Thursday 6 November 2014

ကထိန်အောင်ပွဲ ဖိတ်ကြားခြင်း

အန်ဆန်းကျောင်း ကထိန်အောင်ပွဲ

ကထိန်အောင်ပွဲ အလှူတော်ကို လာမဲ့ တနင်္ဂနွေ (၉.၁၁.၂၀၁၄)နေ့မှာ လုပ်မယ်။

 အန်ဆန်း+ဟွာဆောင်းသူငယ်ချင်းများ (အန်ဆန်းဘုန်းကြီးကျောင်းသားများ)က မတည်လှူဒါန်းပြီး စုပေါင်းကုသိုလ်ဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်တယ်။
ဒါကြောင့် ရင်းနှီးသူရော မရင်းနှီးသေးသူပါ အားလုံးကို ခင်မင်ရင်နှီးစွာ ဖိတ်ပါတယ်။

 ဒံပေါက်ထ္မင်းနှင့် ဧည့်ခံမှာ ဖြစ်ပါတယ်။
စောစောပြန်ချင်သူများ သွားစရာ လုပ်စရာ ကိစ္စရှိသူများအတွက် အဆင်ပြေစေဘို့ မနက်ပိုင်း (၁၀း၀၀)နာရီမှာ သံဃာတော်များအား လှူဒါန်းပြီး ရေစက်ချ အမျဝေကာ ဧည့်ခံကျွေးမွေးပါမည်။

ရင်းနှီးစွာအားလုံးကို လာရောက်ဘို့ ဖိတ်ခေါ်ပါသည်။

အန်ဆန်း+ဟွာဆောင်းသူငယ်ချင်းများ ကိုယ်စား
ကျောင်းအကျိုးတော်ဆောင်အဖွဲ့
သန္တိကရဝိဟာရ
အန်ဆန်း

Thursday 9 October 2014

ကထိန်အလှူတော်မင်္ဂလာဖိတ်ကြားလွာ

ကထိန်အလှူတော်မင်္ဂလာ
အန်ဆန်းမြို့ သန္တိကရဝိဟာရ၏ တတိယအကြိမ်မြှောက် ကထိန်အလှူတော်မင်္ဂလာကို 
ကိုရီးယား၌ ဝါကပ်တော်မူကြသော သံဃာတော်များကို ပင့်ဖိတ်လှူဒါန်း၍ 
ကထိန်အလှူတော်ကို အန်ဆန်း+ဟွာဆောင်း (အန်ဆန်းဘုန်းကြီးကျောင်းသား) 
ညီအစ်ကိုများ အဖွဲ့မှ မတည်ကာ စုပေါင်းကုသိုလ်ပြုပွဲကို အောက်ပါအစီအစဉ်အတိုင်း
 ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ကထိန်အလှူတော်မင်္ဂလာသို့ သူတော်ကောင်းအပေါင်းတို့အား
 ကြွရောက်ကြပါရန် ခင်မင်ရင်းနှီးစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

 (ကြိုတင်လှူဒါန်းလိုသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ၊ 
ဘဏ်မှတဆင့်ဖြစ်စေ ဖေါ်ပြပါ ပုဂ္ဂိုလ်များထံသို့ဖြစ်စေ လွဲအပ်လှူဒါန်းနိင်ပါကြောင်း ကြိုတင် 
အသိပေးအပ်ပါသည်။)
ဘဏ်အကောင့် - IBK 기업은행 (630-021568-01-017) SUVANNA

ဆရာတော် (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆)
ကိုမျိုးဇော်ဦး (မွန်လေး) (၀၁၀-၂၁၈၆-၁၇၂၈)

အစီအစဉ်

နေ့ရက် - တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်၊ (၉-၁၁-၂၀၁၄) တနင်္ဂနွေနေ့
ရေစက်ချ တရားနာ - မနက် (၁၀)
ဧည့်ခံမှု - မြန်မာ့ ဒံပေါက်

နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

Tuesday 2 September 2014

အလှူ တော်မင်္ဂလာ ဖိတ်ကြားလွှာ

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရိုးရာယဉ်ကျေးမှု ကောက်သစ်စားပွဲ (ချူးဆော့ဂ်)ကာလမှာ မိသားစုတွေ တွေ့ဆုံကြ၊ ပျော်ရွှင်ကြသလို အားလပ်ရက်မှာ မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေ တွေ့ဆုံရင်း သံသရာအတွက် ရိက္ခာကိုလည်း ပျော်ရွှင်စွာ ရှာဖွေစုဆောင်းကြပါစို့။

ဘုရားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိဿတ်အပေါင်းကို စားသောက်ဖွယ်တို့ဖြင့် ဧည့်ခံကာ ဘဝအတွက် သင်ခန်းစာယူဖွယ် သိမှတ်ဖွယ်ရာများကိုလည်း နာကြားမှတ်သားနိုင်စေရန်ကိုလည်း စီစဉ်ထားရှိပါ၍ ကြွရောက်ကြပါရန် ကျွန်တော်တို့ အလှူရှင်များမှ ခင်မင်ရင်နှီးစွာ ဖိတ်ကြားအပ်ပါသည်။

အလှူတော် မင်္ဂလာအစီအစဉ်

၁။ အလှူရှင် - ရေး-လူငယ်သူငယ်ချင်းများ

  နေ့ရက် -  (၇၊ ၉၊ ၂၀၁၄) တော်သလင်းလ္ဆန်း (၁၄)ရက် တနင်္ဂနွေနေ့

၂။ အလှူရှင် - ပုညသဟာယလူငယ်များအဖွဲ့ (ပြည့်ဖြိုး နှင့် ကျော်လင်းတို့ ဦးဆောင်သော)

 နေ့ရက်-  (၈၊ ၉၊ ၂၀၁၄) တော်သလင်းလပြည့် တနင်္ဂလာနေ့

တရားနာယူချိန် - မနက် (၁၀း၀၀)

ဧည့်ခံချိန် - မနက် (၁၁း၀၀) မှ စတင်ပါမည်

စားသောက်ဖွယ် - မြန်မာရိုးရာ စားစရာ

နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့


Monday 11 August 2014

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

အလှူတော်မင်္ဂလာ ဖိတ်ကြားလွာ

ဓမ္မအလင်းအသင်းသားများ(DMLFC)၏ မိဘများကို အမှူးထား၍ အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ကျောင်းဝေယျာဝစ္စအတွက် လစဉ်လှူဒါန်းခဲ့ကြ၊ လှူဒါန်းနေကြဆဲဖြစ်သော ကုသိုလ်အစုစုကို ရေစက်ချ အမျပေးဝေပွဲအခမ်းအနားကို ပြုလုပ်လိုပါသဖြင့် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်ပြီး ထပ်မံကုသိုလ်ယူမည်ဖြစ်ပါသည်။

သို့ပါ၍   သူငယ်ချင်းများအားလုံး လာရောက်၍ ဓမ္မအလင်းအသင်းသားများ၏ ကုသိုလ်အဖို့ကို သာဓုခေါ်ဆို အမျယူရင်း  အရသာရှိသောအာဟာရများကို လာရောက်သုံးဆောင်ကြပါရန် ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ခင်မင်လေးစားမှုဖြင့်
ဓမ္မအလင်းအသင်းသားများ
(DMLFC)

အစီအစဉ်
နေ့ရက် - ( ၁၇, ၈, ၂၀၁၄ ) တနင်္ဂနွေနေ့
တရားနာယူချိန် - မနက် (၁၀း၀၀) နာရီ
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

ဧည့်ခံမှု - အရသာရှိသော ဒံပေါက်

Wednesday 30 July 2014

အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

 နွေရာသီ အားလပ်ရက်မှာ မွန်ပြည်နယ် မုဒုံမြို့ နယ် ကမာဝက်ကျေးရွာမှ လူငယ်များက  ကုသိုလ်တွေစုဆောင်းရင်း ချမ်းသာကို ရှာဖွေရှာဖွေလိုကြပါသဖြင့် အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း မင်္ဂလာကို ပြုလုပ်မည်ဖြစ်ပါသည်။

 သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းပြီး ကြွရောက်လာကြမည့် မိတ်ဆွေအပေါင်းအသင်းများအားလည်း အာဟာရဒါန ပြုလုပ်လိုပါသဖြင့် ကြွရောက်ကြပါရန် ရိုသေစွာ ဖိတ်မန်အပ်ပါသည်။

အစီအစဉ်

တရားတော်နာ  - မနက် (၁၀း၀၀) နာရီ
ဧည့်ခံမှုအစီအစဉ် - မနက် (၈း၀၀)နာရီမှ စ၍
စားသောက်ဖွယ် - အုန်းနို့ခေါက်ဆွဲ  (သူငယ်ချင်းများအကြိုက်)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့ရက် - (၂-၈-၂၀၁၄) စနေနေ့

ကမာဝက်လူငယ်များအဖွဲ့
ကိုရီးယား

Friday 20 June 2014

ဝါဆိုသင်္ကန်းကပ်အလှူ ဖိတ်ကြားလွှာ

တတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ကောဇာသက္ကရာဇ် ၁၃၇၆ ခု ဝါဆိုလပြည့်ကျော် (၁) နေ့တွင် ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်ပြုကြသည့် နေ့ဖြစ်ပါသည်။

ဝါဆိုဦးကာလ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဗုဒ္ဓဘာသာယဉ်းကျေးမှုအစဉ်အလာနှင့်အညီ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ နှစ်စဉ် ပြုလုပ်လေ့ရှိကြပါသည်။ ကိုရီးယားနိုင်ငံ၌ သီတင်းသုံးကာ ဝါဆိုဝါကပ်တော်မူကြမည့် ရဟန်းသံဃာတော်များကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရသို့ ပင့်ဖိတ်၍ (ဂျူလှိုင်လ - ၁၃ ရက် တနင်္ဂနွေ) နေ့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပါမည်။

သို့ပါ၍ သဒ္ဓါတရားထက်သန်ကြပြီး ကုသိုလ်တိုးပွါးလိုသူ သူတော်ကောင်းအပေါင်းအားလုံးကို ကြွရောက်ကြပါရန် ဖိတ်မန္တကပြုအပ်ပါသည်။

 နေ့ရက် - ၁၃၇၆ ခု၊ ဝါဆိုလပြည့်ကျော် (၂) (13. 7. 2014) တနင်္ဂနွေနေ့
နေရာ - သန္တိကရဗုဒ္ဓဝိဟာရ၊ အန်ဆန်းမြို့           
ဧည့်ခံမှု - မြန်မာ ထ္မင်းဟင်း
တရားနာယူချိန် - မနက် (၁၀း ၀၀) နာရီ

ကြိုတင်ဆက်သွယ်လှူဒါန်းနိုင်ရန် နှင့် လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး
                                                      
  ပရိက္ခရာအစုံ              ၅၀,၀၀၀ဝမ်                                                                             
   တိစီဝရိတ်               ၃၀,၀၀၀ ဝမ်
   သင်္ကန်းဒွိစုံ                 ၂၀,၀၀၀ ဝမ်
   ခြုံထည်                   ၂၀,၀၀၀ ဝမ်
   ထီး, ဘိနပ်, ယပ်           ၅, ၀၀၀ ဝမ်စီ
   သပိတ်             ၁၀,၀၀၀ ဝမ်

ဆရာတော် (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆)          ကိုယဉ်ထွေး (၀၁၀-၂၈၂၁-၉၂၄၃)
ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉-၀၃၂၄)   ကိုမျိုးဇော်ဦး (မွန်လေး) (၀၁၀-၇၂၁၄-၂၁၃၈)


(Bank – IBK 기업은행 630-021468-01-017 SUVANNA)

Saturday 7 June 2014

တရားတော်နာ ဖိတ်ကြားခြင်း

 သေသူအား ရည်စူးကုသိုလ်ပြု နှင့် နေ့တရားပွဲ

မနက်ဖန် နယုန်လပြည့်နေ့တွင် ဂွန်ဆန်း ဒါဆန်းစက်ရုံ၌ ရုတ်တရက်သေဆုံးသွားသော မောင်စနေထွန်းအတွက် ကုသိုလ်ပြု အမျပေးမှုကိုမနက်ပိုင်းတွင် ပြုလုပ်ပြီး  နေ့လည်ပိုင်း တရားပွဲစီစဉ်သူများ၏ ပင့်ဖိတ်ချက်အရ ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော ရွေညဝါဆရာတော်၏ တရားပွဲကိုလည်း ကျင်းပပြုလု့်မည် ဖြစ်ပါသည်။

ဆရာတော်၏ နေ့စဉ်ဘဝ နေထိုင် ပြောဆို စဉ်းစားတွေးခေါ်ပုံမှစ၍ နိဗ္ဗာန်ရောက်သည်အထိ ဘဝကို ဘယ်လိုအသုံးချသင့်သည်များကို ဟောကြားချီးမြှင့်မည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် အကျိုးမျော်၍ နိုးဆော်တိုက်တွန်းအပ်ပါသည်။
အစီအစဉ်များ (8. 6. 2014) တနင်္ဂနွေနေ့

မနက်ပိုင်း
၁၀း၀၀ နာရီတွင် သေသူအတွက် ရည်စူး၍ တရားနာ ရေစက်ချ။
ဧည့်ခံမှု - မြန်မာထ္မင်းဟင်းဖြင့် ကျွေးမွေးမည် (မွန်လက်ရာ)

နေ့လည်ပိုင်း ရွှေညဝါဆရာတော်၏ တရားပွဲ
နေ့ (၁း ၃၀ )နာရီတွင် တရားပွဲစတင်ပါမည်။

အချိန်မီ ကြွရောက်ကြပါရန် နိုးဆော်တိုက်တွန်းအပ်ပါသည်။
သန္တိကရဝိဟာရဆရာတော်

Sunday 25 May 2014

ကုသိုလ်ပြု အမျပေးဝေပွဲ

ကုသိုလ်အမျ ပေးဝေပွဲ ဖိတ်ကြားလွှာ

 မုဒုံမြို့ သိမ်ကျောင်းရပ်ကွက်မှ ကိုရီးယား ဂုန်ဆောင်းမြို့ သစ်စက်အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုစနေထွန်း သည် မေလ (၁၄)ရက်နေ့တွင် မမျော်လင့်ဘဲ ရုတ်တရက် ဘဝတပါးပြောင်းသွားခဲ့ပြီး ဖြစ်ပါသည်။

ကျန်ရစ်သော ရုပ်အလောင်းကို မေလ(၂၂)ရက်နေ့က တာဝန်ရှိသူများနှင့် သူငယ်ချင်းများစုပေါင်းကာ ဂုန်ဆန်းမြို့`၌ မီးသဂြိင်္ုလ်ခဲ့ပါသည်။

ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းစဉ်လာအရ သေသူကို ရည်စူးလျက် ကုသိုလ်ပြုလုပ်ကာ အမျအတမ်းပေးဝေလိုပါသဖြင့် ဂျွန်လ (၈) ရက် တနင်္ဂနွေနေ့တွင် ရပ်ဝေးရပ်နီးမှ သူငယ်ချင်းများ ကြွရောက်၍ အတူတကွသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး  တရားနာယူ ကုသိုလ်အမျပေးဝေနိုင်ရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် (၈.၆.၂၀၁၄) တနင်္ဂနွေနေ့
တရားနာယူချိန် မနက် (၁၀း၀၀)
ဧည့်ခံမှု မွန်လက်ရာ ထ္မင်း ဟင်း
နေရာ သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

မိသားစုကိုယ်စား
ကျောင်းကော်မတီ
သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

Thursday 8 May 2014

လူတိုင်း ကျောင်း ဒကာဖြစ်ဘို့အခွင့်အရေး


လူတိုင်းကျေင်းဒကာဖြစ်ဘို့ အခွင့်အရေး

အန်ဆန်းမြို့ ၌ သန္တိကရဗုဒ္ဓဝိဟာရကို ဖွင့်လှစ်တည်ထောင်လာခဲ့သည်မှာ နှစ်နှစ်တာကာလ ကျော်လွန်၍ လာပါပြီ။ သဒ္ဓါ စေတနာ ထက်သန်ကြသော အမျိုးကောင်းသား၊ သ္မီးများ၏ စုပေါင်းလှူဒါန်းမှုကြောင့် အဆင်ပြေစွာ လောက သာသနာအရေးများကို တတ်စွမ်းသမျ လုပ်ဆောင်နိုင်ခဲ့ပါသည်။ သို့သော်လည်း လစဉ်ပေးဆောင်နေရသော လခ၊ အိမ်ပိုင်ရှင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရမှု စတဲ့အခက်အခဲများစွာကို ကျောင်းတိုင်းကြုံတွေ့နေကြရပါသည်။ သို့ပါ၍ သန္တိကရဗုဒ္ဓဝိဟာရ-ကိုလည်း ကိုယ်ပိုင်နေရာ(အခန်း)တစ်ခု ဝယ်ယူပြီး အဆင်ပြေပြေ ဣနြေ္ဒရရ သာသနာပြုနိုင်ရန် စဉ်းစား၊ တိုင်ပင်ခဲ့ကြပါသည်။ ထိုသို့တိုင်ပင်ကြရာတွင်....

၁။ ယ္ခု လက်ရှိနေထိုင်သော နေရာနှင့် မနီးမဝေးနေရာ (အန်ဆန်း နှင့် ရှီဝှာ) ဝန်းကျင် ကားမှတ်တိုင် ရထားဘူတာ အနီးဝန်းကျင်ရှိ ဖျောင် (၄၀) ခန့်ကျယ်သော နေရာ။

၂။ သိန်းနှစ်ထောင်ခန့်တန်သော အခန်း။

၃။ ထိုအခန်းကို သိန်းတစ်ထောင် စုဆောင်းမိပါက ကိုယ်ပိုင်နေရာ အခန်းအဖြစ် လက်မှတ်ထိုး ဝယ်ယူနိုင်မည်။

၎။ နှစ်နှစ်ပြည့်လျင် ကျန်သိန်းတစ်ထောင်ကို ပေးချေ၍ ကိုယ်ပိုင်ကျောင်းအဖြစ် ဖန်းတီးဖွင့်လှစ်နိုင်ပါမည်။

လူတိုင်း ကျောင်းဒကာဖြစ်နိုင်ရန် ဖျောင် (၄၀)ကို အကွက်တစ်ထောင်ဖွဲ့ပြီး (1'2')တစ်ကွက်ကို နှစ်သိန်းနှုန်းဖြင့် အလှူရှင်တစ်ဦးစီက တာဝန်ယူ၍ လစဉ် ဝမ်တစ်သောင်းကျစီ လှူဒါန်းသွားပါက နှစ်နှစ်ပြည့်လျင် သိန်းနှစ်ထောင့်လေးရာ စုဆောင်းမိပြီး တာဝန်မကြီးလေးရဘဲ ကိုယ်ပိုင်ကျောင်းတစ်နေရာကို ဝယ်ယူနိုင်မှာဖြစ်ပါသည်။

အမိမြေသို့ အပြီးပြန်ကြမည့် ညီအစ်ကိုများလည်း မပြန်မီ တစ်ကွက်(သို့) နှစ်ကွက်စာ အပြည့်လှူ ဒါန်းပြီး ကျောင်းဒကာအဖြစ်ခံယူနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။

သို့ပါ၍​ လူတိုင်းကျောင်းဒကာ ဖြစ်ဘို့အခွင့်အရေးကို ယ္ခုအချိန်မှ စတင်၍ ကောက်ခံနေပြီဖြစ်ကြောင်း အသိပေး သတင်းကောင်းပါးအပ်ပါသည်။ အလှူရှင်ကိုယ်တိုင်သော်လည်းကောင်း ဘဏ်မှတဆင့်သော်လည်းကောင်း ကိုယ်ကြိုက်နှစ်သက်သလို လျူ ဒါန်းနိုင်ပါသည်။

ဘဏ်နံပါတ် - KB (국민은행 784501-00-101741 SUVANNA)

ဆက်သွယ်ရန်
ဆရာတော် ဦးသုဝဏ္ဏ  (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်စွာလင်း        (၀၁၀-၃၄၇၇-၉၁၉၁)
ကိုကျော်မိုး               (၀၁၀-၅၁၀၂-၉၉၂၆)
ကိုယဉ်ထွေး             (၀၁၀-၂၆၂၁-၉၂၄၃)
ကိုနေမျိုး (မြင်းခြံ)      (၀၁၀-၃၁၈၉-၄၈၃၆)
ကိုသားငယ် (ဂွမ်ဂျုးလေး) (၀၁၀-၈၆၉၁-၆၂၁၄)
မျိုးဇော်ဦး (မွန်လေး) (၀၁၀-၆၅၅၈-၁၇၂၈၊  ၀၁၀-၂၁၈၆-၁၇၂၈)

ကျောင်းကော်မတီ
သန္တိကရဗုဒ္ဓဝိဟာရ
အန်ဆန်းမြို့

Monday 24 February 2014

ဝမ်းမြှောက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် သာဓုခေါ်နိုင်၇န်

ဝမ်းမြှောက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် သာဓုခေါ်နိုင်၇န်


တောင်ကိုရီးယားနိုင်ငံ အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း တည်ထောင်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၃.၂.၂၀၁၄) တနင်္ဂနွေနေ့က ကုသိုလ်ပြုဆွမ်းကပ်အလှူကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

ဗူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းမှ ဦးကိတ္တိသာရ၊ ဦးကဝိသာရတို့ ကြွရောက်ချီးမြှောက်ကြသည်။
ဆရာတော် ဦးဥတ္တရမှ မီးရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာအစစ်ဖြစ်ဘို့ ဗုဒ္ဓါနုဿတိဘာဝနာပွါးများဘို့။
 ဦးကတ္တိမှ မညီတာတွေ လိုက်မညှိဘို့ ညီစေချင်ရင် ကိုယ်တိုင်က ဗြဟ္မစိုရ်တရား ကိန်းအောင်ကြိုးစားရင်း အားလုံးညီညွတ်လာ အဆင်ပြေလာမည်ဖြစ်ကြောင်း။ 
ဦးကဝိသာရမှ ရှုပ်ထွေးတဲ့ လောကထဲမှာ ကိုယ်ကမရှုပ်ထွေး ပြဿနာတွေမဖြစ်အောင် နေနိုင်ကြဘို့ အသီးသီး သြဝါဒ ပေးခဲ့ကြသည်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ တောင့်တမှုတွေ လိုချင်မှုတွေ ပြည့်ဝနိုင်ဘို့ဆိုရင် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးပါးရှိအောင် ကြိုးစားကြဘို့။ ရှိရင် ဆန္ဒတွေပြည့်ဝနိုင်ကြောင်း အနုမောဒနာဟောကြားပြီး ရေစက်ချ အမျပေးဝေးခဲ့ကြသည်။

အလှူရှင်တွေကတော့ အရုဏ်ဆွမ်းကို ကွယ်လွန်သူဖခင်ကြီး ဦးစိန်ကြည်အတွက် ကိုမြတ်မင်းဦးမှလည်းကောင်း၊ နေ့ဆွမ်းကို ဘုရားအလှူရှင်များဖြစ်သော 'စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့'မှ တာဝန်ယူလှူဒါန်းခဲ့ကြသည်။

ကျောင်းနှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကုသိုလ်ယူသည့်အနေဖြင့် ဖူဆန်မြို့၌ မြန်မာပိုင်ကျောင်းအဖြစ် အသစ်ဖွင့်လှစ်တော့မည့် 'ဓမ္မယာနပြည်တော်ဦးကျောင်း'သို့ အလှူငွေ '၃၀၀,၀၀၀' ဝမ်ကို ဘဏ်မှလွဲအပ်လှူးနိုင်ခဲ့ကြပါသည်။

ကြွရောက်လှူဒါန်းကြသော အလှူရှင်များ၊ အားပေးကြသော ပရိတ်သတ်အားနှင့် ဆရာတော်များအားလုံးကို  ကျေးဇူးတင် ဝမ်းမြှောက် သာဓုခေါ်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

သန္တိကရဝိဟာရဆရာတော်
၂၄၊ ၂၊ ၂၀၁၄

Sunday 16 February 2014

ကျောင်းနှစ်ပါတ်လည် ဆွမ်းကပ်အလှူ

ကိုရီးယား၌ မြတ်ဗုဒ္ဓ၏ အဆုံးအမများကို ဟောကြားပြသရန်နှင့်  တတ်စွမ်းသမျှ မြန်မာလူမျိုးများအား ကူညီမှုပေးရန် ရည်သန်လျက် သန္တိကရဝိဟာရကို အန်ဆန်းမြို့၌ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။

  ယ္ခု ကျောင်းဖွင့်လှစ်ခြင်း နှစ်နှစ်မြှောက် နှစ်ပါတ်လည် အထိမ်းအမှတ်ကို သာသနာပြုလုပ်ငန်းများ ဆက်လက်ပြီး လုပ်ဆောင်နိုင်ဘို့ စိတ်ရည်သန်လျက် "မွေးနေ့ မွေး၇က်ကုသိုလ်ဆက် အသက်ပို၍ရှည်" ဆိုသည့်အတိုင်း ကုသိုလ်များဆထက်တိုးနိုင်စေဘို့ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းစသည့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းမှုများကို ကြိုးစားအားထုတ်ကြပါမည်။

ထိုကုသိုလ်ပြုအလှူကို ဘုရားဒကာများ ဖြစ်ကြသော "စိတ္တသာမဂ္ဂီ လူငယ်များ"မှ တာဝန်ယူပြီး မြန်မာဟင်းထ္မင်းဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းမှာ ဖြစ်သည့်အတွက် အားလုံးသော ရွှေမြန်မာများကို ကြွေ၇ာက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့၇က် - ဖေဖေါ်ဝါရီလ (၂၃) ရက် တနင်္ဂနွေနေ့
တရားတော်နာ - မနက် (၁၀) နာရီ
ဧည့်ခံမှု - မြန်မာဟင်းထ္မင်း (မနက် - ၁၁-နာရီမှစ၍)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း

ရက်လည်ဆွမ်းကပ်အလှူ


ကိုရီးယား၌ စီးပွါးရှာနေသော အန်ဆန်းကျောင်းအလှူအတန်း ဖြစ်မျြောက်အေင်မြင်စေ၇န် ချက်ပြုတ်မှု ဝေယျာဝစ္စကို အဓိက တာဝန်ယူပေးနေသော မြောက်ဥက္ကလာပမြိုနယ် တုသိတာ (၁)လမ်းနေ ကိုမြတ်မင်းဦး၏ အနန္တဂိုဏ်း ကျေးဇူးရှင်ဖခင်ကြီး ဦးစိန်ကြည် အသက် (၈၀)နှစ် သေည် (၁၅၊ ၂၊ ၂၀၁၄) စနေနေ့ နံနက် (၁၀)နာရီတွင် ဘဝတပါး ပြောင်းသွားကွယ်လွန်သွားခဲ့ပါသည်။

 ကွယ်လွန်သူဖခင်ကြီးအတွက် သားသ္မီးတို့ဝတ္တရားရှိသည့်အတိုင်း ကုသိုလ်ကောင်းမှုပြုပြီး အမျှအတမ်းပေးဝေလိုပါသဖြင့် အန်ဆန်းမြို့ သန္တိကရယိဟာရ၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းမှုကို ပြုလုပ်ပါမည်။ 

  
အချိန် - အရုဏ် မုံ့ဟင်းငါးဆွမ်း (ကိုယ်တိုင်ချက် လက်ရာ)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
နေ့ရက် - ဖေဖေါ်ဝါရီလ ၂၃ ရက်၊ တနင်္ဂနွေနေ့

Sunday 9 February 2014

မြန်မာပိုင်ကျောင်း ဖြစ်လိုလျင်

လွန်ခဲ့သော တစ်နှစ်ကျော်က တစ်ယောက်တစ်သောင်း မြန်မာပိုင်ကျောင်းဆိုပြီးတော့ မြန်မာပိုင် ဘုန်းတော်ကြီးကျောင်း ပေါ်ပေါက်လာနိုင်တဲ့ နည်းလမ်းလေးကို ရေးသားတင်ပြခဲ့ဖူးပါတယ်။ ခု ဒီစာကိုလည်း ရေးမယ်လို့ ကြံရွယ်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ခုတော့ ကိုဇာနည်ရဲ့ ဖေစ်ဘုက်ထဲကစာကို ဖတ်မိတော့မှပဲ မဖြစ်မနေ ရေးဖြစ်တော့တယ်။

ခုဆိုရင် ပထမဦးစွာ မြန်မာပိုင်ဘုန်းကြီးကျောင်းတစ်ကျောင်းတော့ ဖူဆန်မှာ ပေါ်ထွက်လာပါပြီ။ ဝမ်းသာစရာ သတင်းကောင်းပေါ့။ တကယ်က တစ်နှစ်တစ်ကျောင်းတောင် ဝယ်ချင်ရင် ဝယ်နိုင်တဲ့ အခွင့်အရေးက လက်တကမ်းမှာ ရှိနေပါတယ်။

 ကိုရီးယားမှာ ရောက်ရှိစီးပွါးရှာနေကြတဲ့ ရွှေမြန်မာတို့ရဲ့ အရေအတွက်ဟာ တစ်သောင်းကျော်သွားပါပြီ။ အဆင်ပြေသူတွေ ရှိသလို အဆင်မပြေသူတွေလည်း ရှိနေလေရဲ့။ အရင်တစ်ခါ ရေးခဲ့စဉ်က လူဦးရေခြောက်ထောင်ကျော်သာ ရှိခဲ့ပါသေးတယ်။ ခုအချိန်မှာ လူတိုင်းသာ ကိုယ့်မြန်မာပိုင်ကျောင်း    ပေါ်ပေါက်ချင်တယ်ဆိုရင် လွယ်တယ်လို့ ပြောလို့ရပါတယ်။

လူတိုင်း တစ်လလျင် တစ်သောင်းစီ လှူဒါန်းမယ်ဆိုရင် တစ်လလျင် ဝမ် သိန်းတစ်ထောင် စုနိုင်ပါလိမ့်မယ်။ ဒါဆိုရင် တစ်နှစ်ကြာလျင် သိန်းပေါင်း ဆယ့်နှစ်ထောင် (၁၂ ဝေါ့ဗ်) စုနိုင်မှာဖြစ်လို့ တစ်ကျောင်း (အဆောက်အဦးတစ်ခု)ကို ဝယ်ယူလှူဒါန်းနိုင်ပါလိမ့်မယ်။ ကြီးကျယ်လွန်းတဲ့ အဆောက်အဦးကိုတော့ မဆိုလိုပါ။

တချို့ကလည်း လစဉ်အသုံးစရိတ်တွေ လှူဒါန်းမှုတွေအတွက်ကို တွေးပြီး ပူနေကြပါသေးတယ်။ ဒီအတွက်လည်း လစဉ် သုံးထောင်စီ လှူဒါန်းကြမယ်ဆိုရင် သိန်းသုံးရာကို စုဆောင်းနိုင်မှာမို့ ကိုရီးယားမှာရှိတဲ့ ကျောင်းတိုင်းရဲ့ လစဉ်အသုံးစရိတ်အားလုံးကို မျဝေပြီး လှူဒါန်းလိုက်မယ်ဆိုရင် စိတ်ပူပန်စရာ မရှိနိုင်ပါဘူး။
ဒါကြောင့် လစဉ် လူတိုင်း တစ်သောင်း သုံးထောင်ဝမ်စီသာ လှူဒါန်းထည့်ဝင်ကြမယ်ဆိုရင် လစဉ် သိန်းပေါ်င်း တစ်ထောင်သုံးရာစီစုဆောင်းနိုင်ပြီး မြန်မာပိုင် ကျောင်းပေါ်ပေါက်ဘို့၊ လစဉ် အသုံးစရိတ်တွေကိုလည်း ထောက်ပံ့လှူဒါန်းနိုင်မှာအမှန်ပါ။

ဒီလိုနည်းဖြင့်သာ အားလုံးစိတ်ပါဝင်စားစွာ စုဆောင်း စုပေါင်းလှူဒါန်းကြမယ်ဆိုရင် တစ်နှစ်ကို မြန်မာပိုင်ကျေုာင်းတစ်ခု ပေါ်ပေါက်လာနိုင်မှာ မလွဲဧကန်ပါပဲ။
ကိုယ့်ဗုဒ္ဓဘာသာကျောင်းတွေသာ မပေါ်ထွက်လာနိုင်ပေမဲ့ သူများတွေကတော့ အရှိုရှို ပေါ်ထွက်လာနေလေရဲ့။

ကိုယ့်မြန်မာ့ဂုဏ်ဆောင် ကိုယ်ပိုင်ကျောင်းတွေ ပေါ်ပေါက်ချင်တဲ့ ကျောင်းအလှူရှင် ဖြစ်လိုတဲ့ စိတ်ကလေးသာ လူတိုင်းမှာ ရှိကြရင်ဖြင့် မကြာမီသော အချိန်တိုအတွင်းမှာ မြန်မာတို့ရဲ့ဂုဏ်ဆောင် ကျောင်းတော်ကြီးတွေကို တွေ့မြင်နိုင်ကြရမှာပါ။

ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

Sunday 26 January 2014

အလှူမင်္ဂလာ ဖိတ်ကြားလွှာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ညီအစ်ကို မိသားစု၏ နှစ်စဉ်ပြုလုပ်နေကျ ကိုရီးယားနှစ်သစ်ကူး နှစ်ဦးအလှူ ဆွမ်းကပ်မင်္ဂလာကို အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်သည်အပေါင်းတို့အား မြန်မာဟင်းထ္မင်းဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။

နှစ်သစ်ကူးအားလပ်ရက်တွင် မိတ်ဟောင်း မိတ်သစ်များနှင့် တွေ့ဆုံပြီး အိမ်အလွမ်းပြေ မြန်မာထ္မင်းကို သုံးဆောင်ရင်း ကလေးမြို့ညီအစ်ကိုများ၏ စေတနာကို အသိအမှတ်ပြုသောအားဖြင့် လာရောက်အားပေးသုံးဆောင်ကြပါ၇န် မေတ္တာဖြင့် ဖိတ်မန်အပ်ပါသည်။

အချိန် - မနက် (၁၀)နာရီ တရားတော်နာ ရေစက်ချ
           မနက်(၁၁)နာရီမှ စတင်၍ ဧည့်ခံပါမည်
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့၇က် - ၃၁၊ ၁၊ ၂၀၁၄ (သောကြာနေ့)

ဆက်သွယ်ရန်
ကိုသန်းလွင် (၀၁၀-၄၁၃၉-၄၂၄၁)
ကိုဘီဂျေ     (၀၁၀-၉၈၈၁-၅၄၂၅)