Tuesday, 29 May 2012
တိပိဋကဆ၇ာတော်အား အလှူပွဲ မှတ်တမ်း
ေ၇ွှရောင်နှလုံးသားများ၏
အလှူ (တိပိဋကဆရာတော် တ၇ားပွဲ)
မေလ
၂၇ ရက်နေ့ က ကိုရီးယားလူမျိုး ထေရဝါဒရဟန်းတော် ဆရာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်ဖိတ်ချက်အ၇
ဓမ္မခရီးစဉ်အဖြစ် ရောက်ရှိနေသော နဝမမြှောက် တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရကို အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်းသို့  ပင့်ဆောင်ကာ
နေ့ ဆွမ်းဆက်ကပ်ခြင်း သြဝါဒတရားနာကြားခြင်းများကို စည်ကားသိုက်မြိုက်စွာ လုပ်ဆောင်ဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံမှာတောင်
တိပိဋကဆ၇ာတော်ကို ပင့်ဖိတ်ဆွမ်းကပ် တရားနာဘို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေ။ ဒါပေမဲ့
ကိုရီးယားအထိရောက်အောင် ပင့်ဆောင်ပေးသော ဆ၇ာတော် ဦးဗုဒ္ဓရက္ခိတ၏ ကူညီမှု၊ နားလည်ပေးမှု
သာသနာစိတ်ရှိမှတို့ကြောင့်လို့ ဆိုရင် မှားအံ့မထင်။ အဘယ်ကြောင့်ဆိုသော် “အရှင်ရဲ
့ကျောင်းကို ပင့်ပြီး ဆွမ်းမကပ်ချင်ဘူးလားတဲ့”။ ကိုယ်ကလည်း ဆန္ဒရှိ၊ ဒကာတွေကလည်း ပင့်ချင်တဲ့စိတ်က
ပြင်းပြနေဆိုတော့ ကိုယ်ကမတောင် ပင့်ဘို့ မတောင်းဆိုရသေးမီ အခွင့်ရေးကို ပေးလာလို့ လေ။
ဒကာတွေကလည်း
လှူဘို့ ဆိုရင်လက်မနှေးကြ၊ ဝိုင်းကြဘို့ ဆို ရှေ့ကဆိုသလို တိပိဋကဆ၇ာတော် ကြွမယ်ဆိုတာ
ယုံတောင်မယုံကြလို့  “တကယ်ရော ဟုတ်၇ဲ့ လား” လို့ မေးသူကမေးကြ၊ သံသယဖြစ်သူတွေကလည်း ဖြစ်ကြပေါ့။
မစခင်ကတော့ ကိုယ်တိုင်လည်း အဆင်ရောပြေပါ့မလား၊ တိပိဋကဆရာတော်ကိုပင့်ပြီး တင့်တင့်တယ်တယ်မှ
ဆွမ်းကပ်နိုင်ပါ့မလား၊ ဂုဏ်နဲ့လိုက်အောင်မှ လှူနိုင်ပါ့မလား လားပေါင်းများစွာသော စိုးရိမ်မှုတွေနဲ
့မောနေခဲ့တယ်။
ဆွမ်းကပ်ဘို
့ဘယ်လို့ ပြင်ရပါ့၊ လာရောက်ဖူးမြော်ကြမည့် ဧည့်သည်တွေကို ဘယ်လိုအာဟာရနဲ့ ဧည့်ခံရရင်ကောင်းပါ့၊
ကုယ့်အကြောင်းကိုကိုယ်သာသိ ရံပုံငွေအင်အားကနည်းတော့ စဉ်းစားနေ၇တာတွေ အများကြီးပါပဲ။ အကျိုးတော်ဆောင်ဒကာတွေ၇ဲ့
စီစဉ်မှု စည်းလုံးမှု၊ ညီညွတ်မှုတွေကြောင့် အဆင်ပြေသွားခဲ့လို့  ရင်ထဲမတင်မကျ ဖြစ်နေတဲ့
သက်ပြင်းကြီးကျသွားတယ်။
သဒ္ဓါကောင်းတဲ့ ဒို့ ဒကာတွေ
ကိုယ်က အုန်းနို့ ခေါက်ဆွဲပဲ ကျွေးမယ်၊ အလုပ်ေ၇ာ ငွေကုန်ပါသက်သာဆိုတဲ့သဘော။ ဒါပေမဲ့ သဒ္ဓါကောင်းကြတဲ့ အန်ဆန်းက ရွှေမြန်မာနိုင်ငံသားတွေက လာသမျှဧည့်သည်ကို ထမင်းပဲကျွေးချင်တယ်၊ ကုန်ကျစရိတ်ကို အားလုံးတာဝန်ယူမယ်တဲ့ မတောင်းဆိုရပဲ ထွက်ပေါ်လာတဲ့ သဒ္ဓါတ၇ား၊ ဒီလို ဖြစ်ပေါ်လာတာကိုလည်း အံ့သြစရာတော့လိုမယ်မထင် အကြောင်းမူကား ရတနာသုံးပါးနဲ့  ကံ၊ ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်ကြတဲ့ ရွှေရောင်နှလုံးသား ပိုင်ရှင်တွေမဟုတ်လား။
မကြွလာသေးဘူးလားလို
့မေးတဲ့အသံတွေကို ဖြေ၇တာလည်း အမောပါပဲ။ ဆိုးလ်မြို့ထဲက ကြွလာမှာ၊ ဆရာတော်ရဲ့ အစီစဉ်တွေကလည်း
နေ့ စဉ် အပြည့်ဆိုတော့ အချိန်ကိုက်သာ ကြွလာမှာပဲလေ။ မြန်မာပြည်မှာ ကြိုဆိုသလိုမျိုး
မကြိုဆိုနိုင်ပေမဲ့ အဆင်ပြေပြေနဲ့တော့ ကြိုဆိုလိုက်နိုင်ခဲ့ပါ၇ဲ့။ ခေတ်မီတဲ့ နိုင်ငံတွေရဲ
့ထုံးစံအတိုင်း ပန်းစည်းတွေကမ်းလို့ ပေါ့ သိုက်သိုက်မြိုက်မြိုက် စည်စည်ကားကား ကြိုဆိုလိုက်နိုင်လို
့
ကြိတ်ပြီးဝမ်းသာနေရတယ်။
ပန်းစည်းကပ်သူလေးတွေက်လည်း သာမန်ကလေးတွေမဟုတ် ကိုးရီးယားတစ်နိုင်ငံလုံး ကျောင်းသားအယောက်ကိုးရာ
အင်္ဂလိပ်စာအုပ်ကို အလွှတ်ကျက်မှတ်ပြီး ရွတ်ဆိုပြိုင်ပွဲမှာ Grand Prize နဲ့  Gold
Prize ရရှိထားကြတဲ့ မူလတန်းကလေးနှစ်ယောက်လေ။ ဥာဏ်၇ည်ထက်တဲ့ ကလေးတွေကို ဥာဏ်အလွန်ကောင်းတဲ့
ဆ၇ာတော်ကို ဖူးစေချင်လို့ ထိုကျောင်းသားနှစ်ယောက်လုံး စာသင်ပေးတဲ့ ဆ၇ာမကို မေတ္တာရပ်ခံတယ်ဆို၇င်ပဲ
ထိုကလေးများရဲ့ မိဘတွေကလည်း ကြည်နူးမှု ယုံကြည်မှု အပြည့်နဲ့ ထည့်ပေးလိုက်တာပါပဲ။
ဆရာတော်ကလည်း
ကုရီးယား အစားအစာတွေပဲ နေ့ စဉ်ဘုန်းပေးနေရတော့ ကိုယ့်ရိုးရာ ဟင်းလျာလေးတွေနဲ့ ဆွမ်းဘုန်းပေးရတော့ကိုယ်နိုင်ငံ
ပြန်ရောက်သလို အားရပါးရ ဘုန်းပေးလိုက်တာ အချိုပွဲတောင် သိပ်မဘုန်းနိုင်လောက်အောင်ပါပဲ။
ကိုယ့်အစားအစာကို မစားရတာကြာလို့  တမ်းတနေချိန် မဟုတ်သော်လည်း ကိုယ်မြေကိုယ့်ရေ ကိုယ်ယဉ်ကျေးမှု
ကိုယ့်အစားအစာကို တွေ့ လိုက် မြင်လိုက်ရ၊ စားလိုက်ရတယ်ဆိုရင်ပဲ ရေထိတဲ့ ပန်း လန်းဆန်းလာသလို
စိတ်ထဲဝမ်းသာကြည်နူးတာတော့ သဘာဝကိုး။
ဆ၇ာတော်တွေအတွက်
ဖွယ်ဖွယ်ရာရာ စုံစုံလင်လင် (များလွန်းလို့  ဘေးစားပွဲမှာတောင် တင်ထား၇သေးတယ်) ကပ်နိင်ရုံတင်မကသေး၊
ဧည့်ပ၇ိပ်သတ် အပေါင်းကိုလည်း သူတို့တွေ မစားရတာကြာနေတဲ့ မမေ့လက်၇ာမျိုးနဲ့ အလှူရှင်တွေကိုယ်တိုင်
ချက်ပြုတ်ပြင်ဆင်လို့  မမောမပန်းနိုင် ကျွေးမွေးဧည့်ခံတာကို မြင်နေတဲ့ တိပိဋကဆ၇ာတော်ရဲ
့ရင်ထဲမှာဖြင့် ၇ွာက အလှူပွဲကို ရောက်နေတယ်လို့ များထင်နေမလား မပြောတတ်။ တိပိဋကဆ၇ာတော်ကို
ပင့်တဲ့ ကိုရီးယားဆ၇ာတော်က သူ့ ဒကာတွေကို သေသေချာချာ ကြည့်ထားနော်၊ ဓါတ်တွေလည်း ရိုက်ထားတဲ့။
မြန်မာလူမျိုးတွေ ဘယ်လိုဘာသာတရား ကိုင်းရှိုင်းတယ်၊ ဆွမ်းဟင်းတွေ ပြင်ဆင်ကပ်တယ်၊ လှူဒါန်းတယ်ဆိုတာကို
အတုယူစေချင်တဲ့သဘော။
သူတို
့တွေက ဒီလိုလုပ်၇မယ်ဆိုတာကို မသိကြလေတော့ လက်တွေ့ ပြချင်တဲ့ သဘောပေါ့။
အလုပ်နားရက်လည်းဖြစ်တော့
၇တဲ့အခွင့်အရေး အလွတ်မပေးဘူးဆိုပြီး ထမင်းစားပြီး တရားနာဘို့ စောင့်နေသူတွေ၊ တရားဟောချိန်ရောက်လို
့ ဗိုက်ဆာပေမဲ့ မစားသေးဘဲ စောင့်ဆိုင်းနေသူတွေ၊ တ၇ားနာဘို့ သာ အာရုံစိုက်လို့  အရောက်ပြေးလာကြသူတွေနဲ
့ ကျောင်း၇ဲ့ အတွင်းရော အပြင်မှာပါ အပြည့်ပါပဲ။ ကြုံခေါင့်ကြုံခဲ အခွင့်အရေးမို့  ချွေးနည်းစာလေးတွေ
စုဆောင်းလို့ လှူဒါန်းကြတာဟာလည်း တ၇ားဟောဘို့  အချိန်ရောက်တာတောင် အတောမသတ်နိုင် တရုံးတရုံး။
ဆရာတော်ကလည်း
ငယ်ကျွမ်းဆွေတွေ၊ ဆွေမျိုး၇င်းချာတွေ တွေ့ လို့ ဝမ်းသာနေသလို တပြုံးပြုံးနဲ့ တရားလက်ဆောင်တွေ
ပေးဝေနေလိုက်တာ ကိုယ့်နိုင်ငံမှာ ကျင်းပနေတဲ့ တရားပွဲလား အောက်မေ့ရတယ်။ ဒကာတွေနဲ့ နုတ်ဆက်စကားပြော၊
ဓါတ်ပုံတွေ အတူတွဲရိုက်နဲ့  မြို့ထဲမှာ တရားဟောဘို့  အမှီ ပြန်ဘို့ တောင် အချိန်အတော်လင့်
သွားအောင်ထိပါပဲ။
ဘာပဲပြောပြော
ခုလို အလှူပွဲ ဖြစ်မြှောက်အောင် ဆ၇ာဒကာ လက်တွဲညီကာ တိုင်ပင်ညှိနိုင်းလို့  လုပ်ဆောင်ကြတာဟာဖြင့်
ညီညွှတ်မှုရဲ့ အောင်ပွဲလို့ ဆိုရင် မှားအံ့မထင်။ သဒ္ဓါတရားတွေ အားကောင်းလို့  နှလုံးသွေးဟာ
ရွှေရောင်အဆင်းရှိလို့  ရွှေနှလုံးသားပိုင်ရှင်တွေလို
့ဆိုရတဲ့ ကိုရီးယားမှာ ရောက်နေကြတဲ့ ရွှေမြန်မာတွေရဲ့ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားတွေကို
မှတ်တမ်းမတင်ဘဲ ထားမယ်ဆိုရင် မှတ်တမ်းမတင်မိသူတွေ၇ဲ့ အပြစ်ပဲမို့  ခုင်မာတည်တံ့တဲ့
သမိုင်းမှတ်တိုင်ကို သန္တိကရဝိဟာရ အကျိုးတော်ဆောင်အဖွဲ
့မှ စိုက်ထူလို့  မှတ်တမ်းတင်လိုက်ပါသည်။ ။
ချမ်းသာစွာ
အိပ်စက်နိုးထနိုင်ကြပါစေ…..
29.5.2012
Monday, 28 May 2012
ရက်လည်ဆွမ်းကျွေး အလှူတော်
(၂၈၊ ၅၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ကွယ်လွန်သွားသော မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်နေ ကိုဝင်းကျော်ကျော်(ခ)ကိုထင်အောင်ကျော်၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်ခင်စီ အသက်(၆၃)နှစ်အရွယ်အား ရည်စူးပြီး 3/6/2012 တနင်္ဂနွေနေ့တွင် အန်ဆန်းမြို့ သန္တိကရဝိဟာရ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းကာ အမျှပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါ၍ ကိုးရီးယားနိုင်ငံရောက် မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား ကြွရောက်၍ ကိုဝင်းကျော်ကျော်နှင့်အတူ ကုသိုလ်ပြု အမျှပေးဝေနိုင်ပါ၇န် ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရာ။ ။သန္တိကရဝိဟာရ ကျောင်းတော်၊အန်ဆန်းမြို့ 
နေ့ရက်။ ။၂၀၁၂ခုနှစ် ဇွန်လ ၃ရက် တနင်္ဂနွေနေ့
အချိန်။ ။နံနက်(၇)နာရီမှ မွန်းလွဲ(၁)ထိ
ဧည့်ခံအကျွေးအမွေး။ ။မြန်မာထမင်ဟင်းလျာ
http://www.santikaravihara.blogspot.com/
နေရာ။ ။သန္တိကရဝိဟာရ ကျောင်းတော်၊အန်ဆန်းမြို့ 
နေ့ရက်။ ။၂၀၁၂ခုနှစ် ဇွန်လ ၃ရက် တနင်္ဂနွေနေ့
အချိန်။ ။နံနက်(၇)နာရီမှ မွန်းလွဲ(၁)ထိ
ဧည့်ခံအကျွေးအမွေး။ ။မြန်မာထမင်ဟင်းလျာ
http://www.santikaravihara.blogspot.com/
Saturday, 26 May 2012
Lotus Foundation (Korea) ရဲ့ မွေးနေ့ ကုသိုလ်ပွဲ
ကြာတစ်ပွင့်ရဲ့  မွေးနေ့ 
နေရာတိုင်းမှာ
ကြာတွေ ပေါ်ထွက်နေတာ ပွင့်လန်းနေတာ အတော်ကြာနေပါပြီ။ ကြာရဲ့ မွှေးကြူတဲ့ ရနံ့ ကို
ရှူရှိုက်လို့  စိတ်နှလုံးရွှင်လန်းနေကြသူတွေ ရှိသလို၊ သူ့ ရဲ့ အလှကို ကြည့်ရှု့ ကာ
ကြည်နူးနေကြသူတွေလည်း မနည်းပါဘူး။ ကြာဆိုတာ မြင့်မြတ်မှုရဲ့ သင်္ကေတ၊ မြတ်ဗုဒ္ဓရဲ့  ကိုယ်စားအနေနဲ
့လည်း သုံးစွဲကြလေရဲ့ ၊ တော်ဝင်ပန်းလို့ ဆိုရင် မှားအံ့မထင်။
အဲဒီ
ကြာတစ်ပွင့် ဟန်ဂုရွာမှာလည်း ပွင့်လန်းလို့ လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ကိုရီးယားမှာ
ကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသားတွေနဲ့  ဟန်ဂုရွာရောက် ရွှေမြန်မာတွေ၇ဲ့ မွန်မြတ်တဲ့စိတ်ကူးကို
အကောင်ထည်ဖေါ်ဘို့  ကြာတစ်ပွင့်ပေါ်ထွက်လာအောင် ကြိုးစားစီစဉ်ခဲ့ကြတယ်။
အသင်းရဲ
့ရည်ရွယ်ချက်က (ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး)ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဘာသာ သာသနာအကျိုးကို
ဆောင်ရွက်ကြဘို့ ပါ၊ ဒါပေမဲ့ နေရာဒေသ အခြေအနေအရ ဘာသာရေးလုပ်ငန်းထက် လောကအကျိုးဖြစ်တဲ့
ပရဟိတလုပ်ငန်းကို မြန်မာပြည်မှာရှိတဲ့ မိခင်အသင်းကြီးရဲ့ အစီအစဉ်တွေကို အားဖြည့်ပေးလျက်
ကြာတစ်ပွင့်ကို လန်းဆန်းနေအောင် ရေလောင်းပေးရင်း ကိုယ့်အင်းအားကို ပြည့်စုံအောင် ကြိုးစားနေ၇တယ်။
ပုံမှန်အားဖြင့်
အတန်းကျောင်းပညာရေးကို သင်ယူဘို့ အခက်အခဲတွေ့ နေကြတဲ့ လက်လှမ်းမှီ၇ာ မြန်မာနိင်ငံက ကျောင်းသားများအား ထောက်ပံ့မှုကို
အောင်မြင်အောင် လုပ်ဆောင်လိုက်နိုင်ခဲ့ပါသည်။ ပြီးခဲ့သောနှစ်က အထက်တန်း၊ အလယ်တန်း နှင်
့မူလန်းကျောင်းသား အားလုံး စုစုပေါင်း ၃၅ ယောက်အား လစဉ်ထောက်ပံ့မှုကို အဆင်ပြေပြေလုပ်ခဲ့နိုင်လို
့ဝမ်းမြောက်ကြည်နူး သာဓု အကြိမ်ကြိမ် ခေါ်ရပါ၏။ အခါအားလျော်စွာလည်း သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့တုန်းကလည်း
ကြာရနံ့ ကို ပက်ဖြန်းကာ နွမ်းနှယ်နေသူတွေရဲ့ ကို လန်းဆန်းစေခဲ့သလို၊ ကြာရဲ့ အလှတရားကို
ဖေါ်ပြပြီး စိတ်ဓါတ်တက်ကြွမှုတွေဖြစ်စေဘို့ မမေ့ခဲ့ပါ။ ဒါတွေအားလုံးဟာ ကြာတစ်ပွင့် လန်းဆန်းပွင့်လန်းလာဘို
့ဝိုင်းဝန်း ကြတဲ့ ညီအစ်တွေအားလုံးရဲ့  စေတနာ မေတ္တာတွေကြောင့်ဆိုတာ ဘယ်သူမှ သံသယဖြစ်မယ်မထင်ပါ။
ဒီနေ
့(၁၃၊ ၅၊၂၀၁၂) ဟာဖြင့် ကြာတစ်ပွင့်ရဲ့  စတင်ပွင့်လန်းမှုရဲ့  အမှတ်တရအဖြစ်၊ တနည်းပြောရရင်
ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး (Lotus Foundation –Korea) မွေးဖွားခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဦးစီးတည်ထောင်ထားတဲ့ အသင်းကြီးဖြစ်တာနဲ့အညီ ဒီအသင်းကြီး
ဆက်လက်ရှင်သန် ပွင့်လန်းစေဘို့ ၊ ဆထက်တိုးလို့ မွှေးရနံ့ တွေ သင်းပျံ့စေအောင် လုပ်ဆောင်နိုင်ဘို
့၊ ရှင်သန်မှုအတွက် ဝိုင်းဝန်း ရေလောင်း ပေါင်းသင်ပေးကြတဲ့ ညီညာသော
လက်များပိုင်ရှင်တွေကိုလည်း
နွေးထွေးစွာပိုက်ထွေးမှုအနေနဲ့  မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ဘို့၊ လှမ်းလာမဲ့
အသစ်အသစ် စေတနာ မေတ္တာလက်များကိုလည်း ကြိုဆိုကမ်းလှမ်းဘို့ ၊ ပြုခဲ့သမျှ ကောင်းမှုအဘို
့ကို မျှဝေဘို့  ကုသိုလ်ပြုပွဲလေး လုပ်ဖြစ်လိုက်တယ်။
စိတ်ပါဝင်စားတဲ့
အသင်းသားအသစ်များနှင့်အတူ ကျောင်းသား/သူများ စုပေါင်းလာရောက်လို့  စနေနေ့ နေ့လည်ကတည်းက
မမောမပန်းနိုင် ပျော်လို့ ရွှင်လို့ ဈေးဝယ်ကြ ချက်ပြုတ် ပြင်ဆင်ကြနဲ့ ၊ အလှူနေ့ မှာလည်း
လာသမျှဧည့်သည်တွေကို ဧည့်ခံကျွေးမွေးကြနဲ့ ကြာပန်းလေးတွေ ပွင့်လန်းတက်ကြွနောကတာဟာဖြင်
့အားရစရာ မြင်ကွင်းတစ်ခုပါပဲ။
ကုသိုလ်ပြုပွဲနှင့်
အတူ အသင်းဝင်များ လစဉ်ပြုလုပ်နေကြ အစည်းအဝေးလေးကိုလည်း အကျဉ်းလေးလုပ်ဖြစ်ပြီး ရှေ့လုပ်ကြမဲ့
ပညာရေးထောက်ပံ့မှု အစီစဉ်နဲ့ 
ေ၇ရှည်ရပ်တည်နိုင်အောင်
ဘယ်လို လုပ်ကြမလဲဆိုတာကို တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။
ကုသိုလ်ပြုပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ကြပေမဲ့
အသင်းကြီးအတွက် အားတက်သေ၇ာ မေးမြန်းကြ ထောက်ပံ့လှူဒါန်းကြတာဟာဖြင့် ကျေနပ်စရာပါပဲ၊
ဆက်လန်းလန်းဆန်း တက်ကြွဘို့ ရေလောင်းပြီး မြေသြဇာတွေ ထည့်ပေးလိုက်သလိုပါပဲ။
ဒီအသင်းကြီးက ဆက်လက်ပြီး
ပညာရေးထောက်ပံ့မှု အစီစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပညာပါရမီဖြည့်ချင်သူအပေါင်းနှင့်
ကျောင်းနေပြီး ပညာသင်ယူဘို့ 
ခက်ခဲနေသူတွေအတွက်
ကူညီချင်ကြတယ်ဆိုရင်ဖြင့် ဤအသင်းကြီးနှင့် ဆက်သွယ်၍ ထောက်ပံ့လှူဒါန်းနိုင်ပါကြောင်းကိုလည်း
မွေးနေ့ သဝဏ်လွှာပါးလိုက်ပါတယ်။
တူညီသောလက်ဖြင့်
လောကိုအလှဆင်ကြပါစို့ 
သက်ရှည်ကျန်းမာဘေးရန်ကွာသာသနာပြုနိုင်ကြပါစေ
ဦးသုဝဏ္ဏ (နာယကဆရာတော်)
ကိုရီးယား
ဆက်သွယ်ရန်:
ဆရာတော်ဦးသုဝဏ္ဏ -010-5184-3578
ကိုရဲမင်းဟိန်း - 010-2857-7211
ကိုသန့်စင်ဦး - 010-2472-5531
မှတ်ချက်။ ။ အသင်းကြီး၏ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့သော လှူဒါန်းမှုအစုစုနှင့် စာရင်းရှင်းတမ်းများကိုအောက်ပါလင်ခ့်များမှ တဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
(၁)ပညာသင်စရိတ်၊ https://docs.google.com/open?id=0B0KzjgJuev6MbTVYcmI3Y0xKQnc
(၂)စက်ဆန်းမီးဘေး https://docs.google.com/open?id=0B0KzjgJuev6Mc3JHejEzTUxhM0E
(၃)ပခုက္ကူရေဘေး https://docs.google.com/open?id=0B0KzjgJuev6MbDdRM283emdpVm8
(၄)ရွှေတိဂုံစေတီတော်မြတ်ကြီး ၏အနောက်ဖက်မုခ် ခြေသုတ်ခုံ
https://docs.google.com/open?id=0B0KzjgJuev6Mckx6ZjZRSldhTjA
(၅) အသင်း အထွေထွေ အသုံးစရိတ် အလှူရှင်များ နှင့် စာရင်းရှင်းတမ်း
https://docs.google.com/open?id=0B0KzjgJuev6MdmFNYm9uZm1aeVU
ဆရာတော်ဦးသုဝဏ္ဏ -010-5184-3578
ကိုရဲမင်းဟိန်း - 010-2857-7211
ကိုသန့်စင်ဦး - 010-2472-5531
မှတ်ချက်။ ။ အသင်းကြီး၏ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့သော လှူဒါန်းမှုအစုစုနှင့် စာရင်းရှင်းတမ်းများကိုအောက်ပါလင်ခ့်များမှ တဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
(၁)ပညာသင်စရိတ်၊ https://docs.google.com/open?id=0B0KzjgJuev6MbTVYcmI3Y0xKQnc
(၂)စက်ဆန်းမီးဘေး https://docs.google.com/open?id=0B0KzjgJuev6Mc3JHejEzTUxhM0E
(၃)ပခုက္ကူရေဘေး https://docs.google.com/open?id=0B0KzjgJuev6MbDdRM283emdpVm8
(၄)ရွှေတိဂုံစေတီတော်မြတ်ကြီး ၏အနောက်ဖက်မုခ် ခြေသုတ်ခုံ
https://docs.google.com/open?id=0B0KzjgJuev6Mckx6ZjZRSldhTjA
(၅) အသင်း အထွေထွေ အသုံးစရိတ် အလှူရှင်များ နှင့် စာရင်းရှင်းတမ်း
https://docs.google.com/open?id=0B0KzjgJuev6MdmFNYm9uZm1aeVU
မှတ်ချက်။
။ ctrl + click နှိပ်ပြီး လင့်များကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ဗုဒ္ဓဓမ္မသံဃာ့လောကအသင်းကြီး
The Lotus Foundation (Korea)
www.lotusfoundationmm.org
(မေတ္တာ၇ပ်ခံချက်-
၁၃ ရက်နေ့ က ပြီးဆုံးသွားပေမဲ့ ဒီစာကိုရေးဘို့ အချိန်လုံးဝ (လုံးဝ) မရလို့ ခုမှ ရေးဖြစ်တာကို
တောင်းပန်အပ်ပါသည်။ နားလည်ခွင့်လွှတ်နိုင်ပါစေ။)
The Lotus Foundation (Korea)
www.lotusfoundationmm.org
Monday, 21 May 2012
တိပိဋကဆရာတော်၏ သြဝါဒ တရားပွဲ
ဆိုးလ်မြို့ ဗောဓိရိပ်သာကျောင်းဆ၇ာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်လျှောက်ချက်အရ နဝမမြှောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာအရှင်ဂန္ဓမာလာလင်္ကာရသည် မေလ (၂၃) ၇က်နေ့တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မခ၇ီးစဉ်အဖြစ်
ကြွရောက်ချီးမြှောက်ပါမည်။
(၂၁) ၇က်ကြာဓမ္မခရီးစဉ်အတွင်း (၂၇) ၇က် တနင်္ဂနွေနေ့ အားလပ်ရက်တွင် တိပိဋက မြင်းခြံဆရာတော်အား ဒကာ၊ ဒကာမသူတော်ကောင်းအပေါင်းတို့  ဖူးမြော်ကြည်ညိုနိုင်ရန်၊ သြဝါဒတရားနာယူနိုင်ရန်၊ နေ့ ဆွမ်းဆက်ကပ်
လှူဒါန်း၇န် အန်ဆန်းမြို့ရှိ သန္တိကရဝိဟာရ ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပါမည်။
ဆရာတော်သည် မနက် ၁၁း၀၀ နာရီ မထိုးမီ ရောက်ရှိပြီး နေ့လည် ၁း၄၀ နာရီတွင် ဆိုးလ်မြို့ ဗောဓိဆုရိပ်သာ၌ တရားဟောရန်ပြန်လည်ကြွရောက်မည် ဖြစ်ပါ၍ ရခေါင့်ရခဲ အခွင့်အရေးကြီးကို လက်မလွှတ်ကြစေ၇န် တိုက်တွှန်းနိုးဆော်လိုက်ရပါသည် သူတော်ကောင်းအပေါင်းတို့ …။
အစီအစဉ်
နေ၇ာ - သန္တိကရဝိဟာရကျောင်းတော်၊ အန်ဆန်းမြို့
နေ့ ရက် - မေလ ၂၇ ၇က် (တနင်္ဂနွေနေ့ )
မနက် ၁၁း၀၀ နာရီ - နေ့ ဆွမ်းဆက်ကပ်
နေ့ လည် ၁၂း၃၀ - ၁း၃၀ သြဝါဒတရားနာ
နေ့ လည် ၁၂း၃၀ - ၁း၃၀ သြဝါဒတရားနာ
ဧည့်ပရိတ်သတ်အပေါင်းအားလည်း အာဟာရဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုပါမည်။
စုံစမ်းလိုပါက - ဆ၇ာတော်ဖုန်း (၀၁၀-၅၁၈၄-၃၅၇၈) ကိုကျော်မိုး (၀၁၀၅၁၀၂-၉၉၂၆)
Subscribe to:
Posts (Atom)