Saturday 3 November 2012

ပထမအကြိမ် စုပေါင်းဘုံမဟာကထိန်အလှူတော် ဖိတ်ကြားလွှာ

ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ
၁၃၇၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် (11.11 2012) တနင်္ဂနွေနေ့ တွင် ကျောင်းကော်မတီအဖွဲ ၊့ ဘုရားအလှူရှင်
“စိတ္တသာမဂ္ဂီ” သူငယ်ချင်းများနှင့် အားလုံးစုပေါင်း၍ သံဃာတော်အရှင်သူမြတ်များနှင် ဧည့်ပ၇ိသတ်အပေါင်းအား ကိုရီးယားဘူဖေးဖြင့် အာဟာရဒါနပြု၍ အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရ ၌ ပထမအကြိမ်စုပေါင်း ဘုံမဟာကထိန်အလှူတော်မင်္ဂလာပွဲ ပြုလုပ်မည်ဖြစ်ပါ၍ တစ်ဦးချင်းသော်လည်းကောင်း၊ သူငယ်ချင်းများစုပေါင်း၍သော်လည်းကောင်း သင်္ကန်းစသည်၊ လှူဒါန်းဖွယ်ရာ အဖြာဖြာနှင့် ဆွမ်းဆက်ကပ်မှုအတွက်လည်း သဒ္ဓါတတ်အား နည်းများမဆို လာရောက်လှူဒါန်း ကုသိုလ်ပွါးများနိုင်ရန် နိုးဆော်တိုက်တွန်းလျက် ကြွရောက်ကြပါ၇န် ဖိတ်ကြားအပ်ပါသည်။ ပဒေသာပင်သီးလိုသူများအတွက်လည်း ပဒေသာပင်စီစဉ်ထားပါသဖြင့် ကြိုက်နှစ်သက်ရာ ပစ္စည်းများ အသီးသီးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး

ပရိက္ခရာအစုံ ၅၀,၀၀၀ ဝမ်
တိစီဝရိတ် ၃၀,၀၀၀ ဝမ်
သင်္ကန်းဒွိစုံ ၂၀,၀၀၀ ဝမ်
ခြုံထည် ၂၀,၀၀၀ ဝမ်
ထီး, ဘိနပ်, ယပ် ၅, ၀၀၀ ဝမ်စီ
သပိတ် ၁၀,၀၀၀ ဝမ်

ကိုယ်တိုင်လာေ၇ာက်၍သော်လည်းကောင်း၊ အောက်ပါ ကျောင်းအဖွဲ့ ဝင်များထံသို့  ကြိုတင်၍သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
*ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆) *ကိုဖိုးထောင် (၀၁၀-၅၅၉၅-၆၆၄၉)
*ကိုလွင်အောင် (၀၁၀-၉၄၅၂-၇၄၇၅) *ကိုယဉ်ထွေး (၀၁၀-၂၆၂၁-၉၂၄၃)
*ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉-၀၃၂၄ * ကိုမောင်မောင်-လမင်းအိမ် (၀၁၁-၄၇၂-၂၈၃၈)

နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်းမြို့
နေ့ လည် - ၁ နာ၇ီတွင်ေ၇စက်ချ တရားတော်နာ
ဧည့်ခံမှု - ကိုရီးယားဘူဖေးဖြင့် မနက် ၁၁ နာရီမှစတင်၍ ဧည့်ခံပါမည်

ကျောင်းအကျိုးတော်ဆောင်အဖွဲ့ 

No comments:

Post a Comment