Thursday 27 December 2012

မုချ လှမည်မှတ်

* ကိုယ့်ကျိုး၊ သူ့ ကျိုး၊
တိုင်းပြည် ကျိုးနှင့်၊
အမျိုးဘာသာ၊ သာသနာ အကျိုး၊
ပွါးတိုးစေမှု၊ လုပ်ကျွေးပြုမှ ဒို့ ဘဝ၊
မုချ "လှ" မည်မှတ်။

------------------
Absolute Beauty

* Our life will be in absolute beauty,
if we work for the welfare of
ourselves, of others, of the state,
of the nation.

ွှအရှင်နန္ဒမာလာဘိဝံသ

=====================================================================================


လောကမှာ ရုပ်၇ည်လှပရင်၊ အပြင်အဆင်ကောင်းရင် အဝတ်အစား သားနားရင် လှတယ်လို့ ဆိုတတ်ကြ၏။
ရုပ်မလှကြပေမဲ့ လှတယ်လို့ အပြောခံကြ၇သူတွေ လောကမှာ အများသား။
ရုပ်မလှပေမဲ့ စိတ်ဓါတ်လှသူတွေကို လောကမှာ အလှပိုင်ရှင်လို့ သတ်မှတ်ကြတယ်။
ရုပ်လှသူတွေအနားမှာ ပေါင်းသင်းချင်ကြ မိတ်ဖွဲ့ ချင်ကြ ချစ်ခင်ပေါင်းသင်းချင်ကြသူတွေ အများသား။
ရုပ်သာ မလှလို့ ကတော့ လှည့်တောင်မကြည့်ချင်ကြ။
သို့ ပေမဲ့လည်း...
ကိုယ့်ကျိုးမငဲ့ အများအကျိုးကို ဆောင်၇ွက်ကြသူတွေ
လောကအတွက် ကိုယ့်လူမျိုးအတွက်
ကိုယ့်ဘာသာအတွက်တတ်စွမ်းသမျှ လုပ်ဆောင်နေကြသူတွေကတော့
ရုပ်မလှပေမဲ့ ချစ်သူခင်သူ ရင်းနှီးချင်ကြသူတွေ အများသား
အကြောင်းကတော့ ရှင်းပါတယ်
သူတို့ဟာ တကယ်ကို လှကြသူတွေမို့ပါ။
အားလုံး 'လှ' ကြပါစေ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆ၇ာတော်

No comments:

Post a Comment