Monday 21 May 2012

တိပိဋကဆရာတော်၏ သြဝါဒ တရားပွဲ




ဆိုးလ်မြို့ ဗောဓိရိပ်သာကျောင်းဆ၇ာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်လျှောက်ချက်အရ နဝမမြှောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာအရှင်ဂန္ဓမာလာလင်္ကာရသည် မေလ (၂၃) ၇က်နေ့တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မခ၇ီးစဉ်အဖြစ်
ကြွရောက်ချီးမြှောက်ပါမည်။
(၂၁) ၇က်ကြာဓမ္မခရီးစဉ်အတွင်း (၂၇) ၇က် တနင်္ဂနွေနေ့ အားလပ်ရက်တွင် တိပိဋက မြင်းခြံဆရာတော်အား ဒကာ၊ ဒကာမသူတော်ကောင်းအပေါင်းတို့  ဖူးမြော်ကြည်ညိုနိုင်ရန်၊ သြဝါဒတရားနာယူနိုင်ရန်၊ နေ့ ဆွမ်းဆက်ကပ်
လှူဒါန်း၇န် အန်ဆန်းမြို့ရှိ သန္တိကရဝိဟာရ ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပါမည်။
ဆရာတော်သည် မနက် ၁၁း၀၀ နာရီ မထိုးမီ ရောက်ရှိပြီး နေ့လည် ၁း၄၀ နာရီတွင် ဆိုးလ်မြို့ ဗောဓိဆုရိပ်သာ၌ တရားဟောရန်ပြန်လည်ကြွရောက်မည် ဖြစ်ပါ၍ ရခေါင့်ရခဲ အခွင့်အရေးကြီးကို လက်မလွှတ်ကြစေ၇န် တိုက်တွှန်းနိုးဆော်လိုက်ရပါသည် သူတော်ကောင်းအပေါင်းတို့ …။
အစီအစဉ်
နေ၇ာ - သန္တိကရဝိဟာရကျောင်းတော်၊ အန်ဆန်းမြို့
နေ့ ရက် - မေလ ၂၇ ၇က် (တနင်္ဂနွေနေ့ )
မနက် ၁၁း၀၀ နာရီ - နေ့ ဆွမ်းဆက်ကပ်
နေ့ လည် ၁၂း၃၀ - ၁း၃၀ သြဝါဒတရားနာ
ဧည့်ပရိတ်သတ်အပေါင်းအားလည်း အာဟာရဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုပါမည်။
စုံစမ်းလိုပါက - ဆ၇ာတော်ဖုန်း (၀၁၀-၅၁၈၄-၃၅၇၈) ကိုကျော်မိုး (၀၁၀၅၁၀၂-၉၉၂၆)

No comments:

Post a Comment