Monday 31 December 2012

ဂိလာန၇ဟန်းကို လှူဒါန်းလျင်

ဂိလာန၇ဟန်းကို လှူဒါန်းလျင်

မြန်မာနိုင်ငံမှ ဆရာတော် ဦးဇာဂရသည် ကျောက်ကပ် အတွင်းရှိနေသာ ကျောက်များကိုထုတ်ပြစပြီ်း၊ ဆေးကုသမှု ခံယူ၇န် ကို၇ီးယားသို့ေ၇ာက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကုသမှု ပြုလုပ်ခဲ့ပါသော်လည်း အဆင်မပြေမှုများရှိနေမှုကြောင့် ကို၇ီးယားတစ်ယောက်၏ အကူအညီဖြင့်ေ၇ာက်လာပြိး ဆေးရုံတက်ခဲ့ပါသော်လည်း အခက်ခဲများ ဆက်ရှိနေသေး၍ ဆေးရုံပြောင်းရွှေ့ ကုသမှုကို ခံယူလျက်ရှိပါသည်။ ဆေးကုသစ၇ိတ်မှာ ထင်ထားသည်ထက် ပိုကုန်ကျမှု ရှိနေပါသည်။
ဆေးကုနေသော ရဟန်းတစ်ပါးကို လှူဒါန်းမှုနှင့် ပါတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အနည်းငယ်ကို သိစေလို စေတနာ သဒ္ဓါ ပွါးတိုးစေလိုသောကြောင့် ဒီစာလေးကိုေ၇းခြင်းဖြစ်ပါသည်။ စာေ၇းဆ၇ာလို မဖွဲ့ တတ်ပါ။ သိစေချင်တာကိုသာ တင်ပြပေးခြင်းလို့ ရိုးသားစွာ ဝန်ခံပါ၇စေ။

ဗုဒ္ဓသာသနာမှာ ကျောင်းအမကြီး ဝိသာခါဆိုရင် မသိသူ ရှိမယ်မထင်ပါဘူး။ သာသနာတော်မှာ ထင်ရှားတဲ့သူ၊ သံဃာတော်တွေရဲ့ အားကိုးမှုကိုလည်း ရရှိသူ၊ သာသနာ့မိခင်သဖွယ်လည်းဖြစ်တဲ့ ဒါယိကာမကြီး ဖြစ်ပေသည်။ သံဃာတော်အတွက် လိုအပ်မယ်ထင်သောအ၇ာများကို ခွင့်ပြုချက်၇ရှိအောင် မြတ်စွာဘု၇ားအထံ တောင်းခံပေးခဲ့သည်။ များသောအားဖြင့် လူတိုင်းဆုတောင်းကြရာမှာ ကိုယ်ဖြစ်ချင်၊ လိုချင်တာကို ဦးစားပေးတောင်းခံကြလေ့ရှိခြင်းဟာ သတ္တဝါတိုင်းရဲ့ သဘာဝပါ။ ဒါပေမဲ့ ဒီဒါယိကာမကြီးကတော့ ထိုသို့ မဟုတ် သံဃာတော်များအတွက်စဉ်းစားကာ တောင်းခံခဲ့သည်။ ဝိသာခါ ဒါယိကာမကြီး၏ တောင်းဆု ရှစ်ခုကို ဝိနည်း ပိဋ္ဋကမှာ ဒီလိုဖေါ်ပြထားပါတယ်-
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည်
၁။ သံဃာတော်အား အသက်ထက်ဆုံး မိုးေ၇ခံ သင်္ကန်းလှူလိုပါ၏။
၂။ ဧည့်သည်အာဂန္တုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွား၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၎။ သူနာ (ဂိလာန) ရဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၆။သူနာ (ဂိလာန) ၇ဟန်းတို့ အား ဆေးလှူလိုပါ၏။
ရ။ အမြဲ ယာဂုလှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏။
ဒီလို တောင်းဆုကို ကြည့်မယ်ဆို၇င် သူ့ အတွက်တောင်းဆိုတာ တစ်ခုမှ မပါပါ။ သူတစ်ပါး ချမ်းသာ အဆင်ပြေစေေ၇းအတွက်သာ တောင်းဆုပြုခဲ့ခြင်းသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဘယ်အကျိုးကို မျော်ကိုးပြီး ဒီဆုကို တောင်း၇သလဲဆိုတော့ တစ်ခုစီကို အကြောင်းပြပေးထားပါတယ်။ နေမကောင်းတဲ့ ရဟန်းကို ဆေးလှူတာနဲ့ ပါတ်သက်လို့  ဖြေလိုက်တာက ရိုးရိုးလေးပါ။ “နေမကောင်းတဲ့ ၇ဟန်းတွေ သင့်တင့်တဲ့ဆေးကို မ၇၇င် ရောဂါလည်း ပိုဆိုးနိုင်တယ်၊ သေလည်းသေနိုင်ပါတယ်။ လိုအပ်တဲ့ဆေးကို ၇ရှိ၇င် ရောဂါလည်း သက်သာနိုင်၊ မသေနိုင်ပါဘူးတဲ့။ “
ဒီလို အတွေးလေးတွေများ ရှိဖူးပါသလားလို့ စဉ်းစားကြည့်ဘို့ ပါ။

ဒီလို အတွေး အမြဲရှိဘို့ မဖြစ်နိုင်ပေမဲ့ အခွင့်ကြုံ၇င်တော့ ရှိသင့်ပါတယ်။ “အခွင့်သာခိုက်မူ၊ ရအောင်ယူ၊ ထိုသူပညာရှိ” လို့ ပညာရှိများ မှာထားတဲ့စကား အရှိမဟုတ်ပါလား။
ခုတော့ ဒီအခွင့်အရေး ညီအစ်ကိုတို့ လက်တစ်ကမ်းကိုေ၇ာက်နေပါပြီ။ လိုအပ်နေတဲ့ နေရာတွေ များမှန်းသိပေမဲ့ ထိုအထဲမှ တစ်ခုလို့ ဆိုပါရစေ။ ဝိသာခါ ဒါယိကာမကြီး တွေးသလို တွေးကြည့်မယ်ဆိုရင် အကယ်၍များပေါ့ (ဖြစ်တော့မဖြစ်နိုင်ပါ) ကုသမှုစ၇ိတ်မလုံလောက်လို့  လိုအပ်တဲ့ ဆေးကုသမှုကို မ၇ဘူးဆို၇င် အခက်အခဲကို စဉ်းစားလို့ မ၇နိုင်အောင်ပါပဲ။ ကုသမှု ပြီးဆုံးပြီး ကျန်းမာလာ၇င် သာသနာ့အကျိုးကို ဆထက်တိုးလို့ လုပ်ဆောင်နိုင်သလို အများကောင်းကျိုးအတွက်လည်း လုပ်နိုင်မှာ အမှန်ပါ။ ဆရာတော် လက်ရှိလုပ်နေတဲ့ ရပ်ရွာလုထုကို ဆေးကုပေးမှု အပါအဝင် လူမှုေ၇းလုပ်ငန်းတွေကို ပိုပြီးလုပ်နိုင်ဘို့ ဆို၇င် ကျန်းမာဘို့ လိုတယ်မဟုတ်ပါလား။ ဝိသာခါရဲ့ အတွေးမျိုး တွေးစေချင်လို့ ပါ။

မြတ်စွာဘု၇ားကိုယ်တော်တိုင်ကလည်း “ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ။” ၇ဟန်းတို့ ငါဘုရားကို ပြုစုလုပ်ကျွေးသော ၇ဟန်းသည် နာဖျားသော ၇ဟန်းကို ပြုစုလုပ်ကျွေး၇ာ၏။ တဲ့။ ခုချိန်မှာ ဘု၇ားကိုယ်တော်ကို ပြုစုလုပ်ကျွေးဘို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အ၇ာပါ။ ဒါပေမဲ့ ဂိလာန၇ဟန်းကို ပြုစုလုပ်ကျွေးချင်တယ်ဆိုရင်တော့ လက်၇ှိမှာ ၇နိုင်တဲ့ အ၇ာဖြစ်ပါတယ်။ ဗုဒ္ဓ၇ဲ့  စကားတော်ကို လိုက်နာရာလည်းေ၇ာက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်း၇ာလည်းေ၇ာက်တဲ့အတွက် ကောင်းမြတ်တဲ့ အလုပ်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ စကားကိုမမေ့ဘဲ အခွင့်အေ၇းကို လက်မလွှတ်ကြစေဘို့ပါ။

အလှူခံမဲ့ ပုဂ္ဂိုလ်ဘက်ကို ကြည့်မယ်ဆို၇င်လည်း ၇ဟန်းတော်တစ်ပါးဖြစ်သည့်အတွက် သံဃာ့ဂုဏ်ကို အာရုံပြုလို့ လှူဒါန်းနိုင်ပါတယ်။ “သံဃေ ဒန္နံ မဟပ္ဖလံ” သံဃာကို လှူဒါန်းခြင်းသည် အကျိုးကြီးမြတ်ပေသည်။ လို့  ဗုဒ္ဓမိန့် မှာချက်လည်း ရှိထားသောကြောင့် များမြတ်သော အကျိုးကို ၇ရှိမှာ အမှန်ပါ။

ဝိသာခါ ဒါယိကာမကြီး၏ အတွေးမျိုးတွေးလို့ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ဂိလာန ရဟန်းကို တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့် ကြီးမြတ် များပြားသော အကျိုးကို ရရှိနိုင်စေဘို့  တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

နှစ်သစ်မှာ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ချမ်းသာမှု နှင့်အတူ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေကြောင်း
မေတ္တာများဖြင့်
သန္တိက၇ဝိဟာရဆ၇ာတော်
အန်ဆန်း
(ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ)

No comments:

Post a Comment