ကမ္ဘာ့ကုလသမဂ္ဂ၏ အသိအမှတ်ပြု အားလပ်၇က်တစ်ခု ဖြစ်တဲ့ ဗုဒ္ဓနေ့ (ဝိဆဒ်က်ဒေး) ဗုဒ္ဓမွေးနေ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါပြီ။ ဒီပွဲဟာ ကိုရီးယားနိုင်ငံကို နိုင်ငံခြားသားတွေ လာေ၇ာက်လည်ပတ်ချင်အောင် ဆွဲဆောင်ပေးတဲ့ပွဲတစ်ခုပေါ့။
ကိုရီးယားနိုင်ငံလို့ဆိုလိုက်ရင် ခရာစ်ယာန်နိုင်ငံလို့ အားလုံးက မှတ်ထင်နေကြတယ်။ တကယ်တော့ ရှေးယ္ခင်အစဉ်အလာကတည်းက ရှိခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအရဆို၇င် ဗုဒ္ဓဘာသာအဆုံးအမနှင့် အညီနေထိုင်လာကြ၊ ပွဲလန်းသဘင်တွေ ဆင်နွဲလာခဲ့ကြတာပါ။ နိုင်ငံရဲ့ အခြေနေအ၇ ပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့ပေမဲ့ တိုးတက်မှုဆိုတဲ့ေ၇စီးကြောင်းကို အမီလိုက်ချင်သူတွေက ခေတ်မီအောင်ဆိုပြီး အနောက်တိုင်းဆန်တဲ့၊ အနောက်တိုင်းယဉ်ကျေးမှုတွေကို အတုခိုးနေကြပေမဲ့ အစဉ်အလာယဉ်ကျေးမှုကိုတော့ နှစ်သက်ခုံမင်နေကြဆဲ ပုဂ္ဂိုလ်တွေ အများကြီးရှိနေဆဲပါ။ ဒါဟာလည်း သူတို့နိုင်ငံကို ဂုဏ်တင့်စေတဲ့ နိုင်ငံခြားသားတွေကို လေးစားစေတဲ့ စိတ်ဝင်စားစေတဲ့ အကြောင်းတစ်ခုဆိုရင် မှားအံ့မထင်။
နှစ်စဉ် ကျင်းပနေတဲ့ ဗုဒ္ဓမွေးနေ့ပွဲကို အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့အတူ ခေတ်နဲ့အညီ ပြင်ဆင်မှု ပါဝင်ဆင်နွဲမှုတွေကိုထည့်သွင်းကာ မေလ (၁၁)၇က် စနေနေ့ညက ဒုန်ဂုဗုဒ္ဓဘာသာတက္ကသိုလ်အားကစားကွင်းမှ ကိုရီးယားနိုင်ငံ၇ဲ့ အကြီးဆုံးဂိုဏ်းဖြစ်တဲ့ ဂျိုဂေးဆာဘုန်းကြီးကျောင်းအထိ ယဉ်ကျေးမှုသင်္ကေတများ၊ေ၇ာင်စုံမီးပုံးများ၊ သင်္ကေတ အလံများကိုင်ဆောင်ကာ ရှေးမှုမပျက် အစီအစဉ်အတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြသည်။ လမ်းဘေးဝဲယာမှ ကြည်ရှု့အားပေးနေကြသော ကိုရီးယားလူမျိုးများ နိုင်ငံခြားဧည့်သည်များဟာ လမ်းတလျှောက်လုံး ပြည့်နှက်နေပါသည်။
နောက်တနေ့ (မေ -၁၂ )တနင်္ဂနွေနေ့မှာတော့ နိုင်ငံစုံ အဖွဲ့စုံတို့မှာ ရိုး၇ာပစ္စည်းများ ယဉ်ကျေးမှုပစ္စည်းများကို ပြသကြ၊ သတ်မှတ်ထားသောနေရာ၌ ယဉ်ကျေးမှု အဆိုအကများကိုလည်း အလှည့်ကျ ဖျော်ဖြေကြနဲ့ ကြည့်စရာ လေ့လာစရာ စပ်စုစရာတွေအစုံပါပဲ။ အစားအသောက်တွေကို အလကားကျွေးကြတဲ့ အဖွဲ့တွေရှိသလို၊ ချက်ချင်းစီမံပြီး ဈေးနုံးချိုသာစွာနဲ့ ရောင်းချပေးနေတာတွေလည်း ရှိလေရဲ့။ နိုင်ငံခြားသားအများဆုံး စိတ်အဝင်စားဆုံးနေ၇ာကတော့ ကြာပန်းမီးပုံးတွေကို လက်တွေ့ပြုလုပ်တဲ့နေ၇ာပါပဲ။ လူကြီးလူငယ်အစုံ၊ အဖြူအမဲ အသားေ၇ာင်လည်းရှိ၊ ဗုဒ္ဓဘာသာဝင်မှမဟုတ် စိတ်ဝင်စားသူတိုင်း ဝင်ေ၇ာက်လုပ်ကြည့်လို့၇တဲ့နေ၇ာပါပဲ။ လူတွေစုံတာမှ ခေါင်းမြီးခြုံ မွတ်စလင်မများတောင် ပျော်ပျော်ကြီးလုပ်နေကြတာကို တွေ့ခဲ့၇။ မလုပ်တတ်မှာ မပူလေနဲ့ သင်ပြပေး ကူညီးပေးမဲ့သူတွေကလည်း အဆင်သင့်။ အဖွဲ့အသီးသီး နိုင်ငံကလည်းစုံဆိုတော့ ကြည့်စ၇ာတွေကတော့ မကုန်နိုင်အောင်ပါပဲ။
မန်မာတို့၇ဲ့နေရာမှာကတော့ (သာကူ) တိုက်တာ ခဏလေးနဲ့ကုန်သွားသတဲ့။ ပိဋကသုံးပုံးစာအုပ်များ၊ ဗုဒ္ဓခြေတော်ရာစေတီတော်၊ မင်းကွန်းဆ၇ာတော်ဘု၇ားကြီးပုံတော်နှင့် သီတဂူဆ၇ာတော်ကြီးတို့၏ ပုံတော်များ နှင့် ရွှေတိဂုံပုံ ပုဂံရှု့ခင်းများကို ပြသခဲ့ကြသည်။ ပြချင်သောပစ္စည်းများကို အလွယ်တကူ သယ်ယူဘို့ခဲယဉ်းခြင်း အကြောင်းအမျိုးမျိုးကြောင့် ဝေဝေဆာဆာ မပြသနိုင်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးထွက်ကုန်တွေကိုတော့ ပြသနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေများစွာထဲက အဖိုးမဖြတ်နိုင်သော ရတနာတစ်မျိုးဖြစ်တဲ့ ဓမ္မရတနာကို ထုတ်ပြခဲ့ခြင်းပါ။ ပိဋကတ်စာမေးပွဲကို ဘယ်လောက်ကြာအောင် လေ့လာသင်ယူ ကျက်မှတ်၇ပြီး ဘယ်လိုဖြေ၇တယ်ဆိုတာကို ရှင်းပြဖြစ်ခဲ့တယ်။ ဒီလောက်နှစ်ပေါင်း (၅၀)ကျော်ကြာ ကျင်းခဲ့ပေမဲ့ စာမေးပွဲကိုအောင်မြင်တဲ့ ဆ၇ာတော်အေ၇အတွက်က (၁၅)ပါးမျှသာ ရှိသေးကြောင်းနှင့် ထိုအထဲမှ မင်းကွန်းဆ၇ာတော်ကြီးသည် ပထမဆုံးထူးခြားစွာအောင်မြင်သူဖြစ်ကြောင်း စသည်စုံလင်စွာ ရှင်းပြဖြစ်ခဲ့သည်။
အင်အားနည်းလို့ စုံလင်အောင် မပြသနိုင်ပေမဲ့ ရှိသမျှတွေနဲ့ မြန်မာဂုဏ်ကိုဆောင်နိုင်အောင် ကိုယ့်နိုင်ငံ၇ဲ့ ဗုဒ္ဓဘာသာထွန်းကားမှုကို စုပေါင်းအားနဲ့ ပြသနိုင်ခဲ့ပါသည်။
နောင်နှစ်များမှာ တို့ရွှေမြန်မာများ အချိန်ယူလို့ လှည့်လည်ကြည့်ရှု့လို့ ကို၇ီးယားရဲ့ ယဉ်ကျေးမှုအလှကို ခံစာကြည့်ကြဘို့ တိုက်တွန်းလိုက်ပါသည်။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
မေတ္တာဖြင့်
သန္တိက၇ဆ၇ာတော်
သန္တိကရဝိဟာရ ကျောင်းတော်
အန်ဆန်းမြို့  ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း
Tuesday, 14 May 2013
Wednesday, 1 May 2013
မိခင်ကြီးအား ကုသိုလ်ပြု အမျှဝေဖိတ်ကြားလွှာ
ကွယ်လွန်သွားသော ကျေးဇူးရှင် မိခင်ကို ၇ည်စူး၍ ကုသိုလ်ပြု အမျှပေးဝေပွဲ
မူရင်းဇာတိရပ်ရွာဖြစ်သော မုဒုံမြို့၊ ညောင်ကုန်းရွာ။ ယ္ခု ၇န်ကုန်တိုင်း ပုလဲမြို့သစ် ရွှေနံ့သာစံပြ၇ပ်ကွက်တွင် နေထိုင်နေသော ကိုရီးယားနိုင်ငံ၌ စီးပွါးရှာနေသော ကိုတင်အောင်မိုး၏ အနန္တဂိုဏ်းဝင် မိခင်ကြီး ဒေါ်မြလွင် (ခ) မပေ့န် အသက် (၄၉)နှစ် အရွယ်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဘဝတစ်ပါး ပြောင်သွားကွန်လွန်သွားခဲ့ပါသည်။
မိဘကျေးဇူးကို အထူးသိတတ်သည့်အလျောက် မြတ်ဗုဒ္ဓအလိုကျ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဧည့်ပ၇ိတ်သတ်အပေါင်းအား အာဟာ၇ဒါနပြှု၍ ကောင်းမှုကုသိုလ်၇ယူကာ ထိုကုသိုလ်အဖို့ကို မိခင်ကြီးအား အမျှပေးဝေးမည်ဖြစ်ပါသည်။ မိတ်ဆွေသင်္ဂဟအပေါင်းအား ညိုးငယ်သောစိတ်ထားဖြင့် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
နေ့၇က် - မေလ ၅ ၇က် (တန်ခူးလပြည့်ကျော် ၁၀ ၇က်) တနင်္ဂနွေနေ့
တ၇ားနာချိန် - မနက် ၁၀ နာရီ
နေ၇ာ သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
မြန်မာထ္မင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါမည်။

Wednesday, 17 April 2013
ဘု၇ားေ၇ာင်တော်ဖွင့်ကုသိုလ်
မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း နှစ်သစ်ဆုမွန်ကောင်း ဦးစွာပို့သလိုက်ပါသည်။
အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာ၇ တွင် ကိုးကွယ်ပူဇော် ကုသိုလ်ယူနိုင်၇န် စိတ္တသာမဂ္ဂီလူငယ်များ စုပေါင်း လှူဒါန်းပူဇော်ထားသော ဗုဒ္ဓရုပ်ပွါးတော်ကို လာမည့်စနေနေ့ (၂၀-၄-၂၀၁၃)တွင် ဘုရားဒကာများဦးဆောင်ပြီး ဗုဒ္ဓေ၇ာင်တော်ဖွင့်မင်္ဂလာကို ညနေ (၈)နာရီတွင် ပြုလုပ်ပြိး ဗုဒ္ဓပူဇနိယမင်္ဂလာပြုလုပ်ပါမည်။
မနက်ပိုင်းတွင် မြတ်စွာဘုရား၏ အရဟံစသော ဂုဏ်တော် အနန္တကို အာရုံပြုကာ ဆွမ်းတော်ဆက်ကပ်ခြင်း၊ သံဃာတော်တို့အား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ နှစ်သစ်မှာ ဘေးရန်အပေါင်းကင်းဝေးပြီး မင်္ဂလာအပေါင်း ခညောင်းစေဘို့ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ဆ၇ာတော်မှ အန္တရာယ်ကင်း ပ၇ိတ်တော် ၇ွှတ်ဖတ်ကာ ဓမ္မစကားပြောကြားမည်ဖြစ်ပါသည်။
နှစ်သစ်ကို ကုသိုလ်ဖြင့် ကြိုဆိုနိုင်၇န်၊ လာေ၇ာက်ကြည်ညို ကုသိုလ်အတူ ၇ယူနိင်၇န် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအပေါင်းအား နိဗ္ဗာန်အကျိုးမျှော် နိုးဆော်တိုက်တွန်း ဖိတ်ကြားအပ်ပါသည်။
မေတ္တာပေး၍ မေတ္တာကို၇ယူနိင်ကြပါစေ
Saturday, 13 April 2013
စစ်ဖြစ်တော့မယ်တဲ့ ဘယ်လို နေကြမလဲ
မင်္ဂလာနှစ်သစ် ဖြစ်ပါစေကြာင်း ဆုတောင်းလိုက်ပါသည်
မြန်မာ့နှစ်သစ်ကူးခါနီးလို့ ပျော်ရွှင်စွာ ကူးကြမယ် မင်္ဂလာအပေါင်းနှင့်ပြည့်စုံတဲ့နှစ် ဖြစ်ဘို့ ဆုတောင်းကြ မျှော်လင့်ကြမှာအမှန်။
ဒီလို ပျော်ရွှင်တဲ့နှစ်သစ်ကူးခါနီးအချိန် သူတစ်ပါးပျော်ရွှင်မှုကို ဖျက်ဆီးလိုကြတဲ့ သူတွေကလည်း လောကမှာ ဒုနဲ့ဒေး။
တောင်ကို၇ီးယားမှာ ပညာေ၇း၊ စိးပွါးရေး၊ လူမှုရေး ဘာသာရေး အေ၇းမျိုးစုံ အကြောင်းမျိုးစုံးကြောင့် ရောက်နေကြတဲ့ ရွှေမြန်မာများ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာ ကိုယ့်အလုပ်ကို လုပ်လို့ ပျော်ရွှင်စွာ နေလိုကြပေမဲ့ မြောက်ကို၇ီးယားက စစ်တိုက်တာ့မယ်၊ နျူးကလီးယားထိပ်ဖူးတပ် လက်နက်တွေနဲ့ တိုက်ခိုက်တော့မယ် စတဲ့သတင်းတွေကြောင့် ထိပ်လန့်နေကြ၇။ တချို့ကလည်း လွှတ်လပ်စွာေ၇းလို့၇တဲ့ ဖေ့စ်ဘွက်ကို အသုံးချလို့ ထင်ယောင်ထင်မှား သတင်းတွေဖြန့်တာကြောင့် ကြောက်ရွှံကြ ပြန်ဘို့ပြင်ဆင်ကြ၊ ပြန်ကြသူတွေလည်းရှိကြလေရဲ့။
ဘာကြောင့် ပြန်ကြသလဲ၊ ဘာကြောင့် ကြောက်လန့်နေကြသလဲ
အ၇င်းစစ်တော့ အမြစ်မြေကဆိုသလို သေမှာကြောက်လို့ပဲလို့ ဖြေ၇မှာပဲ
အဲဒီလို ပြန်လို့ေ၇ာ လွတ်မှာတဲ့လား ကြောက်နေလိုံေ၇ာ လွတ်မှာတဲ့လား
လွှတ်မယ်ထင်လို့ ပြေးပေမဲ့ မလွှတ်နိုင်တာ အမှန် ဒါနဲ့ ပါတ်သက်လို့ မြတ်စွာဘုရား၇ဲ့ ဆွေမျိုးလည်းဖြစ် တစ်မျိုးဆို၇သော် ဘု၇ားမဖြစ်ခင်က ယောက်ခမ တော်ခဲ့သူ သုပ်ပဗုဒ်ဓဘု၇င် ဘု၇ားအပေါ်မှာ ပြစ်မှားမိပြီးတော့ (ရ)၇က်မြှောက်၇င် မြေမျိုပြီး သေမယ်ဆိုတာကို ရှောင်၇ှားဘို့ ဘုံခုနှစ်ဆင့်မြှင့်တဲ့ နေ၇ာမှာ တက်နေပေမဲ့ အချိန်တန်တော့ နန်းတော်ခြေ၇င်းမှာ မြေမျိုပြီး သေ၇တာပဲ။
သေမှာ ကြောက်လို့ ကောင်းကင်ပေါ်တက်ပုန်း၊ေ၇အောက်ထဲ ဆင်း၊ တောင်ခေါင်းအတွင်း ဝင်ပုန်းပေမဲ့ သေဘေးကတော့ မလွှတ်နိုင်ကြောင်း မြတ်စွာဘုရားက မိန့်မှာထားလေရဲ့။
မြန်မာပြည်ကို ပြန်တော့ေ၇ာ မသေဘဲနေမလား သေဘေးက လျွှတ်နိုင်ပါ့မလား (ဆင်ခြင်ကြဘို့ပါ)
သို့ပေမဲ့ တ၇ားအသိ မှန်ကန်တဲ့ ဆင်ဆင်ဥာဏ် မရှိသေးသူတွေကတော့ သေဘေးက လွှတ်လိုလွှတ်ငြား ရှောင်ပုန်းဘို့ ကြိုးစားကြလေရဲ့ (နေရပ်ပြန်သူများကို မရည်၇ွယ်ပါ)
အကယ်လို့များပေါ့ မြောက်ကို၇ီးယားက စစ်တိုက်လာတဲ့အချိန် ဘယ်သူမှ ပြေးဘို့ ရှောင်ရှားဘို့ အခွင့်မ၇နိုင်ဘူး သေဘို့သာ ရှိတော့တယ်ဆို၇င် သင်ဘာလုပ်မလဲ ဘယ်လိုပြင်ဆင်မှုမျိုးကိုလုပ်မလဲ
မြတ်စွာဘု၇ားကိုယ်တိုင် ကောသလဘု၇င်ကို အဲဒီလိုမေးခဲ့လေရဲ့
မြတ်စွာဘု၇ားကိုယ်တု်င် လက်ခံနိုင်တဲ့ ဘု၇င်ရဲ့ အဖြေကတော့ တ၇ားနဲ့ အညီ နေမှု၊ ကုသိုလ်ကောင်းမှု ပြုနေမှုမှ တပါး အခြား ဘာမှ မရှိဘူးတဲ့
ဒါကြောင့် တို့ေ၇ွှမြန်မာတွေလည်း ဒီလို အခက်ခဲ ဘေး၇န်နဲ့ ကြုံ၇မဲ့ အချိန်မှာ မကောင်းမှုတွေ မလုပ်မိအောင် ကောင်းမှုတွေ ပိုများများလုပ်ဖြစ်အောင် ကြီုးစား၇င်း ပျော်ရွှင်စွာ နေထိုင်နေကြဘို့လိုပါတယ်။
မေ့မေ့လျော့လျော့ နေကြမယ်ဆို၇င် လူဖြစ်ကျိုးမနပ်ဘဲ အ၇င်းရှုံးတဲ့ အဖြစ်နဲ့ကြုံတွေ့ဘို့ မလွဲပေ။
နှစ်သစ်လည်းကူတော့မှာ ဖြစ်တဲ့အတွက် မကောင်းမှုတွေကို လျှော့လုပ်လို့ ကောင်းမှုကို တိုးလုပ်၇င်း နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုကြပါစို့
ချမ်းသာစွာ အိပ်စက် နိုးထနိုင်ကြပါစေ
အန်ဆန်းဆ၇ာတော်

Thursday, 4 April 2013
အဖြူရောင်မေတ္တာလူငယ်များ(korea)အဖွဲ့ ၏(၃)နှစ်ပြည့် နှစ်ပတ်လည်အလှူဖိတ်ကြားခြင်း

ရေးသားသူ — အဖြူရောင်မေတ္တာလူငယ်များ(korea)
ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များ(korea)အဖွဲ့ ကို ကိုရီးယားရောက်စိတ်တူကိုယ်တူ
ညီအစ်ကိုများဖွဲ့ စည်းခဲ့ တာဟာ(၁၄.၃.၂၀၁၃)နေ့ က(၃)နှစ်ပြည့်ခဲ့ ပါပြီ။ ထို့ ကြောင့် ကျွန်တော်
တို့ အသင်းကြီးရဲ့ နှစ်ပတ်လည်အလှူကို အန်စန်းရှိ(သန္တိကရ၀ိဟာရ)မြန်မာဘုန်းတော်ကြီးကျောင်းတွင်
အနန္တောအနန္တငါးပါးဦးထိပ်ထား၍ ဘုရားအမှူးရှိသောသံဃာတော်အရှင်မြတ်တို့အား မွန်မြတ်သော
အာရုဏ်ဆွမ်း၊ နေ့ ဆွမ်းတို့ ကို လှူဒါန်းဆက်ကပ်ပြီး၊ ကြွရောက်လာသော ဧည့် ပရိတ်သတ်တို့ အားလည်း
အဟာရဒါနကုသိုလ်ပြုမည်ဖြစ်ပါသည်။သို့ ဖြစ်ပါ၍ ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ ၏
(၃)နှစ်ပြည့် အလှူဒါနကို အားပေးချီးမြှောက်ကြပါရန် ခင်မင်လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေ့ ရက်-၇.ရက်-၄.လ-၂၀၁၃..တနင်္ဂနွေနေ့ ။
နေရာ- (သန္တိကရ၀ိဟာရ)ဘုန်းတော်ကြီးကျောင်း-အန်စန်း။
အကျွေးအမွေး- အာရုဏ်ဆွမ်း-ရှမ်းခေါက်ဆွဲ
နေ့ ဆွမ်း-မြန်မာထမင်းဟင်း။
အချိန်- နံနက် ၁၀ နာရီမှ နေ့ လည် ၁၂း၃၀

Subscribe to:
Posts (Atom)