နွေရာသီ အားလပ်ရက်မှာ မွန်ပြည်နယ် မုဒုံမြို့ နယ် ကမာဝက်ကျေးရွာမှ လူငယ်များက ကုသိုလ်တွေစုဆောင်းရင်း ချမ်းသာကို ရှာဖွေရှာဖွေလိုကြပါသဖြင့် အန်ဆန်းမြို့ သန္တိကရဝိဟာရ၌ ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်း မင်္ဂလာကို ပြုလုပ်မည်ဖြစ်ပါသည်။
သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူ ဒါန်းပြီး ကြွရောက်လာကြမည့် မိတ်ဆွေအပေါင်းအသင်းများအားလည်း အာဟာရဒါန ပြုလုပ်လိုပါသဖြင့် ကြွရောက်ကြပါရန် ရိုသေစွာ ဖိတ်မန်အပ်ပါသည်။
အစီအစဉ်
တရားတော်နာ - မနက် (၁၀း၀၀) နာရီ
ဧည့်ခံမှုအစီအစဉ် - မနက် (၈း၀၀)နာရီမှ စ၍
စားသောက်ဖွယ် - အုန်းနို့ခေါက်ဆွဲ (သူငယ်ချင်းများအကြိုက်)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့ရက် - (၂-၈-၂၀၁၄) စနေနေ့
ကမာဝက်လူငယ်များအဖွဲ့
ကိုရီးယား
Wednesday, 30 July 2014
Friday, 20 June 2014
ဝါဆိုသင်္ကန်းကပ်အလှူ ဖိတ်ကြားလွှာ
တတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
ကောဇာသက္ကရာဇ်
၁၃၇၆ ခု ဝါဆိုလပြည့်ကျော် (၁) နေ့တွင် ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်ပြုကြသည့် နေ့ဖြစ်ပါသည်။
ဝါဆိုဦးကာလ
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဗုဒ္ဓဘာသာယဉ်းကျေးမှုအစဉ်အလာနှင့်အညီ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ
နှစ်စဉ် ပြုလုပ်လေ့ရှိကြပါသည်။ ကိုရီးယားနိုင်ငံ၌ သီတင်းသုံးကာ ဝါဆိုဝါကပ်တော်မူကြမည့်
ရဟန်းသံဃာတော်များကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရသို့ ပင့်ဖိတ်၍ (ဂျူလှိုင်လ - ၁၃ ရက် တနင်္ဂနွေ) နေ့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပါမည်။
သို့ပါ၍
သဒ္ဓါတရားထက်သန်ကြပြီး ကုသိုလ်တိုးပွါးလိုသူ သူတော်ကောင်းအပေါင်းအားလုံးကို ကြွရောက်ကြပါရန်
ဖိတ်မန္တကပြုအပ်ပါသည်။
နေ့ရက် - ၁၃၇၆ ခု၊ ဝါဆိုလပြည့်ကျော်
(၂) (13. 7. 2014) တနင်္ဂနွေနေ့
နေရာ - သန္တိကရဗုဒ္ဓဝိဟာရ၊
အန်ဆန်းမြို့
ဧည့်ခံမှု
- မြန်မာ ထ္မင်းဟင်း
တရားနာယူချိန်
- မနက် (၁၀း ၀၀) နာရီ
ကြိုတင်ဆက်သွယ်လှူဒါန်းနိုင်ရန်
နှင့် လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး
ပရိက္ခရာအစုံ ၅၀,၀၀၀ဝမ်
တိစီဝရိတ် ၃၀,၀၀၀
ဝမ်
သင်္ကန်းဒွိစုံ ၂၀,၀၀၀ ဝမ်
ခြုံထည် ၂၀,၀၀၀ ဝမ်
ထီး, ဘိနပ်, ယပ် ၅, ၀၀၀ ဝမ်စီ
သပိတ် ၁၀,၀၀၀
ဝမ်
ဆရာတော်
(၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး
(၀၁၀-၅၁၀၂-၉၉၂၆) ကိုယဉ်ထွေး (၀၁၀-၂၈၂၁-၉၂၄၃)
ကိုဆန်းလွင်ထွန်း
(၀၁၀-၃၄၂၉-၀၃၂၄) ကိုမျိုးဇော်ဦး (မွန်လေး)
(၀၁၀-၇၂၁၄-၂၁၃၈)
(Bank – IBK 기업은행 630-021468-01-017 SUVANNA)
Saturday, 7 June 2014
တရားတော်နာ ဖိတ်ကြားခြင်း
သေသူအား ရည်စူးကုသိုလ်ပြု နှင့် နေ့တရားပွဲ
မနက်ဖန် နယုန်လပြည့်နေ့တွင် ဂွန်ဆန်း ဒါဆန်းစက်ရုံ၌ ရုတ်တရက်သေဆုံးသွားသော မောင်စနေထွန်းအတွက် ကုသိုလ်ပြု အမျပေးမှုကိုမနက်ပိုင်းတွင် ပြုလုပ်ပြီး နေ့လည်ပိုင်း တရားပွဲစီစဉ်သူများ၏ ပင့်ဖိတ်ချက်အရ ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော ရွေညဝါဆရာတော်၏ တရားပွဲကိုလည်း ကျင်းပပြုလု့်မည် ဖြစ်ပါသည်။
ဆရာတော်၏ နေ့စဉ်ဘဝ နေထိုင် ပြောဆို စဉ်းစားတွေးခေါ်ပုံမှစ၍ နိဗ္ဗာန်ရောက်သည်အထိ ဘဝကို ဘယ်လိုအသုံးချသင့်သည်များကို ဟောကြားချီးမြှင့်မည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် အကျိုးမျော်၍ နိုးဆော်တိုက်တွန်းအပ်ပါသည်။
အစီအစဉ်များ (8. 6. 2014) တနင်္ဂနွေနေ့
မနက်ပိုင်း
၁၀း၀၀ နာရီတွင် သေသူအတွက် ရည်စူး၍ တရားနာ ရေစက်ချ။
ဧည့်ခံမှု - မြန်မာထ္မင်းဟင်းဖြင့် ကျွေးမွေးမည် (မွန်လက်ရာ)
နေ့လည်ပိုင်း ရွှေညဝါဆရာတော်၏ တရားပွဲ
နေ့ (၁း ၃၀ )နာရီတွင် တရားပွဲစတင်ပါမည်။
အချိန်မီ ကြွရောက်ကြပါရန် နိုးဆော်တိုက်တွန်းအပ်ပါသည်။
သန္တိကရဝိဟာရဆရာတော်

Sunday, 25 May 2014
ကုသိုလ်ပြု အမျပေးဝေပွဲ
ကုသိုလ်အမျ ပေးဝေပွဲ ဖိတ်ကြားလွှာ
မုဒုံမြို့ သိမ်ကျောင်းရပ်ကွက်မှ ကိုရီးယား ဂုန်ဆောင်းမြို့ သစ်စက်အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုစနေထွန်း သည် မေလ (၁၄)ရက်နေ့တွင် မမျော်လင့်ဘဲ ရုတ်တရက် ဘဝတပါးပြောင်းသွားခဲ့ပြီး ဖြစ်ပါသည်။
ကျန်ရစ်သော ရုပ်အလောင်းကို မေလ(၂၂)ရက်နေ့က တာဝန်ရှိသူများနှင့် သူငယ်ချင်းများစုပေါင်းကာ ဂုန်ဆန်းမြို့`၌ မီးသဂြိင်္ုလ်ခဲ့ပါသည်။
ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းစဉ်လာအရ သေသူကို ရည်စူးလျက် ကုသိုလ်ပြုလုပ်ကာ အမျအတမ်းပေးဝေလိုပါသဖြင့် ဂျွန်လ (၈) ရက် တနင်္ဂနွေနေ့တွင် ရပ်ဝေးရပ်နီးမှ သူငယ်ချင်းများ ကြွရောက်၍ အတူတကွသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာယူ ကုသိုလ်အမျပေးဝေနိုင်ရန် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် (၈.၆.၂၀၁၄) တနင်္ဂနွေနေ့
တရားနာယူချိန် မနက် (၁၀း၀၀)
ဧည့်ခံမှု မွန်လက်ရာ ထ္မင်း ဟင်း
နေရာ သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
မိသားစုကိုယ်စား
ကျောင်းကော်မတီ
သန္တိကရဝိဟာရ၊ အန်ဆန်းမြို့

Thursday, 8 May 2014
လူတိုင်း ကျောင်း ဒကာဖြစ်ဘို့အခွင့်အရေး
လူတိုင်းကျေင်းဒကာဖြစ်ဘို့ အခွင့်အရေး
အန်ဆန်းမြို့ ၌ သန္တိကရဗုဒ္ဓဝိဟာရကို ဖွင့်လှစ်တည်ထောင်လာခဲ့သည်မှာ နှစ်နှစ်တာကာလ ကျော်လွန်၍ လာပါပြီ။ သဒ္ဓါ စေတနာ ထက်သန်ကြသော အမျိုးကောင်းသား၊ သ္မီးများ၏ စုပေါင်းလှူဒါန်းမှုကြောင့် အဆင်ပြေစွာ လောက သာသနာအရေးများကို တတ်စွမ်းသမျ လုပ်ဆောင်နိုင်ခဲ့ပါသည်။ သို့သော်လည်း လစဉ်ပေးဆောင်နေရသော လခ၊ အိမ်ပိုင်ရှင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရမှု စတဲ့အခက်အခဲများစွာကို ကျောင်းတိုင်းကြုံတွေ့နေကြရပါသည်။ သို့ပါ၍ သန္တိကရဗုဒ္ဓဝိဟာရ-ကိုလည်း ကိုယ်ပိုင်နေရာ(အခန်း)တစ်ခု ဝယ်ယူပြီး အဆင်ပြေပြေ ဣနြေ္ဒရရ သာသနာပြုနိုင်ရန် စဉ်းစား၊ တိုင်ပင်ခဲ့ကြပါသည်။ ထိုသို့တိုင်ပင်ကြရာတွင်....
၁။ ယ္ခု လက်ရှိနေထိုင်သော နေရာနှင့် မနီးမဝေးနေရာ (အန်ဆန်း နှင့် ရှီဝှာ) ဝန်းကျင် ကားမှတ်တိုင် ရထားဘူတာ အနီးဝန်းကျင်ရှိ ဖျောင် (၄၀) ခန့်ကျယ်သော နေရာ။
၂။ သိန်းနှစ်ထောင်ခန့်တန်သော အခန်း။
၃။ ထိုအခန်းကို သိန်းတစ်ထောင် စုဆောင်းမိပါက ကိုယ်ပိုင်နေရာ အခန်းအဖြစ် လက်မှတ်ထိုး ဝယ်ယူနိုင်မည်။
၎။ နှစ်နှစ်ပြည့်လျင် ကျန်သိန်းတစ်ထောင်ကို ပေးချေ၍ ကိုယ်ပိုင်ကျောင်းအဖြစ် ဖန်းတီးဖွင့်လှစ်နိုင်ပါမည်။
လူတိုင်း ကျောင်းဒကာဖြစ်နိုင်ရန် ဖျောင် (၄၀)ကို အကွက်တစ်ထောင်ဖွဲ့ပြီး (1'2')တစ်ကွက်ကို နှစ်သိန်းနှုန်းဖြင့် အလှူရှင်တစ်ဦးစီက တာဝန်ယူ၍ လစဉ် ဝမ်တစ်သောင်းကျစီ လှူဒါန်းသွားပါက နှစ်နှစ်ပြည့်လျင် သိန်းနှစ်ထောင့်လေးရာ စုဆောင်းမိပြီး တာဝန်မကြီးလေးရဘဲ ကိုယ်ပိုင်ကျောင်းတစ်နေရာကို ဝယ်ယူနိုင်မှာဖြစ်ပါသည်။
အမိမြေသို့ အပြီးပြန်ကြမည့် ညီအစ်ကိုများလည်း မပြန်မီ တစ်ကွက်(သို့) နှစ်ကွက်စာ အပြည့်လှူ ဒါန်းပြီး ကျောင်းဒကာအဖြစ်ခံယူနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။
သို့ပါ၍ လူတိုင်းကျောင်းဒကာ ဖြစ်ဘို့အခွင့်အရေးကို ယ္ခုအချိန်မှ စတင်၍ ကောက်ခံနေပြီဖြစ်ကြောင်း အသိပေး သတင်းကောင်းပါးအပ်ပါသည်။ အလှူရှင်ကိုယ်တိုင်သော်လည်းကောင်း ဘဏ်မှတဆင့်သော်လည်းကောင်း ကိုယ်ကြိုက်နှစ်သက်သလို လျူ ဒါန်းနိုင်ပါသည်။
ဘဏ်နံပါတ် - KB (국민은행 784501-00-101741 SUVANNA)
ဆက်သွယ်ရန်
ဆရာတော် ဦးသုဝဏ္ဏ (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်စွာလင်း (၀၁၀-၃၄၇၇-၉၁၉၁)
ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆)
ကိုယဉ်ထွေး (၀၁၀-၂၆၂၁-၉၂၄၃)
ကိုနေမျိုး (မြင်းခြံ) (၀၁၀-၃၁၈၉-၄၈၃၆)
ကိုသားငယ် (ဂွမ်ဂျုးလေး) (၀၁၀-၈၆၉၁-၆၂၁၄)
မျိုးဇော်ဦး (မွန်လေး) (၀၁၀-၆၅၅၈-၁၇၂၈၊ ၀၁၀-၂၁၈၆-၁၇၂၈)
ကျောင်းကော်မတီ
သန္တိကရဗုဒ္ဓဝိဟာရ
အန်ဆန်းမြို့
Subscribe to:
Posts (Atom)