Sunday 5 February 2012

သန္တိကရဝိဟာရ ကျောင်းတော်မိတ်ဆက်

                         ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

      သန္တိကရဝိဟာရကျောင်းတော်(ကိုရီးယား)

                     အန်ဆန်းမြို့ ထေရဝါဒသာသနာပြုကျောင်းတော်


သန္တိကရဝိဟာရ ထေရဝါဒ မြန်မာကျောင်းတော်ကြီးသည်경기도 안신시 단원구 원곡동 775-번지 12 တွင်တည်ရှိ၍ အန်ဆန်းဘူတာ(နံပါတ်-၄လိုင်း)အနီးတွင်တည်ရှိပါသည်။
ထိုအန်ဆန်းမြို့ သည်ဘန်နွော(반월공단)စက်မှု့ဇုံနှင့် (시화공단)ရှီဟွာစက်မှု့ဇုံအနီးတွင်တည်ရှိ၍နိုင်ငံခြားသားအလုပ်သမားများနှင့်အလွန်စည်ကားသောမြို့ ကလေးဖြစ်ပါသည်။အာဆီယံနိုင်ငံများ၊ရုရှား၊ဥဇဘက်၊တရုတ်နှင့်အရှေ့အလည်ပိုင်းနိုင်ငံများမှမိမိတို့ရဲ့ရိုးရာအစားအစာနှင့်ဒေသတွင်းအသုံးအဆောင်ပစ္စည်းများဖြန့်ဖြူးရောင်းချသောဆိုင်ခန်းများနှင့်အထူးစည်ကားသောမြို့ လေးဖြစ်ပါသည်။အာဆီယံမြို့ ကလေးဟု လည်းခေါ်ဆိုနိုင်ပါသည်။မြန်မာရွာဟုခေါ်သော ဘူဖြောင်းနှင့်လဲ ၄၅မိနစ်ခန့်ကားစီးလျှင်ရောက်နိုင်ပါသည်။ထို့ကြောင့် ကျွန်တော်တို့ရဲ့ အန်ဆန်မြို့ကလေးကို ဒေသန္တရ ဗဟုသုတအဖြစ်လာရောက်လည်ပတ်ရင်းဗုဒ္ဓဘာသာဝင်တို့အထွဋ်အမြတ်ထားရာ ဘုရား ကျောင်းကန် အရိယာသူတော်စင်တို့ကိန်မွေ့ ရာ ကျောင်းကြီးဝိဟာဖြစ်သော သန္တိကရဝိဟာရ ကျောင်းတော် သို့ ဘာသာရေး၊သာသနာရေး၊လူမှု့ရေးကိစ္စရပ်များကိုအကြောင်းပြု၍ကြွရောက်ကြပါရန် လောက၊ဓမ္မနှစ်ဖြာသောအကျိုးကိုရှေးရှု့၍နှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။ ။အန်ဆန်းဘူတာမှ 23၊125၊909၊55၊30-2၊ကားများစီး၍ ဂွန်ဂျာရှီဂျန်း(င်)(군자시장)၊ဝန်ဂို့ (ဂ်)မူလတန်းကျောင်း(원곡초등학교)မှတ်တိုင်တွင်ဆင်းပါရန်၊။ကျောင်းလမ်းညွှန်(ကလစ်ပါ)


                                      






No comments:

Post a Comment