Sunday, 14 July 2013

မြတ်ဝါဆိုသင်္ကန်းအလှူ ဖိတ်ကြားလွှာ


ဝါဆိုသင်္ကန်းအလှူသည် နိဗဒ္ဓအလှူတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိဗဒ္ဓအလှူကို ပေးလှူသူသည် သောတာပန်ကဲ့သို့ အပါယ်မလားနိုင်ဟု ကျမ်းဂန်၌ဆိုသည်။

အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း၌ ဒုတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (၂၈၊ ရ၊ ၂၀၁၃) နေ့တွင် ကိုရီးယားရောက် မြန်မာမိသားစုများ စုပေါင်းကာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ပင့်ဖိတ်၍ ကြွေ၇ာက်လာကြမည့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပ၇ိတ်သတ်အပေါင်းအားလည်း အာဟာရဒါနဖြင့် ဧည့်ခံကျွေမွေးမည် ဖြစ်ပါ၍ အားလုံးသော သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်းအား ကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။

လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး

ပရိက္ခရာအစုံ -  ၅၀,၀၀၀ ဝမ်
တိစီဝ၇ိတ်  -    ၃၀,၀၀၀  ဝမ်
သင်္ကန်းဒွိစုံ  -   ၂၀,၀၀၀  ဝမ်
ခြုံထည်      -   ၂၀,၀၀၀  ဝမ်
ထီး ၊ ဖိနပ် ၊ ယပ် - ၅၀၀၀ ဝမ်စီ
သပိတ်      -   ၁၀,၀၀၀ ဝမ်

ကြိုတင်ဆက်သွယ်လှူဒါန်းလိုသော ပါရမီရှင်များ အောင်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ကိုကျော်မိုး  (၀၁၀-၅၁၀၂-၉ ၉ ၂၆)
ကိုယဉ်ထွေး (၀၁၀-၂၆၂၁-၉ ၂၄၃)
ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉ -၀၃၂၄)

အလှူေ၇စက်ချ အချိန် - မနက် ၁၀း၀၀ နာ၇ီ
ဆွမ်းကပ်ချိန်   - မနက်  ၁၁း၁၅ နာ၇ီ
နေ့၇က် - ဝါဆိုလပြည့်ကျော် (၆)၇က်။ (၂၈၊ ၇၊ ၂၀၁၃)
စားသောက်ဖွယ် - မြန်မာဟင်းထ္မင်း
နေ၇ာ  - သန္တိက၇ဝိဟာ၇၊ အန်ဆန်းမြို့

Tuesday, 25 June 2013

ကိုရီးယားစကား လေ့လာကြစို့

အလုပ်ခွင်မှာ ဘာသာစကားကြောင့် အခက်ခဲဖြစ်နေပါသလား
ဘဝတိုးတက်ဘို့အတွက် မျော်လင့်ချင်ပါသလား
ကိုရိးယား၌ ဘဝကု် ပျော်ရွှင်စွာ နေချင်ပါသလား
ကိုရိးယားစကားပြောသင်တန်းသို့ တက်လိုက်ပါ

ကို၇ိးယားဘာသာစကားကိုေ၇းဖတ်ပြော လေ့လာလိုသူများအတွက် မြန်မာလိုရှင်းပြပြီး သင်ပေးမည့် ကိုရိးယားသင်တန်းကို ဇူလိုင်လ ဒုတိယပါတ် (14-7-2013) မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်သင်ယူ လေ့လာနိုင်ပါသည်။

(တနင်္ဂနွေနေု့တိုင်း သင်တန်းရှိမည်။)

အချိန် - နေ့လည်  (၂) နာ၇ီမှ (၄) နာ၇ီ
နေရာ - သန္တိက၇ဝိဟာရ၊ အန်ဆန်းမြို့
ဆက်သွယ်၇န် -
ဆ၇ာတော ဦးသုဝဏ္ဏ
ဖုန်း - ၀၁၀-၅၁၈၄-၃၅၇၈


Monday, 24 June 2013

ဝါဆိုဦး ဆွမ်းကပ်အလှူ

ဝါဆိုဦးမှာ ဦးဦးဖျားဖျား ကုသိုလ် ကောင်းမှုတွေပြုလို့ ဒီနှစ် ဝါဆိုကို ကြိုဆိုကြပါစို့။

မြန်မာသက္ကရာဇ် ၁၃၇၅ ခု ဝါဆိုလဆန်း (၇) ၇က် (၁၄-၇-၂၀၁၃) တနင်္ဂနွေနေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ညောင်ကုန်းရွာ နှင့် ဝက်သဲရွာမှ ကိုရီးယားတွင် စီးပွါးလာရှာနေကြသော ညီအစ်ကိုများ စုပေါင်းကာ အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ၌ ဘု၇ားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်း ၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။

မိတ်ဟောင်းများနှင့်ပြန်လည်တွေ့ဆုံ၊ မိတ်သစ်များကိုတွေ့နိုင်ဘို့ ကျောင်းတော်သို့လည်း အလာတစ်ခေါက်လာရောက်၇င်း ကျွန်တော်များ၏ ကုသိုလ်ကို ကြွရောက်အားပေးကြပါ၇န် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

လေးစားခင်မင်လျက်
သူငယ်ချင်းများတစ်စု
(ညောင်ကုန်းရွာ၊ ဝက်သဲရွာ)

ဆက်သွယ်ရန်
ကိုရင်ထွေး - (၀၁၀-၂၆၂၁-၉ ၂၄၃)

(မှတ်ချက် - တ၇ားတော်ကို မနက် (၁၀း၀၀) ခန့်တွင် နာယူမည်ဖြစ်ပါသည်။)



Tuesday, 4 June 2013

ကိုရီးယားစကား လေ့လာကြစို့



ဘဝတစ်ခု တိုးတက်အောင်မြင်ဘို့ဆိုရင် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေရှိမှဖြစ်မယ်။ တိုးတက်ဘို့အတွက် စီးပွါးေ၇းအ၇ ကိုရီးယားသို့ လာေ၇ာက်အလုပ်လုပ်ကိုင်နေကြသော ရွှေမြန်မာများ လုပ်ငန်းခွင်မှာ အဆင်ပြေစေဘို့၊ ကြုံတွေလာတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဘို့၊ ကိုယ့်မြေကိုယ်ေ၇ကို ပြန်သွားတဲ့အခါလည်း အသုံးချနိုင်ဘို့ စတဲ့ စတဲ့ ဘဝအဆင်ပြေမှုအတွက် လိုအပ်နေသောသူများ ဘာသာစကားတစ်ခုကို တတ်ကျွမ်းဘို့လိုပေသည်။

ကိုရီးယားစာ စကားကို ပြန်လည်လေ့လာချင်သူများ၊ ဆက်လက်ကြိုးစားချင်သူများ ဘယ်နေ၇ာမှာ လေ့လာရမှန်းမသိသူများ အချိန်မအားလပ်ပေမဲ့ အခွင့်အေ၇းကို ၇ယူချင်သူများအတွက် ထို အခွင့်ေ၇းကို သန္တိက၇ဝိဟာ၇ကျောင်းတွင် ဖြစ်အောင်စီစဉ်ပေးဘို့ရှိပါသည်။

သင်ပေးမည့်ဆ၇ာကလည်း တို့ရွှေမြန်မာများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ပေးမှာဖြစ်သည့်တွက် ဆက်သွယ်ကြပါရန် အသိပေးကြေငြာအပ်ပါသည်။

အနည်းဆုံး သင်ယူမည့်သူ ငါးယောက်ရှိ၇င် သင်တန်းကို စတင်မှာဖြစ်ပါတယ်။

အချိန်ကို နောက်ပိုင်းမှ သတ်မှတ်ပေးပါမည်။

 အောင်မြင် ပျော်ရွှင်သော ဘဝကို ဖန်းတီးတည်ဆောက်နိုင်ကြပါစေ

ဆက်သွယ်စာရင်းပေး၇န်
ဆ၇ာတော် ဦးသုဝဏ္ဏ
၀၁၀-၅၁၈၄-၃၅၇၈

Tuesday, 21 May 2013

ဗုဒ္ဓနေ့ပူဇော်ပွဲ ဖိတ်ကြားလွှာ

ဗုဒ္ဓနေ့ ပူဇော်ပွဲ ဖိတ်ကြားခြင်း

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွတ်အမြတ်ထားသော နေ့ထူးနေ့မြတ်များတွင် တစ်နေ့အပါအဝင်ဖြစ်သည်။ ထေရဝါဒပိဋကတ်တော် ဗုဒ္ဓဝံသအဋ္ဌကထာ၌ “ဝိသာခနက္ခတ္တေန ဇာတော စ အဘိသမ္ဗုဒ္ဓေါ စ ပရိနိဗ္ဗုတော စ” (ဝိသာခနက္ခတ်နှင့်ယှဉ်သော ကဆုန်လပြည့်တွင် ဗုဒ္ဓလောင်းလျာ မွေးဖွားခြင်း၊ ဘုရားအဖြစ်သို့ရောက်ခြင်း၊ ပ၇ိနိဗ္ဗာန်စံတော်မူသည်။) လို့လာသည်နှင့်အညီ ထူးမြတ်သောနေ့အဖြစ်မှတ်ယူကြသည်။

ဗုဒ္ဓလောင်းလျာ ဖွားမြင်တော်မူခြင်းနှင့် ပါတ်သက်လို့ “….ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလိုက်ဆူ၊ ဖွါးတော်မူသည်…….”၊ လို့ စပ်ဆိုခဲ့သည်။ ဘု၇ားအဖြစ်သို့ရောက်တော်မူခြင်းနှင့်ပါတ်သက်လို့ “…..တော၇ပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်….”လို့လည်းကောင်း။ ပ၇ိနိဗ္ဗာန်စံတော်မူခြင်းကိုလည်း “…….ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊…”လို့ ကျေးဇူးတော်၇ှင် လယ်တီဆရာတော်ဘုရားကြီးက ကဗျာဖြင့်ေ၇းစပ်ပူဇော်ခဲ့ပေသည်။

ထိုသို့ထူးမြတ်သောနေ့တွင် ဗုဒ္ဓမြတ်စွာကို အထူးတလည်အမှတ်ရ ဗုဒ္ဓဘာသာဝင်များသည် အထူးတလည် ပူဇော်ပွဲများပြုလုပ်လေ့ရှိကြပါသည်။

လပြည့်နေ့သည် သောကြာနေ့ ဖြစ်သောကြောင့် လပြည့်ကျော်(၁)၇က် (၂၅-၅-၂၀၁၃) စနေနေ့ညတွင် ရိုး၇ာအစဉ်အလာမပျက် ဗုဒ္ဓပူဇနိယပွဲကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဗုဒ္ဓကိုကြည်ညိုလေးမြတ်ကြ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုထားကြသော ကိုရီယားရောက်ေ၇ွှမြန်မာများကို မြတ်ဗုဒ္ဓ၏ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်၇င်း အတူတကွ ကုသိုလ်၇ယူနိုင်ပါရန် နိုးဆော်တိုက်တွန်း ဖိတ်ကြားလိုက်ပါသည်။

ကိုသိုလ်တူပြု၊ နိဗ္ဗာန်ဆု၊ တောင်းမှုပြည့်နိုင်သည်။

နေ၇ာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
အချိန် - ည (၈)နာ၇ီခန့်
နေ့၇က် - (၂၅-၅-၂၀၁၃) စနေန့