Saturday 14 April 2012

ပြန်ရောက်လာပြီ စံဌာနီ

ပြန်ရောက်လာပြီ အွန်စောတို့ ဌာနီ
မပြန်ဖြစ်တာ တစ်နှစ်ခွဲကျော်ကြာပြီဖြစ်လို့  လုပ်ရမဲ့သမိုင်းပေးတာဝန်တွေကိုလည်း ဖြည့်ဆည်းရင်း ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ က မွေးရပ်ဌာနီ မြန်မာပြည်ကို ပြန်သွားလိုက်လို့ အွန်စောတို့ ဌာနေနဲ့  ဝေးကွာသွားတာ ရက်ပေါင်း (၄၃) ရက်တောင် ရှိသွားခဲ့တယ်။
ဒီလောက်ကြာတဲ့ ရက်အတွင်းမှာ သာမန်အားဖြင့်တော့ မွေးရပ်မြေ အလွမ်းပြေ ကိုယ်သွားလိုရာကိုသွား စားချင်တာကိုစားလို့  တွေ့ ချင်တဲ့သူတွေနဲ့  တွေ့ ရလိမ့်မယ်လို့  ထင်ခဲ့ပေမဲ့ မသွားခဲ့ရ၊ မစားခဲ့ရ၊ မတွေ့ ခဲ့ရပါ။
အကြောင်းကတော့ သွားချင်ရာကိုသွားဘို့ ထက် သွားသင့်တဲ့နေရာကိုပဲ သွားနေ၇လို့ ၊ စားချင်တာတွေကို စားလိုက်ချင်ပေမဲ့ အစားမတော် တစ်လုပ်တဲ့ ခရီးသွားလာနေချိန်လည်းဖြစ် ကိုယ်ကျန်းမာရေးကလည်း အဆင်မပြေဆိုတော့ မသွားနိုင် မလာနိုင်အောင် ဖြစ်သွားရင် မတော်ပါလားဆိုတဲ့ ဆင်ခြင်မှုလေးနဲ့  စားချင်ပေမဲ့ စားသင့်ရာကိုသာ ရွေးစားခဲ့ရလို့ လေ။
တွေ့ ချင်သူတွေများပေမဲ့ (ကိုယ့်ကိုတွေ့ ချင်သူတွေ များတယ်လို့ မဆိုချင်ပါ) တွေ့ သင့်သူ၊ ကိုယ့်အပေါ် ကျေးဇူးအလွန်များသူတွေကိုသာ အဓိကထား သွားတွေ့ နေရလို့ ၊ ပြီးတော့ ရာသီဥတုပြောင်းလဲ ဖေါက်ပြန်မှုတွေကြောင့် တွေ့ ချင်ပေမဲ့ မသွားနိုင်လို့  မတွေ့ နိုင်လိုက်သူတွေလည်း ရှိနေခဲ့၊ လုပ်သင့်တဲ့ လုပ်ဆောင်ပေးရမဲ့ တာဝန်တွေကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ခဲ့တာတွေလည်းရှိခဲ့၊ နောက် တစ်ခေါက်မှ ပြီးမြောက်အောင် တာဝန်ကျေပါရစေလို့  တောင်းပန်မှုတွေနဲ့  ဖြေသိမ့်ခဲ့ရတာလည်း ရှိခဲ့၊ တာဝန်ကိုသိသူမှာ တာဝန်ရှိတယ်တဲ့။ တာဝန်ကိုသိသူလို့  ကိုယ်ကိုယ်ကို မဆိုလိုပေမဲ့ တာဝန်ရှိတယ်လို့ တော့ ခံယူထားလို့ ပါ။
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရမဲ့၊ လုပ်ဘို့ စီစဉ်ထားတဲ့ လုပ်ချင်ခဲ့တဲ့ အလုပ်တာဝန်တွေကိုတော့ ပြီးမြောက်အောင် လုပ်ဆောင်လို့  ကိုယ့်နေရာဌာနလိုဖြစ်နေတဲ့ အွန်စောတို့ ဌာနေကို အဆင်ပြေချောမောစွာ ဧပရယ် (၁၁) ရက်နေ့ မနက်က ပြန်ရောက်လို့ လာပါပြီ။
ရွှေမြန်မာ ညီအစ်ကိုများ ဘေးဘယာအပေါင်းဝေးကွာညောင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
ချမ်းသာစွာ အိပ်စက်၊နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆရာတော်

No comments:

Post a Comment