Wednesday 11 September 2013

တ၇ားကို နှစ်သက်လို့




               လစဉ် တစ်ပါတ်ကြာ တရားပြနေမှုကို ကိုရီးယား မဟာယာနကျောင်းမှာ ပုံမှန်လုပ်ဖြစ်တယ်။
 ဒီတစ်လတော့ ကိုရီးယား ထေရဝါဒဘုန်းကြီးကျောင်းဖြစ်တဲ့ ဆိုးလ်မြို့ ဂျွာချွန်းမြို့ရှိ ဗောဓိဆုရိပ်သာမှာ နှစ်ပါတ်ဆက်တိုက် ဝိသုဒ္ဓိမဂ်က အနုဿတိခြောက်ပါးကို သင်ပေးဘို့ တောင်းဆိုလာတာကြောင့် သွားဖြစ်ခဲ့တယ်။ ဝါတွင်းဆိုရင် ဝိသုဒ္ဓိမဂ်ကို နည်းနည်းချင်း နေ့စဉ်သင်ပေးလေ့ရှိသတဲ့။ ကျောင်းထိုင်ဆရာတော်က တရားစခန်းတွေရှိလို့ သင်ပေးမဲ့သူမရှိတော့ နေ့စဉ်တရားဟောတဲ့ အစီစဉ်ပျက်မှာစိုးလို့ထင်ပါ့။ ပုံမှန်ဆိုရင် အခါအားလျော်စွာ စနေနေ့များမှသာ တ၇ားသွားဟောရတာမျိုးပဲ ရှိခဲ့တယ်။ ရက်ရှည်ဆိုတော့ အင်းမလွယ်ပါလားလို့ စိတ်လေးမိတာ အမှန်ပါလို့ မကွယ်မထောက် ဝန်ခံ၇ပေမည်။ ဒါပေမဲ့ အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါတယ်။
ပြောချင်တာက ထိုစာသင်သွားတဲ့ ကျောင်းမှာတ၇ားလာအားထုတ်တဲ့ သူနှစ်ယောက်အကြောင်းပါ။ တရားအားထုတ်သူတွေ များစွာတွေ့ဖူးပါတယ် ဒီလိုမျိုးကို တွေ့ရခဲများလို့ ထင်မိလို့ပါ။ တစ်ယောက်က မြန်မာလူမျိုး နှင့် နောက်တစ်ယောက်က တရုတ်လူမျိုးပါ။

ကိုရီးယားမှာ အလုပ်လာလုပ်ကြသူတွေဟာ ပုံမှန်အားဖြင့် အားလပ်ချိန်မရှိသလောက်ပါပဲ ဒါကြောင့် တ၇ားအားထုတ်ဘို့ဆိုတာ မလွယ်ကူတဲ့ အလုပ်မဟုတ်ပါလား။ ရက်ရှည်အားထုတ်ဘို့ဆိုရင် ပိုလို့တောင် မလွယ်သေး။ အထူးသဖြင့် ကိုရီးယားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာများဆို ပိုတောင်မလွယ်တဲ့ အခြေအနေပါပဲ။ အချိန် နေ၇ာ အဆက်အသွယ် ဘာသာစကား စတဲ့ အခက်အခဲတွေက ရှိနေလေတော့ မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်ပေမဲ့ ကိုရီးယားမှာဆိုတော့ ပိုမလုပ်ဖြစ်ကြတော့ဘူးပေါ့။ ကိုယ့်အခန်းမှာ အချိန်ပိုင်း လုပ်နေကြသူတွေ ရှိနေနိုင်ပါတယ်။

တွေ့ခဲ့တဲ့ မြန်မာအမျိုးသားလေးကတော့ ဒီကိုရီးယားကို မလာခင်ကတည်းက တရားအားထုတ်ဖူးတဲ့ အတွေ့အကြုံလည်းရှိ၊ တရားအားထုတ်၇င်း တွေ့ကြုံခဲ့တဲ့သူတွေက ကူညီလို့ အခက်အခဲအချို့ကိုလည်း ဖြေရှင်းနိုင်ခဲ့ဖူးတာလည်းရှိတော့ တ၇ားကို ကိုယ်ကစောင့်တော့ တ၇ားက ကိုယ့်ကို ပြန်စောင့်ရှောက်တယ်ဆိုတာကို ယုံကြည်မှုရှိနေတယ်ထင်ပါ့။ အနည်းဆုံးတော့ အကုသိုလ် အဖြစ်နည်းတယ်ဆိုတာကို သူယုံကြည်နေတယ်။

အလုပ်အသစ်ရှာရင်း နားနေချိန်မှာ ဟိုဒီရှောက်မသွားပဲ အလုပ်အတွက်လည်း စိတ်ပူပန်မှုမထားပဲ အချိန်၇တုန်းဆိုပြီး တ၇ားသွားထုတ်နေခဲ့သေးတယ်။ ကူညီဖေးမမဲ့သူတွေနဲ့ တွေ့လို့ စိတ်ချမ်းသာမှုတွေ ၇သလို အလုပ်လည်း အဆင်ပြေခဲ့ပါတယ်။ အလုပ်သက်တမ်းကုန်လို့ အသစ်စာချုပ်ခါနီးမှာ အလုပ်ထွက်ဘို့ စိတ်ကူးပြီး သူဌေးကိုပြောရာတွင် အလုပ်မထွက်စေချင်ခဲ့။ ဒါဆို၇င် တောင်းဆိုမှုကို လိုက်လျောပေးမလားလို့ မေးလိုက်တဲ့အခါ သူ့ရဲ့တောင်းဆိုမှုတွေကို ကြည်ကြည်ဖြူဖြူပဲ ပေးခဲ့သတဲ့။ ထိုအထဲမှာ စာချုပ်ပြီး၇င် တစ်ပါတ်ခွင့်ပေးရန် ပါတယ်။ ထိုခွင့်၇က်ကား အခြားအတွက်မဟုတ် တရားသွားအားထုတ်ဘို့ပါလို့ ဖွင့်ပြောပြတော့ ကြည်ဖြူစွာပဲ သွားခွင့်ပြုခဲ့တယ်။ ကိုယ့်စေတနာကို သူကလည်း နားလည်ပေးတဲ့သဘော။ အလုပ်ကို ကြိုးစားလုပ်ခဲ့လို့လည်း ဖြစ်မှာပါ။

ခွင့်ရလျင်၇ချင်း တရား၇ိပ်သာကို သွားပြီး ကြိုးစားလို့ တ၇ားအားထုတ်နေလေရဲ့။ အလုပ်လုပ်ခဲ့တုန်းက ကိုယ်ေ၇ာစိတ်ပါ ပင်ပန်းလို့ ခုလို တစ်ပါတ် ခွင့်၇က်ရှည်ရတုန်း သက်သောင့်သက်သာ နေနိုင် နုားနိုင်ပေမဲ့ လောကီအပျော်တွေနဲ့မနေဘဲ တရားအလုပ်ကို အားထုတ်ရင်း ပျော်နေရှာလေ၇ဲ့။ ကိုယ်ပင်ပန်းပေမဲ့ စိတ်ထဲမှာတော့ ပျော်နေလေ၇ဲ့။ တရားကို နှစ်သက်သူတိုင်း တရားနဲ့ အပျော်ကို ရှာတတ်ကြတာ သဘာဝပဲ မဟုတ်ပါလား။

နောက်တစ်ယောက်ကတော့ တရုတ်အမျိုးသ္မီးတစ်ယောက်ပါ။
ဒီရိပ်သာကို မလာမီ အခြား၇ိပ်သာမှာ တစ်ပါတ်တရားအားထုတ်ခဲ့သတဲ့ ၇က်ရှည်အားထုတ်ချင်လို့ လာခဲ့ခြင်းပါတဲ့။ ကိုရီးယားမှာ ညအိပ်နေပြီး တရားအားထုတ်၇င်၊ တရားစခန်းရှိလို့ သွားမယ်ဆိုရင် သတ်မှတ်ထားတဲ့ အလှူငွေကိုထည့်ဝင်ရခြင်းဟာ ထုံးစံဖြစ်နေပါပြီ။ အဲလိုမှမဟုတ်ရင်လည်း ဒီကျောင်းတွေေ၇ရှည်၇ပ်တည်နိုင်ဘို့က အခက်သားမဟုတ်လား။ ကျောင်းလခ နေ့စဉ် အသုံးစ၇ိတ်ကလည်း အကြီးသားကိုး။ ထိုတရုတ်ဒကာမသည် တစ်ရက်ကို (ဝမ် ၂၀,၀၀၀) ပေးပြီး နေ၇ တ၇ားအားထုတ်၇ပါသည်။ သို့ပေမဲ့ မြန်မာပြည်မှာလိုတော့ စောင် ခေါင်းအုံးတွေတော့ ယူသွားစ၇ာမလို၊ တချို့ကျောင်းတွေဆို ဝတ်စုံတောင် ပေးသေးတယ်။

မြန်မာတွေ တရားအားထုတ်ဘို့လာရင်တော့ ဘာမှပေးစရာမလိုပဲ သက်သောင့်သက်သာ အားထုတ်နိုင်တာဟာ ထူးခြားမှုတစ်ခုပါ။ ပေးရမယ်ဆိုရင်လည်း သွားကြလိမ့်မည်မဟုတ် ပေးရတဲ့ငွေက များသလို အလကားရတာတောင် သွားဘို့ စိတ်မကူးနိုင်ကြသူတွေ အချိန်ဆင်းရဲကြသူတွေမဟုတ်လား။ ကိုယ့်နိုင်ငံမှာ ရနိုင်တဲ့ အခွင့်အေ၇းနဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါသည်။ လွယ်လွယ်နဲ့ ၇နေတော့ တန်ဖိုးထားရကောင်းမှန်း မသိဖြစ်နေကြသူများ တန်ဖိုးကို သိစေဘို့ပါ။ ထို၇ိပ်သာ၏ ဆရာတော်က ထိုတန်ဖိုးကို မြန်မာနိုင်ငံမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ဖူးလေတော့၊ ပြီးတော့ မြန်မာဆရာတော်ထံမှာ ၇ဟန်းခံခဲ့ နှစ်အတော်ကြာ တရားအားထုတ်ခဲ့လေတော့ ထိုကျေးဇူးတွေကို မြန်မာတွေအပေါ် ဆပ်ချင်လို့ထင်ပါ့။

အပေါ်က စကားကိုဆက်၇လျင် ထိုတရုတ် ဒကာမသည် တရားအားထုတ်ချင်လို့ လုပ်နေတဲ့ အလုပ်ကအပြီးထွက်လာခဲ့သတဲ့။ တစ်ပါတ်တည်း အားထုတ်မည်မဟုတ် တစ်လလုံး အားထုတ်မှာပါ။ အဖြစ်လေးပဲ အားထုတ်တာမဟုတ် တကယ်ကို စိတ်ပါလက်ပါ အားထုတ်နေတာပါ။ တရားနာ၇င်လည်း အာရုံစူးစိုက်ပြီးနာတယ် မသိတာရှိ၇င် သိချင်တာတွေကို သီသန့်မေးလေ့ရှိတယ်။ အမှတ်တမဲ့ မဟုတ်။ ကိုယ်ဟောတဲ့တ၇ားထဲမှာ ပါတဲ့အကြောင်းအရာနဲ့ တရုတ်ဗုဒ္ဓဘာသာနဲ့ မတူရင် မေးလေ့ရှိတယ်။ အတုယူစ၇ာပါ့။ တရားကို နှစ်သက်သူဆိုတော့ အခွင့်အေ၇းကို လက်လွှတ်မခံ။

အချိန်ကို ငွေနဲ့ဝယ်ယူနေကြတဲ့ခေတ်ကြီးမှာ အချိန်နဲ့တပြေးညီ သို့မဟုတ် အချိန်ထက်ပို တန်ဖိုးကြီးတဲ့ တရားကို ငွေနဲ့၇င်းပြီး ရှာနေကြ၊ ဘဝအသိနဲ့ယှဉ်ပြီးရှာနေကြတဲ့ သူနှစ်ယောက်အကြောင်းကို ဗဟုသုတအဖြစ် တင်ပြလိုက်ခြင်း၇ယ်ပါ။ မထူးဆန်းပေမဲ့ သူများတွေနဲ့ မတူတဲ့ အတွေးတွေနဲ့ ဘဝကို လျှောက်လမ်းနေတဲ့ သူတွေမို့၊ ကိုရီးယားမှာ ငွေ နှင့် အပျော်အပါးကို အာသာငမ်းငမ်း လိုက်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားတွေထဲမှ ဖေါက်ထွက်ပြီး အချိန်ကို ၇အောင်ဖန်တီးကာ တရားကိုအဖေါ်ပြု အေးချမ်းမှုကို ရှာနေကြသူတွေမို့ မှတ်တမ်းတင်လိုက်ခြင်း၇ယ်ပါ။ တရားကို နှစ်သက်ကြတွေ အကြောင်းမို့ တခြားသူတွေကို မျှဝေလိုက်ခြင်းပါ။

“အလုပ်များပေမဲ့၊ အချိန်မအားပေမဲ့ သေကြရမှာတော့ အမှန်ပါ” ဒါကြောင့် မေ့လျော့မနေကြဘို့ အချိန်ရှိခိုက် လုံးလစိုက်ပြီး ဥစ္စာလည်းတိုး အသိလည်း ဖွံ့ဖြိုးစေဘို့ ကြိုးစားကြပါ၇န် တိုက်တွန်းလိုက်၇ပါသည်။

“ကုသိုလ် ဥစ္စာ၊ ပညာ တန်ခိုး၊
တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊
ထိုနေတွက်၊ သက်သက် ဝမ်းနည်းဖွယ်။” (ဆ၇ာတော် ဦးဇနက)

သုခီ အတ္တာနံ ပ၇ိဟ၇န္တု။

ချမ်းသာစွာ အိပ်စက် နိုးထနိုင်ကြပါစေ

သန္တိက၇ဝိဟာရဆ၇ာတော်
အန်ဆန်းမြို့


No comments:

Post a Comment