Wednesday 26 September 2012

ဂရုဓမ္မအခါတော်နေ့ 

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသော သူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင့် နှလုံးသွင်းလျက် သရဏဂုံ ၃ပါး၊ ပဉ္စသီ ငါးပါး၊ အဌသီ ရှစ်ပါး တို့ကို မပြတ် ဆောက်တည်ကြကုန်။
ရွှေပြည်တော် မြို့တွင်းမြို့ပြင် အရပ်ခေါင်း သွေးသောက်ကြီး သွေးဆော် တို့ကိုလည်း စီရင်စု အရပ်သားတို့ကို ပဉ္စသီ ငါးပါး၊ အဌသီ ရှစ်ပါး စသော အလှူပေးခြင်းများကို တိုး၍ ကျင့်ဆောင် လှူဒါန်း ရမည့် အကြောင်းနှင့် မှတ်စုအပ်၍ ကျင့်ဆောင် နှိုးဆော် ကြစေ။

ဘလော့ဂ် တစ်ခုမှာ ဖတ်လိုက်ရတဲ့ ဘု၇င်မင်းမြတ်များက (၁၁၄၆ ခုက) ပြည်သူတွေကို ကြေငြာမောင်းနှင်းခတ်သော အမိန့် တော်ပြန်တမ်းတစ်ခုပါ။
ရှေးက ဘု၇င်မင်းများဟာ များသောအားဖြင့် မင်းကျင်းတရားနှင့်ပြည့်စုံပြီး ပြည်သူလုထုကိုလည်း ငါးပါးသီလကို စောင့်ရှောက်စေလေ့ရှိတယ်။ ထိုကြောင့်လည်း တိုင်းပြည်သာယဝပြောပြီး ဆန်ရေစပါးပေါများကာ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး အစစ ပြည့်စုံတဲ့နိုင်ငံဖြစ်ပြီး မင်းနှင့်ပြည်သူ ပျော်ရွှင်ငြိန်းချမ်းစွာ နေထိုင်နိုင်ကြတာဖြစ်တယ်။

ဘုရင်သာမက ပြည်သူတွေကလည်း ငါးပါးသီလကို အလေးဂရုပြုစောင့်ရှောက်ခဲ့ကြတာဟာဖြင့် ခုခေတ်မှသာမဟုတ် ဂေါတမဗုဒ
္ဓအလောင်းလျာဘဝတုန်းကတည်းက ငါးပါးသီလကို အလေးအမြတ်ထား စောင့်ရှောက်တာကြောင့် မိုးလေဝသ မှန်လို့ ဆန်ရေစပါး ပေါများပြီး တိုင်းပြည်သာယာဝပြောခဲ့ တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

ယခု တော်သလင်းလပြည့်နေ့ သည် မြန်မာနိင်ငံ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ထားသော ဘာသာရေးအထွဋ္ဋ်အမြတ်နေ့ တစ်ခုဖြစ်သော ဂရုဓမ္မအခါတော်နေမှာ သူတော်ကောင်းများ အလေးအမြတ်ထား ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ငါးပါးသီလကို လုံခြုံအောင် စာင့်ရှောက်ကြလို့  ကုသိုလ်တရားများ တိုးပွါးအောင် ကြိုးစားနိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဂရုဓမ္မအခါတော်နေ့ လည်းကြုံ၊ အားလပ်ရက်လည်း ဖြစ်သည့်အတွက် မိမိတို့ တတ်စွမ်းသမျှ ကောင်းမှုကုသိုလ်တိုးပွါးအောင် လုပ်ဆောင်နိုင်သော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ကြပါစေ။

ချမ်းသာစွာ အိပ်စက် နိုးထနိုင်ကြပါစေ
သန္တိက၇ဆရာတော်

No comments:

Post a Comment