Sunday 14 July 2013

မြတ်ဝါဆိုသင်္ကန်းအလှူ ဖိတ်ကြားလွှာ


ဝါဆိုသင်္ကန်းအလှူသည် နိဗဒ္ဓအလှူတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိဗဒ္ဓအလှူကို ပေးလှူသူသည် သောတာပန်ကဲ့သို့ အပါယ်မလားနိုင်ဟု ကျမ်းဂန်၌ဆိုသည်။

အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း၌ ဒုတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (၂၈၊ ရ၊ ၂၀၁၃) နေ့တွင် ကိုရီးယားရောက် မြန်မာမိသားစုများ စုပေါင်းကာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ပင့်ဖိတ်၍ ကြွေ၇ာက်လာကြမည့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပ၇ိတ်သတ်အပေါင်းအားလည်း အာဟာရဒါနဖြင့် ဧည့်ခံကျွေမွေးမည် ဖြစ်ပါ၍ အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းအား ကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။

လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး

ပရိက္ခရာအစုံ -  ၅၀,၀၀၀ ဝမ်
တိစီဝ၇ိတ်  -    ၃၀,၀၀၀  ဝမ်
သင်္ကန်းဒွိစုံ  -   ၂၀,၀၀၀  ဝမ်
ခြုံထည်      -   ၂၀,၀၀၀  ဝမ်
ထီး ၊ ဖိနပ် ၊ ယပ် - ၅၀၀၀ ဝမ်စီ
သပိတ်      -   ၁၀,၀၀၀ ဝမ်

ကြိုတင်ဆက်သွယ်လှူဒါန်းလိုသော ပါရမီရှင်များ အောင်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ကိုကျော်မိုး  (၀၁၀-၅၁၀၂-၉ ၉ ၂၆)
ကိုယဉ်ထွေး (၀၁၀-၂၆၂၁-၉ ၂၄၃)
ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉ -၀၃၂၄)

အလှူေ၇စက်ချ အချိန် - မနက် ၁၀း၀၀ နာ၇ီ
ဆွမ်းကပ်ချိန်   - မနက်  ၁၁း၁၅ နာ၇ီ
နေ့၇က် - ဝါဆိုလပြည့်ကျော် (၆)၇က်။ (၂၈၊ ၇၊ ၂၀၁၃)
စားသောက်ဖွယ် - မြန်မာဟင်းထ္မင်း
နေ၇ာ  - သန္တိက၇ဝိဟာ၇၊ အန်ဆန်းမြို့