Friday 24 February 2012

သန္တိကရဝိဟာရ ကျောင်းတော် ကျောင်းသစ်ဖွင့်ပွဲ၊ကျောင်းအပ်ပွဲ ရေစက်ချအလှူတော်မင်္ဂလာမှတ်တမ်း

View all

Get your own

“သာသနာတော်ကို ဘုန်းကံကြီးမားသူများသာ တွေ့ ကြုံရ ၊ ချီးမြှောက်ခွင့်ရ၊ ထောက်ပံ့ခွင့် ရပေသည်” ဟူသော မြတ်ဗုဒ္ဓ စကားတော်အတိုင်း ယခုအခါ အန်ဆန်းမြို့နှင့် ကိုရီးယား၌ နေထိုင်ကြသော ရွှေမြန်မာများနှင့် ကိုရီးယားလူမျိုးတို့ သာသနာတော်ကို ထောက်ပံ့ခွင့်၊ မြတ်ဗုဒ္ဓတရားတော်ကို နာယူမှတ်သားခွင့်ရရှိနိုင်သော အခွင့်ကို ရရှိကြရပေပြီ။
ဖေဖေါ်ဝါရီလ ၁၉ ရက် တနင်္ဂနွေနေ့ က ကျင်းပပြုလုပ်သော သန္တိကရဝိဟာရကျောင်းတော်သစ်ဖွင့်ပွဲသို့  ကြွရောက်ချီးမြှောက်တော်မူကြသော ဗောဓိဆုကျောင်းဆရာတော်၊ ဖူဆန်မြို့ ပြည်ည်တော်ဦးဆ၇ာတော်၊ ဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းမှ ဆရာတော် ဦးကိတ္တိသာရ နှင့် ကိုရီးယားဘုန်းတော်ကြီး၊ သီလရှင်များအပါအယင် အနယ်နယ်မှ လာရောက်အားပေးချီးမြောက်ကြသော ရွှေညီအစ်ကိုများကို လှုက်လှဲစွာကျေးဇူး အထူး(အထူး)တင်ရှိပါကြောင်း နှင့် အားလုံး၏စေတနာ မေတ္တာကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ဖွင့်ပွဲနေ့ ကရှိသော စိတ်ထားနှလုံးသားကို အမြဲပိုင်ဆိုင်နိုင်ကြပြီး၊ အခက်ခဲကြုံသော်လည်း နောက်မတွံ့ ဘဲ ဆက်လက်ကြိုစားကာ၊ အားလုံးကို တန်ဖိုးထားဘို့  ဖြူစင်သော ညီညာသောစိတ်နှလုံးဖြင့် အများကောင်းကျိုး၊ ခုရောနောင်အတွက် ငြိမ်းချမ်းအောင်ဘို့  လက်တွဲကာလျှောက်လမ်းကြပါစို့ လို့ ----

လောကသာသနာ နှစ်ဖြာကောင်းကျိုး အစဉ်တိုးပါစေ။

သန္တိကရဝိဟာရကျောင်းတော်

No comments:

Post a Comment