Saturday 25 February 2012

အဖြူရောင်မေတ္တာလူငယ်များအဖွဲ့(ကိုရီးယား)ရဲ့ အဝတ်လျှော်စက်အလှူ

                            အဖြူရောင်ရဲ့ သန့် ရှင်းတဲ့ အလှူ


ညစ်နေတာတွေ လှစ်သွားစေဘို့ ၊ သန့် ရှင်းမှုဖြင့် လောကကြီးကို အလှဆင်နိုင်ဘို့ ၊ တစ်ကိုယ်ရည် သန့်ရှင်းပြီး ကျန်းမာစွာ ချမ်းသာစွာ လောက သာသနာ နှစ်ဖြာကောင်းကျိုး  ပွါးတိုးနိုင်စေဘို့  အထောက်ကူပြုပေးနိင်သော (SAMSUNG 12 Kg -430,000 ဝမ်) အဝတ်လျှော်စက်ကို  တန်ဖိုးရှိဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ က ဖွင့်လှစ်လိုက်သော အန်ဆန်းမြို့ရှိ သန္တိကရဝိဟာရကျောင်းတော်၌ အသုံးပြုနိုင်ရန် ယနေ့  အဖြူရောင် ညီအစ်ကိုများ ကိုယ်တိုင်လာရောက်လှူဒါန်းသွားပါသည်။
ပတ်ဝန်းကျင်ကိုလည်း သူတို့ လို့  လှပဖြူစင်အောင် အဖြူရောင်နှလုံးသားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အလျောက် ဖြူစင်သန့် ရှင်းမှုကို ပေးနိုင်တဲ့ ပစ္စည်းကို ပေးလှူတဲ့ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ (ကိုရီးယား)ကို သန္တိကရဝိဟာရကျောင်းအကျိုးတော်ဆောင်အဖွဲ့ မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
စိတ်လည်းဖြူစင် ရုပ်လည်းရွှင်၍ လောကသာသနာ နှစ်ဖြာကောင်းကျိုး ပွါးတိုးအောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့ သလိုက်ပါသည်။






No comments:

Post a Comment