Tuesday 21 May 2013

ဗုဒ္ဓနေ့ပူဇော်ပွဲ ဖိတ်ကြားလွှာ

ဗုဒ္ဓနေ့ ပူဇော်ပွဲ ဖိတ်ကြားခြင်း

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွတ်အမြတ်ထားသော နေ့ထူးနေ့မြတ်များတွင် တစ်နေ့အပါအဝင်ဖြစ်သည်။ ထေရဝါဒပိဋကတ်တော် ဗုဒ္ဓဝံသအဋ္ဌကထာ၌ “ဝိသာခနက္ခတ္တေန ဇာတော စ အဘိသမ္ဗုဒ္ဓေါ စ ပရိနိဗ္ဗုတော စ” (ဝိသာခနက္ခတ်နှင့်ယှဉ်သော ကဆုန်လပြည့်တွင် ဗုဒ္ဓလောင်းလျာ မွေးဖွားခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပ၇ိနိဗ္ဗာန်စံတော်မူသည်။) လို့လာသည်နှင့်အညီ ထူးမြတ်သောနေ့အဖြစ်မှတ်ယူကြသည်။

ဗုဒ္ဓလောင်းလျာ ဖွားမြင်တော်မူခြင်းနှင့် ပါတ်သက်လို့ “….ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလိုက်ဆူ၊ ဖွါးတော်မူသည်…….”၊ လို့ စပ်ဆိုခဲ့သည်။ ဘု၇ားအဖြစ်သို့ရောက်တော်မူခြင်းနှင့်ပါတ်သက်လို့ “…..တော၇ပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်….”လို့လည်းကောင်း။ ပ၇ိနိဗ္ဗာန်စံတော်မူခြင်းကိုလည်း “…….ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊…”လို့ ကျေးဇူးတော်၇ှင် လယ်တီဆရာတော်ဘုရားကြီးက ကဗျာဖြင့်ေ၇းစပ်ပူဇော်ခဲ့ပေသည်။

ထိုသို့ထူးမြတ်သောနေ့တွင် ဗုဒ္ဓမြတ်စွာကို အထူးတလည်အမှတ်ရ ဗုဒ္ဓဘာသာဝင်များသည် အထူးတလည် ပူဇော်ပွဲများပြုလုပ်လေ့ရှိကြပါသည်။

လပြည့်နေ့သည် သောကြာနေ့ ဖြစ်သောကြောင့် လပြည့်ကျော်(၁)၇က် (၂၅-၅-၂၀၁၃) စနေနေ့ညတွင် ရိုး၇ာအစဉ်အလာမပျက် ဗုဒ္ဓပူဇနိယပွဲကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဗုဒ္ဓကိုကြည်ညိုလေးမြတ်ကြ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုထားကြသော ကိုရီယားရောက်ေ၇ွှမြန်မာများကို မြတ်ဗုဒ္ဓ၏ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်၇င်း အတူတကွ ကုသိုလ်၇ယူနိုင်ပါရန် နိုးဆော်တိုက်တွန်း ဖိတ်ကြားလိုက်ပါသည်။

ကိုသိုလ်တူပြု၊ နိဗ္ဗာန်ဆု၊ တောင်းမှုပြည့်နိုင်သည်။

နေ၇ာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
အချိန် - ည (၈)နာ၇ီခန့်
နေ့၇က် - (၂၅-၅-၂၀၁၃) စနေန့

No comments:

Post a Comment