓမ္မဗဟုသုတတွေ ၇စေဘို့ ဟောပြောပို့ ချပေးခဲ့တယ်။ ထိုစဉ်က ဤစာစုလေးတွေကို ရိုက်နှိပ်ဘို့  ဖြစ်လာတယ်လို့ ထင်မိတယ်။

စာအုပ်က သေးပေမဲ့ အထဲကစာသားတွေက လေးနေတယ်။ ဗုဒ္ဓရဲ့ အဆုံးအမတွေကို မှတ်လွယ်အောင် ရေးထားခြင်းပေကိုး။ မြန်မာလိုသာမက အင်္ဂလိပ်ပါ ပြန်ဆိုထားလေတော့ လိုအပ်သူများ အသုံးပြုနိုင်တာပေါ့။
နည်းနည်းစီ ကူယူဖေါ်ပြပေးသွားမှာမို့  ဗဟုသုတ ရှာဖွေသူများ ဖတ်၇ှု့ကြစေဘို့ အသိအေးအပ်ပါသည်။
ချက်သာစွာ အိပ်စက် နိုးထနိုင်ကြပါစေ
သန္တိက၇ဝိဟာ၇ဆ၇ာတော်

No comments:

Post a Comment