Monday 28 May 2012

ရက်လည်ဆွမ်းကျွေး အလှူတော်

 (၂၈၊ ၅၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ကွယ်လွန်သွားသော မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်နေ ကိုဝင်းကျော်ကျော်(ခ)ကိုထင်အောင်ကျော်၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်ခင်စီ အသက်(၆၃)နှစ်အရွယ်အား ရည်စူးပြီး 3/6/2012 တနင်္ဂနွေနေ့တွင် အန်ဆန်းမြို့ သန္တိကရဝိဟာရ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းကာ အမျှပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါ၍ ကိုးရီးယားနိုင်ငံရောက် မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား ကြွရောက်၍ ကိုဝင်းကျော်ကျော်နှင့်အတူ ကုသိုလ်ပြု အမျှပေးဝေနိုင်ပါ၇န် ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

နေရာ။ ။သန္တိကရဝိဟာရ ကျောင်းတော်၊အန်ဆန်းမြို့ 

နေ့ရက်။  ။၂၀၁၂ခုနှစ် ဇွန်လ ၃ရက် တနင်္ဂနွေနေ့

အချိန်။  ။နံနက်(၇)နာရီမှ မွန်းလွဲ(၁)ထိ

ဧည့်ခံအကျွေးအမွေး။  ။မြန်မာထမင်ဟင်းလျာ

http://www.santikaravihara.blogspot.com/


No comments:

Post a Comment