(၂၈၊ ၅၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ကွယ်လွန်သွားသော မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်နေ ကိုဝင်းကျော်ကျော်(ခ)ကိုထင်အောင်ကျော်၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်ခင်စီ အသက်(၆၃)နှစ်အရွယ်အား ရည်စူးပြီး 3/6/2012 တနင်္ဂနွေနေ့တွင် အန်ဆန်းမြို့ သန္တိကရဝိဟာရ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းကာ အမျှပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါ၍ ကိုးရီးယားနိုင်ငံရောက် မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား ကြွရောက်၍ ကိုဝင်းကျော်ကျော်နှင့်အတူ ကုသိုလ်ပြု အမျှပေးဝေနိုင်ပါ၇န် ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရာ။ ။သန္တိကရဝိဟာရ ကျောင်းတော်၊အန်ဆန်းမြို့ 
နေ့ရက်။ ။၂၀၁၂ခုနှစ် ဇွန်လ ၃ရက် တနင်္ဂနွေနေ့
အချိန်။ ။နံနက်(၇)နာရီမှ မွန်းလွဲ(၁)ထိ
ဧည့်ခံအကျွေးအမွေး။ ။မြန်မာထမင်ဟင်းလျာ
http://www.santikaravihara.blogspot.com/
Monday, 28 May 2012
Saturday, 26 May 2012
Lotus Foundation (Korea) ရဲ့ မွေးနေ့ ကုသိုလ်ပွဲ
ကြာတစ်ပွင့်ရဲ့  မွေးနေ့ 
နေရာတိုင်းမှာ
ကြာတွေ ပေါ်ထွက်နေတာ ပွင့်လန်းနေတာ အတော်ကြာနေပါပြီ။ ကြာရဲ့ မွှေးကြူတဲ့ ရနံ့ ကို
ရှူရှိုက်လို့  စိတ်နှလုံးရွှင်လန်းနေကြသူတွေ ရှိသလို၊ သူ့ ရဲ့ အလှကို ကြည့်ရှု့ ကာ
ကြည်နူးနေကြသူတွေလည်း မနည်းပါဘူး။ ကြာဆိုတာ မြင့်မြတ်မှုရဲ့ သင်္ကေတ၊ မြတ်ဗုဒ္ဓရဲ့  ကိုယ်စားအနေနဲ
့လည်း သုံးစွဲကြလေရဲ့ ၊ တော်ဝင်ပန်းလို့ ဆိုရင် မှားအံ့မထင်။
အဲဒီ
ကြာတစ်ပွင့် ဟန်ဂုရွာမှာလည်း ပွင့်လန်းလို့ လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ကိုရီးယားမှာ
ကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသားတွေနဲ့  ဟန်ဂုရွာရောက် ရွှေမြန်မာတွေ၇ဲ့ မွန်မြတ်တဲ့စိတ်ကူးကို
အကောင်ထည်ဖေါ်ဘို့  ကြာတစ်ပွင့်ပေါ်ထွက်လာအောင် ကြိုးစားစီစဉ်ခဲ့ကြတယ်။
အသင်းရဲ
့ရည်ရွယ်ချက်က (ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး)ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဘာသာ သာသနာအကျိုးကို
ဆောင်ရွက်ကြဘို့ ပါ၊ ဒါပေမဲ့ နေရာဒေသ အခြေအနေအရ ဘာသာရေးလုပ်ငန်းထက် လောကအကျိုးဖြစ်တဲ့
ပရဟိတလုပ်ငန်းကို မြန်မာပြည်မှာရှိတဲ့ မိခင်အသင်းကြီးရဲ့ အစီအစဉ်တွေကို အားဖြည့်ပေးလျက်
ကြာတစ်ပွင့်ကို လန်းဆန်းနေအောင် ရေလောင်းပေးရင်း ကိုယ့်အင်းအားကို ပြည့်စုံအောင် ကြိုးစားနေ၇တယ်။
ပုံမှန်အားဖြင့်
အတန်းကျောင်းပညာရေးကို သင်ယူဘို့ အခက်အခဲတွေ့ နေကြတဲ့ လက်လှမ်းမှီ၇ာ မြန်မာနိင်ငံက ကျောင်းသားများအား ထောက်ပံ့မှုကို
အောင်မြင်အောင် လုပ်ဆောင်လိုက်နိုင်ခဲ့ပါသည်။ ပြီးခဲ့သောနှစ်က အထက်တန်း၊ အလယ်တန်း နှင်
့မူလန်းကျောင်းသား အားလုံး စုစုပေါင်း ၃၅ ယောက်အား လစဉ်ထောက်ပံ့မှုကို အဆင်ပြေပြေလုပ်ခဲ့နိုင်လို
့ဝမ်းမြောက်ကြည်နူး သာဓု အကြိမ်ကြိမ် ခေါ်ရပါ၏။ အခါအားလျော်စွာလည်း သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့တုန်းကလည်း
ကြာရနံ့ ကို ပက်ဖြန်းကာ နွမ်းနှယ်နေသူတွေရဲ့ ကို လန်းဆန်းစေခဲ့သလို၊ ကြာရဲ့ အလှတရားကို
ဖေါ်ပြပြီး စိတ်ဓါတ်တက်ကြွမှုတွေဖြစ်စေဘို့ မမေ့ခဲ့ပါ။ ဒါတွေအားလုံးဟာ ကြာတစ်ပွင့် လန်းဆန်းပွင့်လန်းလာဘို
့ဝိုင်းဝန်း ကြတဲ့ ညီအစ်တွေအားလုံးရဲ့  စေတနာ မေတ္တာတွေကြောင့်ဆိုတာ ဘယ်သူမှ သံသယဖြစ်မယ်မထင်ပါ။
ဒီနေ
့(၁၃၊ ၅၊၂၀၁၂) ဟာဖြင့် ကြာတစ်ပွင့်ရဲ့  စတင်ပွင့်လန်းမှုရဲ့  အမှတ်တရအဖြစ်၊ တနည်းပြောရရင်
ဗုဒ္ဓ ဓမ္မ သံဃ လောကအသင်းကြီး (Lotus Foundation –Korea) မွေးဖွားခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဦးစီးတည်ထောင်ထားတဲ့ အသင်းကြီးဖြစ်တာနဲ့အညီ ဒီအသင်းကြီး
ဆက်လက်ရှင်သန် ပွင့်လန်းစေဘို့ ၊ ဆထက်တိုးလို့ မွှေးရနံ့ တွေ သင်းပျံ့စေအောင် လုပ်ဆောင်နိုင်ဘို
့၊ ရှင်သန်မှုအတွက် ဝိုင်းဝန်း ရေလောင်း ပေါင်းသင်ပေးကြတဲ့ ညီညာသော
လက်များပိုင်ရှင်တွေကိုလည်း
နွေးထွေးစွာပိုက်ထွေးမှုအနေနဲ့  မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ဘို့၊ လှမ်းလာမဲ့
အသစ်အသစ် စေတနာ မေတ္တာလက်များကိုလည်း ကြိုဆိုကမ်းလှမ်းဘို့ ၊ ပြုခဲ့သမျှ ကောင်းမှုအဘို
့ကို မျှဝေဘို့  ကုသိုလ်ပြုပွဲလေး လုပ်ဖြစ်လိုက်တယ်။
စိတ်ပါဝင်စားတဲ့
အသင်းသားအသစ်များနှင့်အတူ ကျောင်းသား/သူများ စုပေါင်းလာရောက်လို့  စနေနေ့ နေ့လည်ကတည်းက
မမောမပန်းနိုင် ပျော်လို့ ရွှင်လို့ ဈေးဝယ်ကြ ချက်ပြုတ် ပြင်ဆင်ကြနဲ့ ၊ အလှူနေ့ မှာလည်း
လာသမျှဧည့်သည်တွေကို ဧည့်ခံကျွေးမွေးကြနဲ့ ကြာပန်းလေးတွေ ပွင့်လန်းတက်ကြွနောကတာဟာဖြင်
့အားရစရာ မြင်ကွင်းတစ်ခုပါပဲ။
ကုသိုလ်ပြုပွဲနှင့်
အတူ အသင်းဝင်များ လစဉ်ပြုလုပ်နေကြ အစည်းအဝေးလေးကိုလည်း အကျဉ်းလေးလုပ်ဖြစ်ပြီး ရှေ့လုပ်ကြမဲ့
ပညာရေးထောက်ပံ့မှု အစီစဉ်နဲ့ 
ေ၇ရှည်ရပ်တည်နိုင်အောင်
ဘယ်လို လုပ်ကြမလဲဆိုတာကို တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။
ကုသိုလ်ပြုပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ကြပေမဲ့
အသင်းကြီးအတွက် အားတက်သေ၇ာ မေးမြန်းကြ ထောက်ပံ့လှူဒါန်းကြတာဟာဖြင့် ကျေနပ်စရာပါပဲ၊
ဆက်လန်းလန်းဆန်း တက်ကြွဘို့ ရေလောင်းပြီး မြေသြဇာတွေ ထည့်ပေးလိုက်သလိုပါပဲ။
ဒီအသင်းကြီးက ဆက်လက်ပြီး
ပညာရေးထောက်ပံ့မှု အစီစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ပညာပါရမီဖြည့်ချင်သူအပေါင်းနှင့်
ကျောင်းနေပြီး ပညာသင်ယူဘို့ 
ခက်ခဲနေသူတွေအတွက်
ကူညီချင်ကြတယ်ဆိုရင်ဖြင့် ဤအသင်းကြီးနှင့် ဆက်သွယ်၍ ထောက်ပံ့လှူဒါန်းနိုင်ပါကြောင်းကိုလည်း
မွေးနေ့ သဝဏ်လွှာပါးလိုက်ပါတယ်။
တူညီသောလက်ဖြင့်
လောကိုအလှဆင်ကြပါစို့ 
သက်ရှည်ကျန်းမာဘေးရန်ကွာသာသနာပြုနိုင်ကြပါစေ
ဦးသုဝဏ္ဏ (နာယကဆရာတော်)
ကိုရီးယား
ဆက်သွယ်ရန်:
ဆရာတော်ဦးသုဝဏ္ဏ -010-5184-3578
ကိုရဲမင်းဟိန်း - 010-2857-7211
ကိုသန့်စင်ဦး - 010-2472-5531
မှတ်ချက်။ ။ အသင်းကြီး၏ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့သော လှူဒါန်းမှုအစုစုနှင့် စာရင်းရှင်းတမ်းများကိုအောက်ပါလင်ခ့်များမှ တဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
(၁)ပညာသင်စရိတ်၊ https://docs.google.com/open?id=0B0KzjgJuev6MbTVYcmI3Y0xKQnc
(၂)စက်ဆန်းမီးဘေး https://docs.google.com/open?id=0B0KzjgJuev6Mc3JHejEzTUxhM0E
(၃)ပခုက္ကူရေဘေး https://docs.google.com/open?id=0B0KzjgJuev6MbDdRM283emdpVm8
(၄)ရွှေတိဂုံစေတီတော်မြတ်ကြီး ၏အနောက်ဖက်မုခ် ခြေသုတ်ခုံ
https://docs.google.com/open?id=0B0KzjgJuev6Mckx6ZjZRSldhTjA
(၅) အသင်း အထွေထွေ အသုံးစရိတ် အလှူရှင်များ နှင့် စာရင်းရှင်းတမ်း
https://docs.google.com/open?id=0B0KzjgJuev6MdmFNYm9uZm1aeVU

မှတ်ချက်။
။ ctrl + click နှိပ်ပြီး လင့်များကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ဗုဒ္ဓဓမ္မသံဃာ့လောကအသင်းကြီး
The Lotus Foundation (Korea)
www.lotusfoundationmm.org
(မေတ္တာ၇ပ်ခံချက်-
၁၃ ရက်နေ့ က ပြီးဆုံးသွားပေမဲ့ ဒီစာကိုရေးဘို့ အချိန်လုံးဝ (လုံးဝ) မရလို့ ခုမှ ရေးဖြစ်တာကို
တောင်းပန်အပ်ပါသည်။ နားလည်ခွင့်လွှတ်နိုင်ပါစေ။)
The Lotus Foundation (Korea)
www.lotusfoundationmm.org
Monday, 21 May 2012
တိပိဋကဆရာတော်၏ သြဝါဒ တရားပွဲ
ဆိုးလ်မြို့ ဗောဓိရိပ်သာကျောင်းဆ၇ာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်လျှောက်ချက်အရ နဝမမြှောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာအရှင်ဂန္ဓမာလာလင်္ကာရသည် မေလ (၂၃) ၇က်နေ့တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မခ၇ီးစဉ်အဖြစ်
ကြွရောက်ချီးမြှောက်ပါမည်။
(၂၁) ၇က်ကြာဓမ္မခရီးစဉ်အတွင်း (၂၇) ၇က် တနင်္ဂနွေနေ့ အားလပ်ရက်တွင် တိပိဋက မြင်းခြံဆရာတော်အား ဒကာ၊ ဒကာမသူတော်ကောင်းအပေါင်းတို့  ဖူးမြော်ကြည်ညိုနိုင်ရန်၊ သြဝါဒတရားနာယူနိုင်ရန်၊ နေ့ ဆွမ်းဆက်ကပ်
လှူဒါန်း၇န် အန်ဆန်းမြို့ရှိ သန္တိကရဝိဟာရ ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပါမည်။
ဆရာတော်သည် မနက် ၁၁း၀၀ နာရီ မထိုးမီ ရောက်ရှိပြီး နေ့လည် ၁း၄၀ နာရီတွင် ဆိုးလ်မြို့ ဗောဓိဆုရိပ်သာ၌ တရားဟောရန်ပြန်လည်ကြွရောက်မည် ဖြစ်ပါ၍ ရခေါင့်ရခဲ အခွင့်အရေးကြီးကို လက်မလွှတ်ကြစေ၇န် တိုက်တွှန်းနိုးဆော်လိုက်ရပါသည် သူတော်ကောင်းအပေါင်းတို့ …။
အစီအစဉ်
နေ၇ာ - သန္တိကရဝိဟာရကျောင်းတော်၊ အန်ဆန်းမြို့
နေ့ ရက် - မေလ ၂၇ ၇က် (တနင်္ဂနွေနေ့ )
မနက် ၁၁း၀၀ နာရီ - နေ့ ဆွမ်းဆက်ကပ်
နေ့ လည် ၁၂း၃၀ - ၁း၃၀ သြဝါဒတရားနာ
နေ့ လည် ၁၂း၃၀ - ၁း၃၀ သြဝါဒတရားနာ
ဧည့်ပရိတ်သတ်အပေါင်းအားလည်း အာဟာရဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုပါမည်။
စုံစမ်းလိုပါက - ဆ၇ာတော်ဖုန်း (၀၁၀-၅၁၈၄-၃၅၇၈) ကိုကျော်မိုး (၀၁၀၅၁၀၂-၉၉၂၆)
Monday, 7 May 2012
ဗုဒ္ဓပူဇနိယပွဲ
ကဆုန်လပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသော နေ့ များစွာထဲက တစ်ခုသော နေ့ ထူးနေ့ မြတ်ဖြစ်ပေသည်။ ဒီ ကဆုန်လပြည့်နေ့တစ်နေ့ တည်းတွင်ပင် မြတ်ဗုဒ္ဓလောင်းလျာကို မွေးဖွါးပြီး၊ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူပြီး လောကတွင် အမြတ်ဆုံးသော ဗုဒ္ဓအဖြစ်ကို ရောက်ရှိကာ၊ ခန္ဓာဇာတ်သိမ်း အပြီးတိုင်ငြိမ်းရာ နိဗ္ဗာန်ကို ဝင်စံတော်မူခဲ့လေသည်။
ဒီလို ယူဆချက်ကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ ယုံကြည်လက်ခံမှုတစ်ခုဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာဝင်တို့ ကမူ ဗုဒ္ဓလောင်းလျာ မွေးဖွါးသောနေ့ အဖြစ် လက်ခံယုံကြည်ကြပေသည်။
မည်သို့ ပင် ကွဲပြားမှုရှိပါစေ တူညီမှုကတော့ အထူးပြောစရာမလို့ တဲ့ ဗုဒ္ဓအပေါ်ယုံကြည် သက်ဝင်ယုံကြည်မှုပေတည်း။
စီးပွါးရေး ကြီးပွါးရေးအရ ကိုယ်မွေးရပ်မြေ၊ ကိုယ့်ယဉ်ကျေးမှုနှင့် မတူညီသော အ၇ပ်ဒေသမှာ ရောက်နေသော်လည်း ကိုယ့် မိဘဘိုးဘွားအမွေအနှစ်ဖြစ်သည့် ရတနာသုံးပါးအပေါ် လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှုကတော့ လျှော့မသွားကြပါပေ။ ဆထက်တိုးလို့  ပွါးတိုးအောင်သာ ကြိုးစာနေကြပေသည်။ ကိုယ့်လက်ထက်မှာ ဘိုးဘွားအမွေဖြစ်သည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကိုလည်း မညိုးနွမ်းစေဘဲ တိုးလို့ သာလန်းဆန်းစေဘို့  အားထုတ်နေကြပေသည်။
ထို့ နေ့ နေ့ မြတ် အခါသမယမှာ အန်ဆန်းမြို့ ရှိ သန္တကရဝိဟာရဆရာတော် ဦးဆောင်၍ ကုသိုလ်ပြုရန် ဇောစိတ်သန်ကြကုန်သော မြန်မာနိုင်ငံဖွား ရွှေညီအစ်ကိုများကလည်း မအားလပ်သည့်အချိန်အတွင်းမှ ကုသိုလ်ရေးမို့  မနှေးကြအောင် အပြေးလာလို့ ဗုဒ္ဓပူဇနိယပွဲဆင်နွဲရန် အားတက်သရော အရောက်လာခဲ့ကြပေသည်။
ရှေးဦးစွာ သီလခံယူ ဆေးကြောကာ ပဋ္ဌာန်းတရားတော်ကို ညီညာစွာ ရွတ်ဖတ်ပူဇော်၍ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေကြောင်း မေတ္တာပို့ သပြီး မြတ်ဗုဒ္ဓကို ဆီမီး၊ ပန်းမာလ်၊ အမွေးနံ့ သာ ရေချမ်းတို့ ဖြင့် ပြင်ဆင်လှူဒါန်းပူဇော်ကာ ပြုပြုသမျှ ကုသိုလ်အဖို့ ကို အမျှအတမ်းပေးဝေခြင်းဖြင့် ညချမ်းကာလ ဗုဒ္ဓကို အားပါးတရ ပူဇော်မှုကို အဆုံးသတ်လိုက်ကြသည်။
နံနက် အရုဏ်ကျင်း၍ အလင်းရောက်သောအခါ မြတ်ဗုဒ္ဓအား သတိပဋ္ဌာန်တရားပွါးများခြင်းဖြင့် ဓမ္မဖြင့်ပူဇော်ပြီး ခဲဖွယ်ဘောဇဉ် ချိုချဉ်၇သာ သစ်သီး စသည်တို့ ခြံရံသော ဒံပေါက်ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်း ခဲ့ကြကုန်၏။
အန်ဆန်းမြို့တွင် တည်ထောင်ထားသော သန္တိကရဝိဟာရ၌ ပထမဦးဆုံး ကျင်းပပြုလုပ်ဖြစ်သော ဆ၇ာဒကာ လက်တွဲညီသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲအကြောင်းကို ကုသိုလ်သဒ္ဓါပွါးများနိုင်ရန် မျှဝေလိုက်၇ပေသည်။
ဗုဒ္ဓမြတ်စွာသာသနာ ရှည်ကြာတည့်တံ့ပါစေသော်
ချမ်းသာစွာ အိပ်စက်နိုးထနိင်ကြပါစေ
သန္တကရဝိဟာ၇ဆရာတော်

Wednesday, 2 May 2012
ပျော်စေချင်ပါသည်
မေလ (၁) ရက်နေ့ ဆိုတာ အလုပ်သမားနေ့ ၊ အလုပ်သမားတွေ အားလပ်ရက်ဆိုတာ လူတိုင်းသိကြပါရဲ့ ၊ ကိုရီးယားမှာကတော့ တရားဝင်အလုပ်ပိတ်ရက်မဟုတ်ဘူးဆိုတော့ အားလုံးတော့ အားလပ်ရက်
မရကြဘူးပေါ့။ ရကြရင်လည်း အားတဲ့နေလေး သူခယ်ချင်းတွေ စုပေါင်းပြီး သွားလာစားသောက် ပျော်ပါးရင်းနဲ့ ပဲ အချိန်ကို ကုန်နေကြသူတွေ ရှိပေမဲ့ အချိန်ကို အကျိုးရှိအောင် အသုံးချင်သူတွေလည်းရှိရဲ့ ။
ကိုလွင်အောင်+ မပိုးပိုး တို့ ဦးဆောင်တဲ့  သူငယ်ချင်းတစ်စုကတော့ တစ်၇က်တာအပျော်အတွက် မစဉ်းစားပဲ နေ့ စဉ်ရက်ဆက် ပျော်ဘို့ ၊ သံသရာတစ်လျှောက်လုံးလည်း ပျော်နေချင်လို့  ၇တဲ့အချိန်လေးကို အသုံးချကာ သန္တိကရဝိဟာရကျောင်းတော်သို့ စုရုံးရောက်ရှိကြကာ ဆွမ်းဆက်ကပ်လှူဒါန်း၊ တရားဓမ္မနာယူကာ ကုသိုလ်ပွါးများမှုပြုခဲ့ကြတယ်။
ဓမ္မအသိဖြင့် ဘဝကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ဘို့ ပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
Subscribe to:
Posts (Atom)