Wednesday 12 September 2012

မိခင်ကြီးအား၇ည်းစူးကုသိုလ်အလှူဖိတ်ကြားခြင်း

ကျွန်တော်များ၏ ချစ်လှစွာသော အနန္တဂိုဏ်းဝင်ဖြစ်သော မွေးမိခင်ကြီး မြင်းခြံမြို့နယ် ဒါးကျွန်းရွာမှ ဒေါ်ညွန့်ငွေသည် လွန်ခဲ့သော နှစ်လက ပြောင်းသွား ကွယ်လွန်သွားခဲ့ပါသည်။
မိခင်ကြီးအား လွမ်းဆွတ်သတိရသည့်အနေအားဖြင့်လည်းကောင်း မြတ်ဗုဒ္ဓ၏ အဆုံးအမတော်နှင့် အညီ သားသ္မီးများ ပြုကျင့်အပ်သည့် ဝတ္တရားရှိသည့်အားလျော်စွာ ကုသိုလ်ကောင်းမှုကို ဆည်းပူးပြီး ထိုရရှိဆည်းပူးအပ်သော ကုသိုလ်အဖို့ ဘာဂကို ကွယ်လွန်သွားသူ မိခင်ကြီးအား အမျှအတမ်းပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါသည်။
သို့ ပါ၍ လာမည့် တနင်္ဂနွေနေ့ (၁၆၊ ၉၊ ၂၀၁၂) တွင် ကျွန်တော်များကိုးကွယ်ဆည်းကပ်ရာ အန်ဆန်းမြို့  သန္တိကရဝိဟာရ၌ သံဃာတော်အရှင်မြတ်တို့ အား ဆွမ်းအစရှိသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ ကို ဆက်ကပ်၍ ကြွရောက်လာကြမည့် ဧည့်ပ၇ိတ်သတ်အပေါင်းအား ဧည့်ခံကျွေးမွေး ကုသိုလ်ပြုလုပ်ကာ တရားတော်နာ အမျှပေးဝေမှုကို ပြုလုပ်လိုပါသဖြင့် သူငယ်ချင်း မိတ်သင်္ဂဟအပေါင်းတို့ အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကြွရောက်လာသော မိတ်ဆွေအပေါင်းအသင်းများအား အမေ့လက်ရာ အလွမ်းပြေ မြန်မာ ထ္မင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပါမည်။
တရားနာေ၇စက်ချ အမျှပေးဝေမှုကို သင့်လျော်သောအချိန်တွင် ပြုလုပ်မည်ဖြစ်ပါ၍ စောစောကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ထွန်းထွန်းမင်း နှင့် လှမင်းထိုက်

No comments:

Post a Comment