Sunday 18 October 2015

ကထိန်အလှူတော် ဖိတ်ကြားခြင်း

စုပေါင်းဘုံမဟာကထိန် အလှူတော်

အန်ဆန်းမြို့ သန္တိကရဝိဟာရ၏ စတုတ္ထအကြိမ်မြှောက် စုပေါင်းဘုံမဟာကထိန် အလှူတော်မင်္ဂလာကို 
ကိုရီးယား၌ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းပွဲကို
 အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကိုရီးယားရောက် မြန်မာနိုင်ငံသား
 ညီအစ်ကိုများကို ကြွရောက်ပြီး ကုသိုလ်ပြု တရားနာယူနိုင်ပါရန် ခင်မင်ရင်းနှီးစွာဖြင့် 
အသိပေးဖိတ်ကြားအပ်ပါသည်။

သင်္ကန်းပရိက္ခရာအစုံ ဝမ် (၅၀,၀၀၀)
တိစီဝရိတ်သင်္ကန်း    ဝမ် (၃၀,၀၀၀)

(ကြိုတင်လှူဒါန်းလိုသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ကိုယ်တိုင်သော်လည်းကောင်း ဘဏ်မှတဆင့်သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။)

ဘဏ်အကောင့် - IBK 기업은행 (630-021568-01-017) SUVANNA

ဆရာတော် (၀၁၀-၅၁၈၄-၃၅၇၈)
ကိုမြတ်မင်းဦး (၀၁၀-၇၃၄၆-၁၉၇၇)
ကိုနေလင်းထိုက် (၀၁၀-၉၅၁၂-၀၄၁၇)

အလှူပွဲအစီအစဉ်

နေ့ရက် - သီတင်းကျွတ်လ္ဆုပ် (၄)ရက် (၁.၁၁.၂၀၁၅) တနင်္ဂနွေနေ့
ရေစက်ချ တရားနာ - မနက် (၁၀) နာရီ
ဧည့်ခံမှု - အရသာရှိသော ဒံပေါက် (ကိုမြတ်မင်းဦး နှင့် ကိုနေလင်းထိုက်တို့ လက်ရာ)

နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

Tuesday 22 September 2015

အားလပ်ရက် အလှူ ဖိတ်ကြားခြင်း

ကိုရီးယား ကောက်သစ်စားပွဲ အားလပ်ရက် အလှူ


ကိုရီးယား ယဉ်ကျေးမှု ကောက်သစ်စားပွဲ အားလပ်ရက်မှာ ကိုရီးယားတွေက

တော့ မိသားစု တွေ့ဆုံကြ စားသောက် ပျော်ရွှင်ကြ၊ လပြည့်ဝန်းကြီးကို

ကြည့်ပြီး ဆုတောင်းကြနဲ့ ရိုးရာယဉ်ကျေးမှုကို ဖြတ်သန်းကြချိန်


ကိုရီးယားရောက် ကိုရွှေမြန်မာတွေကတော့ ဗဟုသုတလည်းရ ရောက်ဖူး

အောင် လျှောက်လည်ကြသူ ရှိသလို သူငယ်ချင်းများ စုပေါင်းကာ ကုသိုလ်ပြု

တရားနာရင်း အမြတ်ထုတ်ကြသူတွေလည်း မနည်းပေ


မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေ တစ်စုတည်း တွေ့ဆုံမှုကိုလည်း ဖြစ်စေနိုင်

ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ သူတပါး၏ ကုသိုလ်ပါရမီကို ဖြည့်ဆည်းပေးဘို့

မြန်မာဘုန်းကြီးကျောင်းသို့ သွားရောက်ကြရင်း အာဟာရသုံးဆောင်နိုင်ရန်

ဖိတ်ကြားပါရစေ

အန်ဆန်းမြို့က သန္တိကရဝိဟာရမှာကတော့

၁။ (၂၇.၉.၂၀၁၅) တနင်္ဂနွေနေ့ မွန်ပြည်နယ် လမိုင်းမြို့မှ ညီအစ်ကိုများ

၂။ (၂၈.၉.၂၀၁၅) တနင်္လာနေ့  "သပွတ်အူအဖွဲ့" သူငယ်ချင်းများ

၃။ (၂၉.၉.၂၀၁၅) အင်္ဂါနေ့ "စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့" သူငယ်ချင်းများ

အသီးသီးတို့က အာဟာရဒါနဖြင့် ကျွေးမွေးဧည့်ခံ ကုသိုလ်ယူကြမှာပါ။

တရားနာချင်ကြရင်ဖြင့် မနက် (၁၀) နာရီ အရောက်လာရောက်ကြဘို့

 မမေ့ကြနဲ့နော်

တရားနာ ရေစက်ချပြီးမှ ဘုန်းတော်ကြီးများအား ဆွမ်းကပ်၊

ညီအစ်ကိုတို့အားလည်း ဧည့်ခံကျွေးမွေးမှာမို့ ဆက်ဆက်ကြွကြပါရန်

မေတ္တာများဖြင့်

ကျောင်းအကျိုးဆောင်အဖွဲ့

သန္တိကရဝိဟာရ

အန်ဆန်းမြို့