Sunday 29 July 2012

ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ပွဲ

ပထမအကြိမ် ဓမ္မစကြာတရားတော် ရွတ်ဖတ်ပူဇော်ပွဲ
ဗုဒ္ဓမြတ်စွာ တ၇ားဦးဓမ္မစကြာဟောကြားတော်မူခြင်း နှစ်ပေါင်း(၂၆၀၁)နှစ်မြှောက် အထိမ်းအမှတ်အဖြစ် သန္တိကရဗုဒ္ဓဝိဟာရ၌ ၁၃၇၄ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် (၂) ရက် (၄-၈-၂၀၁၂) စနေနေ့ ည (၈)နာရီတွင် ဓမ္မစကြာတရားတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်ပါမည်။
 ရှေးဦးစွာ ဘု၇ားေ၇ာင်ခြည်တော်ဖွင့်မင်္ဂလာကို ပြုလုပ်၍ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်မည်ဖြစ်ပါ၍ သဒ္ဓါ ၊ဆန္ဒရှိသူမှန်သမျှ ကြွရောက်ကုသိုလ်ယူ ကြည်ညိုသဒ္ဓါပွါးများနိုင်ရန် အသိပေး နိုးဆော်တိုက်တွန်းအပ်ပါသည် သူတော်ကောင်းအပေါင်းတို့ !

Sunday 22 July 2012

ကြော်ငြာ

                      ဝါဆိုကာလ သင်္ကန်းအလှူ ပေးလှူကြစို့ 
ဝါဆိုသင်္ကန်းအလှူပေးလှူမှုဟာ မြန်မာ့ယဉ်ကျေးမှု တစ်ခုလည်းဖြစ်သလို မြတ်ဗုဒ္ဓ၏ လမ်းညွှန်မှုနှင့် အညီလည်း ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးများဟာ ရောက်ရာအရပ်ဒေသတိုင်း၌ ကိုယ်ယဉ်ကျေးမှုကိုလည်း ဖေါ်ထုတ်ခြင်းအားဖြင့် မြတ်ဗုဒ္ဓသာသနာကို ထောက်ပံ့လေရှိကြပေသည်။
ဝါဆိုလပြည့်ကျော် (၁၀) (12-8-2012) တနင်္ဂနွေနေ့ တွင် သန္တိကရဝိဟာရကျောင်းတော်၌ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ပထမဆုံးအကြိမ်ပြုလုပ်မည်ဖြစ်ပါ၍ ဗုဒ္ဓဘာသာနွယ်ဝင် ရွှေညီအစ်ကိုအပေါင်းအား အထူးအားဖြင့် ဖိတ်ကြားအပ်ပါသည်။
သူငယ်ချင်းများ စုပေါင်း၍သော်လည်းကောင်း တစ်ဦးတည်းသော်လည်းကောင်း ကုသိုလ်ယူနိုင်ရန် ကြိုတင်၍ ပုဗ္ဗစေတနာ ဖြစ်ပွါးနိုင်စေရန် ကြိုတင် အသိပေးအပ်ပါသည်။
အလှူအစီစဉ် အသေးစိပ်ကို  ထပ်မံ၍ အသိပေးပါမည်။

ကျောင်းကော်မတီ

လမ်းညွှန်

                                                        ကျောင်းလမ်းညွှန်
                     
·         ဗူဖျောင်းဘက်မှ 737Bus စီးလာသူများ 주택사거리 မှတ်တိုင်၌ဆင်း၍ ရှေ့၌တွေ့ သော မီးပွိုင့်မှ ညာဘက်ချိုးပြီး တည့်တည့်ရှောက်ပါ ကားရပ်စခန်းရောက်လျှင် (초동학요 사거리) လမ်းကူးပြီးလျင်ပြီးချင်း ကျောင်းကိုရောက်နိုင်ပါသည်။
·         အန်ဆန်းဘူတာမှ Bus -22, 52,55, 101,30-2, စသည်စီးပါက 곤자시장 ၌ ဆင်း၍ ရှေ့တည့်တည့်ရှောက်လျှင် လမ်းတစ်ဖက်၌ ကျောင်းကို မြင်နိုင်ပါသည်။
·         ဘူတာမှ လမ်းရှောက်လိုသူများ ဈေးလမ်းအတွင်းမှ တည့်တည့်လျှောက်၊ လမ်းဆုံးေ၇ာက်က ညာဘက်ချိုးကာ တည့်တည့်လျှောက်၊ လမ်းဆုံးလျင်တောင်ကုန်းရောက်ပါမည်။ ထိုမှ ဘယ်ဘက်ကို လျှောက်လျင် ကားရပ်စခန်းရောက်လျင်  မီးပွိုင့်လမ်းဆုံးဘေး၇ှိ အနီရောင်တိုက်အပေါ်၌ သာသနာ့အလံနှင့် ကျောာင်းအမည်ကို တွေ့ နိုင်ပါသည်။
·         (ကျောင်းတော်အတွက် လှူဒါန်းလိုပါက အန်ဆန်းမြို့ ရှိ လမင်းအိမ်မြန်မာဆိုင်မှလည်းကောင်း၊ ကျောင်းသို့ တိုက်ရိုက်ဆက်သွယ်၍လည်းကောင်း၊ ဘဏ်မှလည်းကောင်း ငွေလွှဲ၍ လှူဒါန်းနိုင်ပါကြောင်း)
လိပ်စာ- 401, 775-12, Wongok-dong, Danwon-gu, Ansan-si, Gyeonggi-do.
          경기도 안산시 단원구 원곡동 775-12, 401
Bank – IBK (기업은행) 630-021568-01-017   SUVANNA
ဆက်သွယ်ရန်- ကျောင်းဖုန်း ၀၇၀-၈၉၆၆-၅၁၈၄။ ဆရာတော်- ၀၁၀-၅၁၈၄-၃၅၇၈။
          ကိုမောင်မောင်(လမင်းအိမ်)-၀၁၁-၄၇၂-၂၈၃၈။ ကိုကျော်မိုး- ၀၁၀-၅၁၀၂-၉၉၂၆
          
                                                                         ကျောင်းအကျိုးတော်ဆောင်အဖွဲ့ 

အလှူမင်္ဂလာ ဖိတ်ကြားလွှာ

ဆွမ်းကပ်အလှူ ဖိတ်ကြားလွှာ
ဝါတွင်းကာလ ရောက်ပြီဆိုမှဖြင့် မြန်မာတို့ ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံရှိသည့်အားလျှော်စွာ ဘု၇ားကျောင်းကန်သွားကာ သီလဆောက်တည် ကုသိုလ်ကုသိုလ်ပြု အမျှအတမ်းပေးဝေမှုကို ပြုဘို့ ရန် မမေ့လျော့ကြပေ။
(၅၊ ၈၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ဝါဆိုဦးကုသိုလ်အဖြစ် အညာမြေသူငယ်ချင်းတစ်စု စုပေါင်းကာ သံဃာတော်အရှင်သူမြတ်တို့ အား နေ့ ဆွမ်းဆက်ကပ်ပြီး  ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း၍ တရားတော်နာ၊ မေတ္တာပို့  အမျှအတမ်းပေးဝေလိုပါသဖြင့် နွေအားလပ်၇က် အနားယူ လည်ပတ်ရင်း ပျော်ရွင်စွာ ဆုံတွေ့ ကြပါစို့
မြန်မာထ္မင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေရာ - သန္တိကရဝိဟာရကျောင်းတော် အန်ဆန်းမြို့
 နေ့၇က်နှင့် အချိန် - ၅၊ ၈၊ ၂၀၁၂ (မနက် ၁၀ နာရီ တရားနာ)
                                                                                                       ခင်မင်စွာဖြင့်
                                                                                                        အညာမြေသူငယ်ချင်းတစ်စု

Saturday 14 July 2012

အလုပ်ပြောင်းရွှေ့ သူများသိစေရန်

အလုပ်နေရာပြောင်းရွှေ့ လျှောက်ထားလိုသော နိုင်ငံခြားသားလုပ်သားများအတွက် လမ်းညွှန်ချက်
၂၀၁၂ ခုနှစ် သြဂုတ်လ (၁) ၇က်နေ့ မှစတင်၍ အလုပ်ရုံနေရာ ပြောင်းရွှေ့ လိုသော နိုင်ငံခြားသားလုပ်သားများထံသို့  အလုပ်ခေါ်သော အလုပ်ရုံအမည်စာရင်းများကို အသိပေး မည်မဟုတ်ပါ
*ယခင်က အလုပ်လုပ်ကိုင်နေသော အလုပ်ရုံနေရာမှပြောင်းရွှေ့ ရန်၇ည်ရွယ်သော နိုင်ငံခြားသားလုပ်သားသည် လုပ်သားခေါ်ယူမှု စင်တာမှပေးသော အလုပ်ရုံ အမည်စာရင်းများကို လက်ခံပြီး လုပ်ငန်းအချက်အလက်များကို နိုးယှဉ်ကြည့်ရှု့ပြီးနောက် အလုပ်သမားခေါ်ယူ အသုံးပြုရန် ဆန္ဒရှိသော အလုပ်ရုံများထဲမှ တစ်ခုကို ရွေးချယ်လုပ်ကိုင်ခွင့် ရှိခဲ့ပါသည်။
*သို့ရာတွင် ၂၀၁၂ ခု သြဂုတ်လမှစ၍ အလုပ်ရှင်များထံသို့ အလုပ်လျှောက်ထားသူများ အမည်စာရင်းပေးခြင်းနှင့် နိုင်ငံခြားသားလုပ်သားများထံသို့  အလုပ်ရုံအမည်စာရင်းပေးခြင်း စသည်ကို မပေးတော့ပါ။
*ဤအကြောင်းအရာများနှင့် ပတ်သက်ပြီး အလုပ်ရုံနေရာ ပြောင်းရွှေ့ ခွင့် လျှောက်ထားသော နိုင်ငံခြားသားများ အနေဖြင့် မလွဲမသွေ သိရှိထားရန်လိုအပ်သော အချက်အလက်များအား အောက်ပါအတိုင်း ဖေါ်ပြထားပြီးဖြစ်ပါသောကြောင့် သေချာမှတ်သားလိုက်နာ၍ အလုပ်ရုံပြောင်းရွှေ့ ခွင့် သက်တမ်းကာလအတွင်း ပြောင်းရွှေ့ ၇န် အလုပ်ရုံရှာမရခြင်းကြောင့် မိခင်နိုင်ငံသို့  ပြန်သွားရခြင်းမျိုး မဖြစ်ရလေအောင် သတိပြုစေချင်ပါသည်။
*ထပ်လောင်း၍ (၄) နှစ် (၁၀)လ သို့မဟုတ် (၆)နှစ် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကာလအတွင်း စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းသော်လည်းကောင်း အသေးစားကုန်ထုတ်လုပ်ငန်းများတွင်သော်လည်းကောင်း အလုပ်ရုံပြောင်းရွှေ့ ခြင်းမရှိ အလုပ်လုပ်ကိုင်ခဲ့ခြင်းမျိုး (အလုပ်သမား၏ အမှားအယွင်းကြောင့်မဟုတ်ဘဲ အလုပ်ရုံပြောင်းရွှေ့ သည့် အခြေအနေအပါအဝင်) ဆိုပါက မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွါပြီး (၃) လကြာပြီးနောက် အလုပ်လုပ်ကိုင်ခဲ့သော အလုပ်ရုံသို့  ပြန်လည်ဝင်ေ၇ာက် အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်ပါသည်။ (ရိုးသားကြီုးစားသော လုပ်သားအဖြစ် တဖန်လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်မူဝါဒ)အား (၂၀၁၂-၇-၂) ရက်နေ့ မှစတင် ပြဌာန်းလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
*၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ လုပ်သားများမှ အလုပ်ရှင်ထံသို့ ဆက်သွယ်ခြင်းမျိုး မဟုတ်ဘဲ၊ အလုပ်ရှင်မှ ဆက်သွယ်ခေါ်ယူမှုအပေါ်တွင် လုပ်ငန်းအချက်အလက်များအား ကြည့်ရှု့ ၍ ဆုံးဖြတ်မည်ဖြစ်ပါသည်။
* ဆက်လက်၍ နိုင်ငံခြားလုပ်သားသည် အလုပ်ရုံနေရာ ပြောင်းရွှေ့စဉ် မျှော်မှန်းအလုပ်ရုံတည်နေရာ အစရှိသဖြင့် တိတိကျကျ ဖေါ်ပြေ၇းသားပေး၇မည်ဖြစ်ပြီး အထူးသဖြင့် မည့်သည့်အချိန်တွင်မဆို ဆက်သွယ်ရရှိနိုင်မည့် ဖုန်းနံပါတ်ကိုလည်း တိတိကျကျ ရေးသားဖြည့်စွက်ပေးပါရန်နှင့် အလုပ်ရုံနေရာပြောင်းရွှေ့ ခွင့်သက်တမ်းကာလ အတွင်းတွင် အတတ်နိုင်ဆုံး ၄င်းဖုန်းနံပါတ်ကို မပြောင်းပါနှင့်။ (အကယ်၍ ဖုန်းနံပါတ် ပြောင်းလဲခဲ့ပါက လုပ်သားခေါ်ယူမှု စင်တာသို့ သွားရောက် အသိပေးအကြောင်းကြားရပါမည်။)
*နိုင်ငံခြားသားလုပ်သားသည် အထက်ဖေါ်ပြပါအတိုင်း (၃)လအတွင်း ပြောင်းရွှေ့ လုပ်ကိုင်၇န် အလုပ်ရုံမရရှိပါက မလွဲမသွေ မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွါရမည်ဖြစ်ပါသည်။ ဆက်လက်အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက လုပ်သားခေါ်ယူမှုစင်တာမှ မိတ်ဆက်ပေးမှုကိုလိုက်၍ အလုပ်ရှင်ထံမှ အင်တာဗျူးခေါ်ဆိုခြင်းများ အပေါ်တွင် တက်တက်ကြွကြွ လုပ်ဆောင်ခြင်းမျိုးဖြင့် အလုပ်ရှင်မှ မိတ်ဆွေအား ခေါ်ယူအသုံးပြုလာသည့်တိုင်အောင် ကြိုးစားရမည်ဖြစ်ပါသည်။
*မိတ်ဆွေ၏ ပထမဦးစားပေး အလုပ်ရုံ တည်နေရာသည် (--------) ဖြစ်ပါသည်။ (၂၀၁၂-၈-၁) ရက်နေ့ မှစ၍ မိတ်ဆွေအလုပ်လုပ်ရန် ဆန္ဒရှိသော အလုပ်ရုံတည်နေရာနှင့် သက်ဆိုင်သော ကိစ္စကို လုပ်သားခေါ်ယူမှုစင်တာမှ မိတ်ဆွေနှင့် ပတ်သက်သည့် အလုပ်ရုံမိတ်ဆက်ခြင်းများကို လုပ်ကိုင်ဆောင်၇ွက်ပေးသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၃၁-၄၉၆-၁၉၂၃
(မှတ်ချက်- အန်ဆန်း လုပ်သားကူညီမှုစင်တာမှ ရရှိသော စာသားကို ပြန်လည်ကူးယူဖေါ်ပြပါသည်)