Monday 7 May 2012

 ဗုဒ္ဓပူဇနိယပွဲ

ကဆုန်လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသော နေ့ များစွာထဲက တစ်ခုသော နေ့ ထူးနေ့ မြတ်ဖြစ်ပေသည်။ ဒီ ကဆုန်လပြည့်နေ့တစ်နေ့ တည်းတွင်ပင် မြတ်ဗုဒ္ဓလောင်းလျာကို မွေးဖွါးပြီး၊ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူပြီး လောကတွင် အမြတ်ဆုံးသော ဗုဒ္ဓအဖြစ်ကို ရောက်ရှိကာ၊ ခန္ဓာဇာတ်သိမ်း အပြီးတိုင်ငြိမ်းရာ နိဗ္ဗာန်ကို ဝင်စံတော်မူခဲ့လေသည်။
ဒီလို ယူဆချက်ကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ ယုံကြည်လက်ခံမှုတစ်ခုဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့ ကမူ ဗုဒ္ဓလောင်းလျာ မွေးဖွါးသောနေ့ အဖြစ် လက်ခံယုံကြည်ကြပေသည်။
မည်သို့ ပင် ကွဲပြားမှုရှိပါစေ တူညီမှုကတော့ အထူးပြောစရာမလို့ တဲ့ ဗုဒ္ဓအပေါ်ယုံကြည် သက်ဝင်ယုံကြည်မှုပေတည်း။
စီးပွါးရေး ကြီးပွါးရေးအရ ကိုယ်မွေးရပ်မြေ၊ ကိုယ့်ယဉ်ကျေးမှုနှင့် မတူညီသော အ၇ပ်ဒေသမှာ ရောက်နေသော်လည်း ကိုယ့် မိဘဘိုးဘွားအမွေအနှစ်ဖြစ်သည့် ရတနာသုံးပါးအပေါ် လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှုကတော့ လျှော့မသွားကြပါပေ။ ဆထက်တိုးလို့  ပွါးတိုးအောင်သာ ကြိုးစာနေကြပေသည်။ ကိုယ့်လက်ထက်မှာ ဘိုးဘွားအမွေဖြစ်သည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကိုလည်း မညိုးနွမ်းစေဘဲ တိုးလို့ သာလန်းဆန်းစေဘို့  အားထုတ်နေကြပေသည်။
ထို့ နေ့ နေ့ မြတ် အခါသမယမှာ အန်ဆန်းမြို့ ရှိ သန္တကရဝိဟာရဆရာတော် ဦးဆောင်၍ ကုသိုလ်ပြုရန် ဇောစိတ်သန်ကြကုန်သော  မြန်မာနိုင်ငံဖွား ရွှေညီအစ်ကိုများကလည်း မအားလပ်သည့်အချိန်အတွင်းမှ ကုသိုလ်ရေးမို့  မနှေးကြအောင် အပြေးလာလို့ ဗုဒ္ဓပူဇနိယပွဲဆင်နွဲရန် အားတက်သရော အရောက်လာခဲ့ကြပေသည်။
ရှေးဦးစွာ သီလခံယူ ဆေးကြောကာ ပဋ္ဌာန်းတရားတော်ကို ညီညာစွာ ရွတ်ဖတ်ပူဇော်၍ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေကြောင်း မေတ္တာပို့ သပြီး မြတ်ဗုဒ္ဓကို ဆီမီး၊ ပန်းမာလ်၊ အမွေးနံ့ သာ ရေချမ်းတို့ ဖြင့် ပြင်ဆင်လှူဒါန်းပူဇော်ကာ ပြုပြုသမျှ ကုသိုလ်အဖို့ ကို အမျှအတမ်းပေးဝေခြင်းဖြင့် ညချမ်းကာလ ဗုဒ္ဓကို အားပါးတရ ပူဇော်မှုကို အဆုံးသတ်လိုက်ကြသည်။
နံနက် အရုဏ်ကျင်း၍ အလင်းရောက်သောအခါ မြတ်ဗုဒ္ဓအား သတိပဋ္ဌာန်တရားပွါးများခြင်းဖြင့် ဓမ္မဖြင့်ပူဇော်ပြီး ခဲဖွယ်ဘောဇဉ် ချိုချဉ်၇သာ သစ်သီး စသည်တို့ ခြံရံသော ဒံပေါက်ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်း ခဲ့ကြကုန်၏။
အန်ဆန်းမြို့တွင် တည်ထောင်ထားသော သန္တိကရဝိဟာရ၌  ပထမဦးဆုံး ကျင်းပပြုလုပ်ဖြစ်သော ဆ၇ာဒကာ လက်တွဲညီသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲအကြောင်းကို ကုသိုလ်သဒ္ဓါပွါးများနိုင်ရန် မျှဝေလိုက်၇ပေသည်။
ဗုဒ္ဓမြတ်စွာသာသနာ ရှည်ကြာတည့်တံ့ပါစေသော်
ချမ်းသာစွာ အိပ်စက်နိုးထနိင်ကြပါစေ
သန္တကရဝိဟာ၇ဆရာတော်



No comments:

Post a Comment