Sunday 29 April 2012

မမေ့ကြနဲ့  မွေးရပ်မြေ



ပညာရေးပဒေသာပင်အလှူပွဲ


မမေ့ကြနဲ့  မွေး၇ပ်မြေ
မင်္ဂလာပါ လို့ နှစ်သစ်ကူးမှာ ဆုတောင်းမေတ္တာပို့ သကာ နုတ်ခွန်းဆက်ပြောရမဲ့စကား ခုတော့ နောက်ကျသလိုများ ဖြစ်နေမလား၊ ဘာပဲဖြစ်ဖြစ်လေ ကောင်းတဲ့စကား ကောင်းတဲ့အလုပ်ဆိုတာ နောက်ကျတယ်မရှိပါဘူးနော့်။ ကောင်းတဲ့အလုပ်မှန်သမျှကို လုပ်ဘို့ မမေ့ကြစေဘို့ ပါ။
မမေ့ကောင်းတဲ့အရာသုံးမျိုးကို ဘုရားရှင်သက်တော်ထင်ရှားရှိတုန်းက ဟောခဲ့ပါတယ်။
၁။ ဘုရား၊တရား၊သံဃာ။
၂။ သေခြင်းတရား။
၃။ အပ္ပမာဒ(မမေ့မလျော့သောသတိတရား)။
*ဒုက္ခတွေ ဘယ်လောက်ကြုံကြုံ၊ စည်းစိမ်တွေ ဘယ်လောက်တိုးတိုး၊
ဘုရားအပေါ် တရားအပေါ် သံဃာအပေါ်မှာ မမေ့ကောင်းဘူး။
*စား ၀တ် နေရေးသာ ကြောက်လန့်တကြား ရှာဖွေနေကြတယ်၊
သေရေးတော့ကိုယ်နှင့်မဆိုင်သလို၊ သေခြင်းတရား မမေ့ကောင်းဘူး။
*မမေ့မလျော့သော သတိတရားဖြင့် တရားအားထုတ်ကြရန်
မကြာခဏ သတိပေး ဟောကြားခဲ့လေသည်၊ အပ္ပမာဒ မမေ့ကောင်းဘူး။
မမေ့ရမဲ့အရာတွေကတော့ အများကြီးပါပဲ သက်ရှိသတ္တဝါနဲ့ ပတ်သက်လို့ ၊ သက်မဲ့အရာဝတ္ထုတွေနဲ့ ပါတ်သက်လို့အစုံပါပဲ၊ ဗုဒ္ဓကလည်း သတ္တဝါအများ ယခုဘဝ နောက်ဘဝ သံသရာတစ်လျှောက်လုံးအတွက၊် နောက်ဆုံးပန်းတိုင်အနေနဲ့  ဒုက္ခအားလုံးမရှိရာ နိဗ္ဗာန်ကို ရောက်အောင် မမေ့မလျော့ နေကြဘို့ ညွှန်ပြထားတယ်မဟုတ်လား။ တို့မြန်မာလူမျိုးများဟာ ဗုဒ္ဓဘာသာဝင် ဖြစ်သည့်အားလျှော်စွာ ရတနာသုံးပါးကိုတော့ မမေ့ကြပါဘူး။ ဒါပေမဲ့ သေခြင်းတရားနဲ့ အပ္ပမာဒခေါ်တဲ့ အရာတွေကိုတော့ မေ့နေသလိုပါပဲ၊ သေလောက်တဲ့ ကျန်းမာေ၇း ဖေါက်ပြန်မှုနဲ့ မကြုံတွေ့ ရသေးတဲ့ အချိန်ထိဆိုပါတော့။
မမေ့သင့်တဲ့ အရာတွေအများကြီးထဲက လူတိုင်းမမေ့သင့်တဲ့ အရာတစ်ခုကတော့ မွေးရပ်မြေပါပဲ။ အချို့ ပုဂ္ဂိုလ်တွေက ကိုယ်ကြီးပွါးချမ်းသာလာတဲ့အခါမှာ ကိုယ်ရဲ့ မွေးရပ်မြေကို ပြန်လည်စောင့်ရှောက် ကူညီထောက်ပံ့မှု ပေးဘို့ နေနေသာသာ ကိုယ့်မွေးရပ်မြေရဲ့ အမည်နာမကိုတောင် မဖေါ်ပြချင်သူတွေ ရှိကြသေးရဲ့ ။ မဖြစ်သင့်ဘူးပေါ့။ ကိုယ့်ကိုမွေးပေးတဲ့ အမေဟာ အမေပဲလေ၊ သူဟာသူ ဘဝပေးအခြေနေအရ ဘယ်လိုပဲ အသက်မွေးနေပါစေပေါ့။ ဒီလိုပါပဲ ကိုယ်မွေးရပ်မြေဟာ အလွန်ဝေးလံခေါင်သီတဲ့အရပ်၊ ဖွံ့ ဖြိုးမှု ဘာမှ မရှိတဲ့အရပ်ဖြစ်ပါစေ မေ့လို့မဖြစ်ဘူး၊ မမေ့သင့်ဘူး။
ကိုယ့်မွေးရပ်မြေအတွက် တတ်နိုင်တဲ့ဘက်က ပြန်လည်အကျိုးပြုပေးနိုင်ရမယ်။ တချို့ က ကိုယ်မှ ဒီရွာမှာ မနေတော့တာပဲ ရွာမှာ သွားလှူနေစရာ ကူညီထောက်ပံ့ပေးနေစရာမလိုပါဘူး၊ ကိုယ်လှူလို့လည်း သိပ်ထူးမှာမှ မဟုတ်တာဆိုပြီး ပြီးစလွယ်ပြောတတ်ကြ၊ မေ့ပျောက်ဘို့ ကြိုးစားကြတယ်။
အလှူအတန်းနဲ့ ပတ်သက်လို့ အသိတရား နည်းနည်းလေးများ ရပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နှင့်အတူ ကိုယ့်မွေး၇ပ်မြေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပဲ အဖြစ်ဖြစ်ဆိုပြီး နှမ်းတစ်စေ့ကြောင့်တော့ ဆီမဖြစ်ပေမဲ့ အဲဒီနှမ်းတစ်စေ့မှာလည်း ဆီဖြစ်စေနိုင်တဲ့သတ္တိလေးတော့ ရှိပါလား ဆိုတဲ့ အသိကိုပေးတဲ့အနေနဲ့  ကိုယ့်မွေးရပ်မြေက ထွက်သွားတဲ့သူတွေ မလုပ်ဖြစ်သေးတဲ့ အလုပ်ကလေးကို လုပ်ဖြစ်တာ ပြောချင်လို့ ပါ။ ငါကွလို့ ကြွားဝါဘို့  ရည်ရွယ်ချက်လုံးဝ(လုံးဝ) မပါပါ။
မန္တလေး မြစ်ကြီးနား ရထားလမ်းပေါ်မှာ ရှိတဲ့ ကောလင်းမြို့၊ ထိုမှတဆင့် လမ်းလျှောက်ရင် နာရီဝက်ခန့်၊ ခုခေတ် မော်တော်ဆိုင်ကယ်နဲ့ ဆို ငါးမိနစ်ကျော်မျှသာဝေးတဲ့ မြို့ရဲ့တောင်ဘက် နှစ်မိုင်သာဝေးတဲ့အရပ်မှာရှိတဲ့ အိမ်ခြေတစ်ရာမပြည့်တဲ့ သ၇က်ခုံရွာကလေး။ ထို၇ွာကလေးဟာ ဦးဇင်းရဲ့ မွေး၇ပ်မြေ ဒီ၇ွာမှာရှိတဲ့ ကျောင်းသားလေးတွေ ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ဘို့ အခက်ခဲဖြစ်နေတဲ့ သူတွေအတွက် အထောက်အပံ့ အနည်းငယ်မှ ဖြစ်ပါစေတော့၊ အဆင်ပြေသူအတွက်ကတော့ မုန့် ဘိုးပေးတဲ့သဘောပေါ့။ ပညာရေးပဒေသာပင်စိုက်ထူတဲ့ အနေနဲ့  မြန်မာကျပ်ငွေ ဆယ်သိန်းကို ရွာက လူကြီးတွေထံ အပ်နှံလို့  အဖွဲ့ လေးတစ်ခု ဖွဲ့ စည်းကာ လုပ်ရမဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လှူဒါန်းဖြစ်ခဲ့တယ်။ နောက်ထပ် သုံးသိန်းကိုတော့ ရွာက မူလတန်းကျောင်းရံပုံငွေအတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ထံ လွဲအပ်လှူဒါန်းခဲ့တယ်။ ဒီကျောင်းက ပြီးခဲ့တဲ့နှစ်ကစလို့ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးနေတာဆိုတော့ ရံပုံငွေများများလိုအပ်တယ်မဟုတ်လား။
ဒီပဒေသာပင်ငွေက ဘယ်တော့မှ မကုန်မဲ့ငွေ၊ တစိမ့်စိမ့်နဲ့  တရိပ်တရိပ်တိုးလာမဲ့ အတိုးတွေနဲ့ ထောက်ပံ့ပေးမဲ့ အစီစဉ်ပေါ့။ ထပ်မထည့်နိုင်ပေမဲ့ အတိုးက အရင်းဖြစ်ပြီး အရင်းတွေ ထပ်တို့းပွါးလာမှာမို့  အတိုးတွေလည်း ထပ်ပွါးလာမဲ့ စနစ်ဆိုတော့လေ။ ဒီစနစ်က ဒီရွာမှာ နှစ်အတော်ကြာကတည်းက ကျင့်သုံးနေတဲ့ ကောင်းတဲ့ အဆင်ပြေတဲ့ နည်းစနစ်လေ။ ကိုယ့်စိတ်ကူးကို ရွာကလူကြီးများရဲ့  ကြီးကြပ်မှုဖြင့် အကောင်ထည်ဖေါ်ဖြစ်ခဲ့တယ်။
လှူဒါန်းပွဲကို အခမ်းနားလေးနဲ့  လုပ်ဖြစ်ခဲ့ပေမဲ့ အလှူပေးမဲ့သူ၊ လက်ခံယူမဲ့သူ၊ ကျောင်းသားတွေနဲ့ သူတို့ မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ ပဲ ကျင်းပဖြစ်ခဲ့တယ်။ အားလုံးကလည်း အလုပ်များနေကြချိန်ဖြစ်နေတော့ မြို့ပေါ်ကဆိုလို့ ဘယ်သူ့ ကိုမှ မဖိတ်ဖြစ်တော့ဘူးပေါ့။ ဘာကြောင့် ဒီအလှူပွဲကို လုပ်ရသလဲဆိုတာကို နားထောင်ပေးမဲ့ ပရိတ်သတ်အနေနဲ့ ရွာကလူတွေ ရှိရင်ပြီးတာပဲ မဟုတ်လား။ မကြီးကျယ်ပေမဲ့ ခမ်းနားတဲ့ အလှူပွဲလေးပေါ့။
တစ်နှစ်ခွဲကျော်ကြာ မရောက်ဖြစ်တဲ့ မွေးရပ်မြေဆီ ခုလို အလည်ပြန်ဖြစ်လိုက်တဲ့ အခိုက်မှာ ကမ္ဘာမှာ အတိုးတက်ဆုံးလို့ စာရင်းသွင်းခံထားရတဲ့(ကိုယ့်အထင်) ကိုရီးယားလို
နိုင်ငံမှာ နေနေပေမဲ့ တိုးတက်မှုနည်းသေးတဲ့ ကိုယ့်မွေးရပ်မြေကို အမြဲအမှတ်ရနေ၊ မမေ့ဘူးဆိုတာကို ပြတဲ့အနေနဲ့  ခုလိုထောက်ပံ့လှူဒါန်းမှုကို ပြုခဲ့တဲ့ ပုံရိပ်ဟာ နှလုံးသားထဲက ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ မွေး၇ပ်မြေကို မမေ့ကြစေဘို့ပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆ၇ာတော်
အန်ဆန်းမြို့

No comments:

Post a Comment