Tuesday 29 May 2012

တိပိဋကဆ၇ာတော်အား အလှူပွဲ မှတ်တမ်း


ေ၇ွှရောင်နှလုံးသားများ၏ အလှူ (တိပိဋကဆရာတော် တ၇ားပွဲ)

မေလ ၂၇ ရက်နေ့ က ကိုရီးယားလူမျိုး ထေရဝါဒရဟန်းတော် ဆရာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်ဖိတ်ချက်အ၇ ဓမ္မခရီးစဉ်အဖြစ် ရောက်ရှိနေသော နဝမမြှောက် တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရကို  အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်းသို့  ပင့်ဆောင်ကာ နေ့ ဆွမ်းဆက်ကပ်ခြင်း သြဝါဒတရားနာကြားခြင်းများကို စည်ကားသိုက်မြိုက်စွာ လုပ်ဆောင်ဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံမှာတောင် တိပိဋကဆ၇ာတော်ကို ပင့်ဖိတ်ဆွမ်းကပ် တရားနာဘို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေ။ ဒါပေမဲ့ ကိုရီးယားအထိရောက်အောင် ပင့်ဆောင်ပေးသော ဆ၇ာတော် ဦးဗုဒ္ဓရက္ခိတ၏ ကူညီမှု၊ နားလည်ပေးမှု သာသနာစိတ်ရှိမှတို့ကြောင့်လို့ ဆိုရင် မှားအံ့မထင်။ အဘယ်ကြောင့်ဆိုသော် “အရှင်ရဲ့ ကျောင်းကို ပင့်ပြီး ဆွမ်းမကပ်ချင်ဘူးလားတဲ့”။ ကိုယ်ကလည်း ဆန္ဒရှိ၊ ဒကာတွေကလည်း ပင့်ချင်တဲ့စိတ်က ပြင်းပြနေဆိုတော့ ကိုယ်ကမတောင် ပင့်ဘို့ မတောင်းဆိုရသေးမီ အခွင့်ရေးကို ပေးလာလို့ လေ။
ဒကာတွေကလည်း လှူဘို့ ဆိုရင်လက်မနှေးကြ၊ ဝိုင်းကြဘို့ ဆို ရှေ့ကဆိုသလို တိပိဋကဆ၇ာတော် ကြွမယ်ဆိုတာ ယုံတောင်မယုံကြလို့  “တကယ်ရော ဟုတ်၇ဲ့ လား” လို့ မေးသူကမေးကြ၊ သံသယဖြစ်သူတွေကလည်း ဖြစ်ကြပေါ့။ မစခင်ကတော့ ကိုယ်တိုင်လည်း အဆင်ရောပြေပါ့မလား၊ တိပိဋကဆရာတော်ကိုပင့်ပြီး တင့်တင့်တယ်တယ်မှ ဆွမ်းကပ်နိုင်ပါ့မလား၊ ဂုဏ်နဲ့လိုက်အောင်မှ လှူနိုင်ပါ့မလား လားပေါင်းများစွာသော စိုးရိမ်မှုတွေနဲ့ မောနေခဲ့တယ်။
ဆွမ်းကပ်ဘို့ ဘယ်လို့ ပြင်ရပါ့၊ လာရောက်ဖူးမြော်ကြမည့် ဧည့်သည်တွေကို ဘယ်လိုအာဟာရနဲ့ ဧည့်ခံရရင်ကောင်းပါ့၊  ကုယ့်အကြောင်းကိုကိုယ်သာသိ ရံပုံငွေအင်အားကနည်းတော့ စဉ်းစားနေ၇တာတွေ အများကြီးပါပဲ။ အကျိုးတော်ဆောင်ဒကာတွေ၇ဲ့ စီစဉ်မှု စည်းလုံးမှု၊ ညီညွတ်မှုတွေကြောင့် အဆင်ပြေသွားခဲ့လို့  ရင်ထဲမတင်မကျ ဖြစ်နေတဲ့ သက်ပြင်းကြီးကျသွားတယ်။ 
သဒ္ဓါကောင်းတဲ့ ဒို့ ဒကာတွေ 

ကိုယ်က အုန်းနို့ ခေါက်ဆွဲပဲ ကျွေးမယ်၊ အလုပ်ေ၇ာ ငွေကုန်ပါသက်သာဆိုတဲ့သဘော။ ဒါပေမဲ့ သဒ္ဓါကောင်းကြတဲ့ အန်ဆန်းက ရွှေမြန်မာနိုင်ငံသားတွေက လာသမျှဧည့်သည်ကို ထမင်းပဲကျွေးချင်တယ်၊ ကုန်ကျစရိတ်ကို အားလုံးတာဝန်ယူမယ်တဲ့ မတောင်းဆိုရပဲ ထွက်ပေါ်လာတဲ့ သဒ္ဓါတ၇ား၊ ဒီလို ဖြစ်ပေါ်လာတာကိုလည်း အံ့သြစရာတော့လိုမယ်မထင် အကြောင်းမူကား ရတနာသုံးပါးနဲ့  ကံ၊ ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်ကြတဲ့ ရွှေရောင်နှလုံးသား ပိုင်ရှင်တွေမဟုတ်လား။
မကြွလာသေးဘူးလားလို့ မေးတဲ့အသံတွေကို ဖြေ၇တာလည်း အမောပါပဲ။ ဆိုးလ်မြို့ထဲက ကြွလာမှာ၊ ဆရာတော်ရဲ့ အစီစဉ်တွေကလည်း နေ့ စဉ် အပြည့်ဆိုတော့ အချိန်ကိုက်သာ ကြွလာမှာပဲလေ။ မြန်မာပြည်မှာ ကြိုဆိုသလိုမျိုး မကြိုဆိုနိုင်ပေမဲ့ အဆင်ပြေပြေနဲ့တော့ ကြိုဆိုလိုက်နိုင်ခဲ့ပါ၇ဲ့။ ခေတ်မီတဲ့ နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ပန်းစည်းတွေကမ်းလို့ ပေါ့ သိုက်သိုက်မြိုက်မြိုက် စည်စည်ကားကား ကြိုဆိုလိုက်နိုင်လို့ 
ကြိတ်ပြီးဝမ်းသာနေရတယ်။ ပန်းစည်းကပ်သူလေးတွေက်လည်း သာမန်ကလေးတွေမဟုတ် ကိုးရီးယားတစ်နိုင်ငံလုံး ကျောင်းသားအယောက်ကိုးရာ အင်္ဂလိပ်စာအုပ်ကို အလွှတ်ကျက်မှတ်ပြီး ရွတ်ဆိုပြိုင်ပွဲမှာ Grand Prize နဲ့  Gold Prize ရရှိထားကြတဲ့ မူလတန်းကလေးနှစ်ယောက်လေ။ ဥာဏ်၇ည်ထက်တဲ့ ကလေးတွေကို ဥာဏ်အလွန်ကောင်းတဲ့ ဆ၇ာတော်ကို ဖူးစေချင်လို့ ထိုကျောင်းသားနှစ်ယောက်လုံး စာသင်ပေးတဲ့ ဆ၇ာမကို မေတ္တာရပ်ခံတယ်ဆို၇င်ပဲ ထိုကလေးများရဲ့ မိဘတွေကလည်း ကြည်နူးမှု ယုံကြည်မှု အပြည့်နဲ့ ထည့်ပေးလိုက်တာပါပဲ။
ဆရာတော်ကလည်း ကုရီးယား အစားအစာတွေပဲ နေ့ စဉ်ဘုန်းပေးနေရတော့ ကိုယ့်ရိုးရာ ဟင်းလျာလေးတွေနဲ့ ဆွမ်းဘုန်းပေးရတော့ကိုယ်နိုင်ငံ ပြန်ရောက်သလို အားရပါးရ ဘုန်းပေးလိုက်တာ အချိုပွဲတောင် သိပ်မဘုန်းနိုင်လောက်အောင်ပါပဲ။ ကိုယ့်အစားအစာကို မစားရတာကြာလို့  တမ်းတနေချိန် မဟုတ်သော်လည်း ကိုယ်မြေကိုယ့်ရေ ကိုယ်ယဉ်ကျေးမှု ကိုယ့်အစားအစာကို တွေ့ လိုက် မြင်လိုက်ရ၊ စားလိုက်ရတယ်ဆိုရင်ပဲ ရေထိတဲ့ ပန်း လန်းဆန်းလာသလို စိတ်ထဲဝမ်းသာကြည်နူးတာတော့ သဘာဝကိုး။
ဆ၇ာတော်တွေအတွက် ဖွယ်ဖွယ်ရာရာ စုံစုံလင်လင် (များလွန်းလို့  ဘေးစားပွဲမှာတောင် တင်ထား၇သေးတယ်) ကပ်နိင်ရုံတင်မကသေး၊ ဧည့်ပ၇ိပ်သတ် အပေါင်းကိုလည်း သူတို့တွေ မစားရတာကြာနေတဲ့ မမေ့လက်၇ာမျိုးနဲ့ အလှူရှင်တွေကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်လို့  မမောမပန်းနိုင် ကျွေးမွေးဧည့်ခံတာကို မြင်နေတဲ့ တိပိဋကဆ၇ာတော်ရဲ့ ရင်ထဲမှာဖြင့် ၇ွာက အလှူပွဲကို ရောက်နေတယ်လို့ များထင်နေမလား မပြောတတ်။ တိပိဋကဆ၇ာတော်ကို ပင့်တဲ့ ကိုရီးယားဆ၇ာတော်က သူ့ ဒကာတွေကို သေသေချာချာ ကြည့်ထားနော်၊ ဓါတ်တွေလည်း ရိုက်ထားတဲ့။ မြန်မာလူမျိုးတွေ ဘယ်လိုဘာသာတရား ကိုင်းရှိုင်းတယ်၊ ဆွမ်းဟင်းတွေ ပြင်ဆင်ကပ်တယ်၊ လှူဒါန်းတယ်ဆိုတာကို အတုယူစေချင်တဲ့သဘော။
သူတို့ တွေက ဒီလိုလုပ်၇မယ်ဆိုတာကို မသိကြလေတော့ လက်တွေ့ ပြချင်တဲ့ သဘောပေါ့။
အလုပ်နားရက်လည်းဖြစ်တော့ ၇တဲ့အခွင့်အရေး အလွတ်မပေးဘူးဆိုပြီး ထမင်းစားပြီး တရားနာဘို့ စောင့်နေသူတွေ၊ တရားဟောချိန်ရောက်လို့  ဗိုက်ဆာပေမဲ့ မစားသေးဘဲ စောင့်ဆိုင်းနေသူတွေ၊ တ၇ားနာဘို့ သာ အာရုံစိုက်လို့  အရောက်ပြေးလာကြသူတွေနဲ့  ကျောင်း၇ဲ့ အတွင်းရော အပြင်မှာပါ အပြည့်ပါပဲ။ ကြုံခေါင့်ကြုံခဲ အခွင့်အရေးမို့  ချွေးနည်းစာလေးတွေ စုဆောင်းလို့ လှူဒါန်းကြတာဟာလည်း တ၇ားဟောဘို့  အချိန်ရောက်တာတောင် အတောမသတ်နိုင် တရုံးတရုံး။
ဆရာတော်ကလည်း ငယ်ကျွမ်းဆွေတွေ၊ ဆွေမျိုး၇င်းချာတွေ တွေ့ လို့ ဝမ်းသာနေသလို တပြုံးပြုံးနဲ့ တရားလက်ဆောင်တွေ ပေးဝေနေလိုက်တာ ကိုယ့်နိုင်ငံမှာ ကျင်းပနေတဲ့ တရားပွဲလား အောက်မေ့ရတယ်။ ဒကာတွေနဲ့ နုတ်ဆက်စကားပြော၊ ဓါတ်ပုံတွေ အတူတွဲရိုက်နဲ့  မြို့ထဲမှာ တရားဟောဘို့  အမှီ ပြန်ဘို့ တောင် အချိန်အတော်လင့် သွားအောင်ထိပါပဲ။
ဘာပဲပြောပြော ခုလို အလှူပွဲ ဖြစ်မြှောက်အောင် ဆ၇ာဒကာ လက်တွဲညီကာ တိုင်ပင်ညှိနိုင်းလို့  လုပ်ဆောင်ကြတာဟာဖြင့် ညီညွှတ်မှုရဲ့ အောင်ပွဲလို့ ဆိုရင် မှားအံ့မထင်။ သဒ္ဓါတရားတွေ အားကောင်းလို့  နှလုံးသွေးဟာ ရွှေရောင်အဆင်းရှိလို့   ရွှေနှလုံးသားပိုင်ရှင်တွေလို့ ဆိုရတဲ့ ကိုရီးယားမှာ ရောက်နေကြတဲ့ ရွှေမြန်မာတွေရဲ့ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားတွေကို မှတ်တမ်းမတင်ဘဲ ထားမယ်ဆိုရင် မှတ်တမ်းမတင်မိသူတွေ၇ဲ့ အပြစ်ပဲမို့  ခုင်မာတည်တံ့တဲ့ သမိုင်းမှတ်တိုင်ကို သန္တိကရဝိဟာရ အကျိုးတော်ဆောင်အဖွဲ့ မှ စိုက်ထူလို့  မှတ်တမ်းတင်လိုက်ပါသည်။ ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ…..
29.5.2012


No comments:

Post a Comment