Saturday 26 May 2012

Lotus Foundation (Korea) ရဲ့ မွေးနေ့ ကုသိုလ်ပွဲ


 ကြာတစ်ပွင့်ရဲ့  မွေးနေ့ 

နေရာတိုင်းမှာ ကြာတွေ ပေါ်ထွက်နေတာ ပွင့်လန်းနေတာ အတော်ကြာနေပါပြီ။ ကြာရဲ့ မွှေးကြူတဲ့ ရနံ့ ကို ရှူရှိုက်လို့  စိတ်နှလုံးရွှင်လန်းနေကြသူတွေ ရှိသလို၊ သူ့ ရဲ့ အလှကို ကြည့်ရှု့ ကာ ကြည်နူးနေကြသူတွေလည်း မနည်းပါဘူး။ ကြာဆိုတာ မြင့်မြတ်မှုရဲ့ သင်္ကေတ၊ မြတ်ဗုဒ္ဓရဲ့  ကိုယ်စားအနေနဲ့ လည်း သုံးစွဲကြလေရဲ့ ၊ တော်ဝင်ပန်းလို့ ဆိုရင် မှားအံ့မထင်။
အဲဒီ ကြာတစ်ပွင့် ဟန်ဂုရွာမှာလည်း ပွင့်လန်းလို့ လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ကိုရီးယားမှာ ကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသားတွေနဲ့  ဟန်ဂုရွာရောက် ရွှေမြန်မာတွေ၇ဲ့ မွန်မြတ်တဲ့စိတ်ကူးကို အကောင်ထည်ဖေါ်ဘို့  ကြာတစ်ပွင့်ပေါ်ထွက်လာအောင် ကြိုးစားစီစဉ်ခဲ့ကြတယ်။
အသင်းရဲ့ ရည်ရွယ်ချက်က (ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး)ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဘာသာ သာသနာအကျိုးကို ဆောင်ရွက်ကြဘို့ ပါ၊ ဒါပေမဲ့ နေရာဒေသ အခြေအနေအရ ဘာသာရေးလုပ်ငန်းထက် လောကအကျိုးဖြစ်တဲ့ ပရဟိတလုပ်ငန်းကို မြန်မာပြည်မှာရှိတဲ့ မိခင်အသင်းကြီးရဲ့ အစီအစဉ်တွေကို အားဖြည့်ပေးလျက် ကြာတစ်ပွင့်ကို လန်းဆန်းနေအောင် ရေလောင်းပေးရင်း ကိုယ့်အင်းအားကို ပြည့်စုံအောင် ကြိုးစားနေ၇တယ်။
ပုံမှန်အားဖြင့် အတန်းကျောင်းပညာရေးကို သင်ယူဘို့ အခက်အခဲတွေ့ နေကြတဲ့  လက်လှမ်းမှီ၇ာ မြန်မာနိင်ငံက ကျောင်းသားများအား ထောက်ပံ့မှုကို အောင်မြင်အောင် လုပ်ဆောင်လိုက်နိုင်ခဲ့ပါသည်။ ပြီးခဲ့သောနှစ်က အထက်တန်း၊ အလယ်တန်း နှင့် မူလန်းကျောင်းသား အားလုံး စုစုပေါင်း ၃၅ ယောက်အား လစဉ်ထောက်ပံ့မှုကို အဆင်ပြေပြေလုပ်ခဲ့နိုင်လို့ ဝမ်းမြောက်ကြည်နူး သာဓု အကြိမ်ကြိမ် ခေါ်ရပါ၏။ အခါအားလျော်စွာလည်း သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့တုန်းကလည်း ကြာရနံ့ ကို ပက်ဖြန်းကာ နွမ်းနှယ်နေသူတွေရဲ့ ကို လန်းဆန်းစေခဲ့သလို၊ ကြာရဲ့ အလှတရားကို ဖေါ်ပြပြီး စိတ်ဓါတ်တက်ကြွမှုတွေဖြစ်စေဘို့ မမေ့ခဲ့ပါ။ ဒါတွေအားလုံးဟာ ကြာတစ်ပွင့် လန်းဆန်းပွင့်လန်းလာဘို့ ဝိုင်းဝန်း ကြတဲ့ ညီအစ်တွေအားလုံးရဲ့  စေတနာ မေတ္တာတွေကြောင့်ဆိုတာ ဘယ်သူမှ သံသယဖြစ်မယ်မထင်ပါ။
ဒီနေ့ (၁၃၊ ၅၊၂၀၁၂) ဟာဖြင့် ကြာတစ်ပွင့်ရဲ့  စတင်ပွင့်လန်းမှုရဲ့  အမှတ်တရအဖြစ်၊ တနည်းပြောရရင် ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး (Lotus Foundation –Korea) မွေးဖွားခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဦးစီးတည်ထောင်ထားတဲ့ အသင်းကြီးဖြစ်တာနဲ့အညီ ဒီအသင်းကြီး ဆက်လက်ရှင်သန် ပွင့်လန်းစေဘို့ ၊ ဆထက်တိုးလို့ မွှေးရနံ့ တွေ သင်းပျံ့စေအောင် လုပ်ဆောင်နိုင်ဘို့ ၊ ရှင်သန်မှုအတွက် ဝိုင်းဝန်း ရေလောင်း ပေါင်းသင်ပေးကြတဲ့ ညီညာသော
လက်များပိုင်ရှင်တွေကိုလည်း နွေးထွေးစွာပိုက်ထွေးမှုအနေနဲ့  မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ဘို့၊ လှမ်းလာမဲ့ အသစ်အသစ် စေတနာ မေတ္တာလက်များကိုလည်း ကြိုဆိုကမ်းလှမ်းဘို့ ၊ ပြုခဲ့သမျှ ကောင်းမှုအဘို့ ကို မျှဝေဘို့  ကုသိုလ်ပြုပွဲလေး လုပ်ဖြစ်လိုက်တယ်။
စိတ်ပါဝင်စားတဲ့ အသင်းသားအသစ်များနှင့်အတူ ကျောင်းသား/သူများ စုပေါင်းလာရောက်လို့  စနေနေ့ နေ့လည်ကတည်းက မမောမပန်းနိုင် ပျော်လို့ ရွှင်လို့ ဈေးဝယ်ကြ ချက်ပြုတ် ပြင်ဆင်ကြနဲ့ ၊ အလှူနေ့ မှာလည်း လာသမျှဧည့်သည်တွေကို ဧည့်ခံကျွေးမွေးကြနဲ့ ကြာပန်းလေးတွေ ပွင့်လန်းတက်ကြွနောကတာဟာဖြင့် အားရစရာ မြင်ကွင်းတစ်ခုပါပဲ။
ကုသိုလ်ပြုပွဲနှင့် အတူ အသင်းဝင်များ လစဉ်ပြုလုပ်နေကြ အစည်းအဝေးလေးကိုလည်း အကျဉ်းလေးလုပ်ဖြစ်ပြီး ရှေ့လုပ်ကြမဲ့ ပညာရေးထောက်ပံ့မှု အစီစဉ်နဲ့ 
ေ၇ရှည်ရပ်တည်နိုင်အောင် ဘယ်လို လုပ်ကြမလဲဆိုတာကို တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။
ကုသိုလ်ပြုပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ကြပေမဲ့ အသင်းကြီးအတွက် အားတက်သေ၇ာ မေးမြန်းကြ ထောက်ပံ့လှူဒါန်းကြတာဟာဖြင့် ကျေနပ်စရာပါပဲ၊ ဆက်လန်းလန်းဆန်း တက်ကြွဘို့ ရေလောင်းပြီး မြေသြဇာတွေ ထည့်ပေးလိုက်သလိုပါပဲ။
ဒီအသင်းကြီးက ဆက်လက်ပြီး ပညာရေးထောက်ပံ့မှု အစီစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပညာပါရမီဖြည့်ချင်သူအပေါင်းနှင့် ကျောင်းနေပြီး ပညာသင်ယူဘို့ 
ခက်ခဲနေသူတွေအတွက် ကူညီချင်ကြတယ်ဆိုရင်ဖြင့် ဤအသင်းကြီးနှင့် ဆက်သွယ်၍ ထောက်ပံ့လှူဒါန်းနိုင်ပါကြောင်းကိုလည်း မွေးနေ့ သဝဏ်လွှာပါးလိုက်ပါတယ်။
တူညီသောလက်ဖြင့် လောကိုအလှဆင်ကြပါစို့ 
သက်ရှည်ကျန်းမာဘေးရန်ကွာသာသနာပြုနိုင်ကြပါစေ
ဦးသုဝဏ္ဏ (နာယကဆရာတော်)
ကိုရီးယား
ဆက်သွယ်ရန်:
ဆရာတော်ဦးသုဝဏ္ဏ -010-5184-3578
ကိုရဲမင်းဟိန်း - 010-2857-7211
ကိုသန့်စင်ဦး - 010-2472-5531

မှတ်ချက်။ ။ အသင်းကြီး၏ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့သော လှူဒါန်းမှုအစုစုနှင့် စာရင်းရှင်းတမ်းများကိုအောက်ပါလင်ခ့်များမှ တဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
(၁)ပညာသင်စရိတ်၊ https://docs.google.com/open?id=0B0KzjgJuev6MbTVYcmI3Y0xKQnc
(၂)စက်ဆန်းမီးဘေး https://docs.google.com/open?id=0B0KzjgJuev6Mc3JHejEzTUxhM0E
(၃)ပခုက္ကူရေဘေး https://docs.google.com/open?id=0B0KzjgJuev6MbDdRM283emdpVm8
(၄)ရွှေတိဂုံစေတီတော်မြတ်ကြီး ၏အနောက်ဖက်မုခ် ခြေသုတ်ခုံ
https://docs.google.com/open?id=0B0KzjgJuev6Mckx6ZjZRSldhTjA
(၅) အသင်း အထွေထွေ အသုံးစရိတ် အလှူရှင်များ နှင့် စာရင်းရှင်းတမ်း
https://docs.google.com/open?id=0B0KzjgJuev6MdmFNYm9uZm1aeVU
မှတ်ချက်။ ။ ctrl + click နှိပ်ပြီး လင့်များကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ဗုဒ္ဓဓမ္မသံဃာ့လောကအသင်းကြီး
The Lotus Foundation (Korea)
www.lotusfoundationmm.org
(မေတ္တာ၇ပ်ခံချက်- ၁၃ ရက်နေ့ က ပြီးဆုံးသွားပေမဲ့ ဒီစာကိုရေးဘို့ အချိန်လုံးဝ (လုံးဝ) မရလို့ ခုမှ ရေးဖြစ်တာကို တောင်းပန်အပ်ပါသည်။ နားလည်ခွင့်လွှတ်နိုင်ပါစေ။)

No comments:

Post a Comment