Thursday 13 December 2012

လောကဓံ ကြံ့ကြံ့ခံ

* ဥစ္စာ ဓန၊ လိုတာရ၊
'လာဘ' လောဓံ။
လိုတာမ၇၊ 'အလာဘ'၊
မှတ်ကြ လောကဓံ။

* ခြံ၇ံများမူ၊ 'ယသ'ဟူ၊
မှတ်ယူ လောကဓံ။
ခြံ၇ံကင်းပ၊ 'အယသ'
မှတ်ကြ လောကဓံ။

* ချီးမွမ်း ထောမနာ၊ 'ပသံသာ'၊
မှတ်ပါ လောကဓံ။
ကဲ့၇ဲ့တစ်ဖြာ၊ ကြုံ၇တာ၊
'နိန္ဒာ'လောကဓံ။

* ကိုယ် စိတ် နှစ်ဝ၊ ချမ်းသာရ၊
'သုခ' လောကဓံ။
ဆင်းရဲပြန်မူ၊ 'ဒုက္ခ'ဟူ၊
မှတ်ယူ လောကဓံ။

* ကောင်း ဆိုး နှစ်လီ၊
ထို ဤ ကြုံပြန်၊
လောကဓံကို၊
သိဥာဏ်ရှေ့ထာား၊
မခြောက်ခြားနဲ့ ၊
ကြီုးစားတွန်းလှန်၊
ကြံ့ကြံ့ခံ။
(အရှင်နန္ဒမာလာဘိဝံသ)
========================================================================
withstanding Lokadham

* Gaining what one wants is a Lokadham,
Not gaing what one wants is a Lokadham,

* Getting fame is a Lokadham,
Not getting fame is a Lokadham,

* Being praised is a Lokadham,
Bding blamed is a Lokadham,

* Bliss is a Lokadham,
Suffering is a Kokadham,

* When faced with good and bad,
State of the world,
Do not get excited,
Be wise and withstand it,
With effort.
(Ashin Nandamalabhivamsa)
========================================================================

လောက သူသားတိုင်း အကောင်း အဆိုး လောကဓံကို ကြုံတွေ့ ကြ၇စမြဲပါ။ သူလို ကိုယ်လို သာမန်လူသားမဆိုထားနဲ့  ဗုဒ္ဒကိုယ်တော်တိုင်တောင် ဒီလောကဓံတွေက ပြေးလို့ မလွတ်ခဲ့ပါဘူး။ ကဲ့၇ဲ့ရှုံ့ချမှုနဲ့ ပါတ်သက်လို့  တိတ္ထိဆ၇ာတွေနဲ့  သူ့တပည့်တွေက အမြဲ့ပဲ ဆန့်ကျင်ဘက်ပြော ကဲ့ရဲ့ သဂြိုဟ် အပြစ်ဆိုကြတာ မိုးလုံးပြည့်ရုံမက လျှံထွက်လောက်အောင်ပါပဲ။ လူအများသိကြတဲ့ စိဉ္စမာန ဟာ လူပုံအလယ်မှာ ဗုဒ္ဒကို အရှက်၇အောင် စွပ်စွဲခဲ့မှုဟာ အထင်အရှားပေါ့။
အခြံအရံနဲ့ ပါတ်သက်လို့ လည်း အရှင်အာနန္ဒာမထေ၇် ပုံမှန်အလုပ်အကျွေးအဖြစ် တာဝန်မယူသေးမီ တချို့ရဟန်းတွေဟာ တပည့်တော် အလုပ်အကျွေး မလုပ်နိုင်တော့ဘူးဆိုပြီး ဗုဒ္ဒကို ပြစ်ထားခဲ့လို့  ဒုက္ခတွေနဲ့  ကြုံခဲ့၇သေး။
ပုထုဇဉ်တွေအတွက်ကတော့ လောကဓံကို အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ ကြုံတွေ့ နေကြ၇စမြဲပါ။
အကောင်း လောကဓံနဲ့ ကြုံ၇၇င်တော့ ဒါကို လောကဓံလို့ မထင်ကြပဲ ကောင်းလိုက်တာဆိုပြီ လောကဓံမှန်းသိဘို့ မေ့နေကြ။ အဆိုး လောကဓံ နဲ့  နည်းနည်းလေး ကြုံလိုက်၇ပြီဆိုမှဖြင့် ငါမှ ဒီလို လောကဓံနဲ့ ကြုံ၇လေခြင်းဆိုပြီး ဝမ်းနည်းပက်လက်ဖြစ်လို့။
အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဒါဟာ လောကဓံပဲဆိုတာကို သိဘို့လိုပါတယ်။ ပထမက သိဘို့ အေ၇းကြီးပါတယ်။ သိပြီးနောက်မှ သတိတ၇ား အသိတ၇ားနဲ့ ဆင်ခြင်စဉ်းစားပြီး ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားမလဲ၊ ကြုံလာရတဲ့ လောကဓံကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ အဖြေကိုရှာ၇မယ်။
အဓိကကတော့ ကြုံတွေ့ ၇တဲ့ ကောင်းဆိုးလောကဓံကို မတုန်လှုပ်ပဲ ကြံ့ကြံ့ခံနိုင်ဘို့ပါ။ ဒီအသိလေးကို ၇ရှိစေချင်လို့ ဒီစာလေးကိုေ၇းလိုက်တာပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိက၇ဆ၇ာတော်

No comments:

Post a Comment