Monday 27 February 2012

သန္တိကရဝိဟာရ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏ

                       မန်မာပြည်ခေတ္တအပြန်နှုတ်ဆက်အသိပေးခြင်း
ယခုလ ၂၈ ရက်နေ့ တွင်မွေးရပ်မြေမြန်မာပြည်သို့ အောက်ပါအကြောင်းကိစ္စများဖြင့် ပြန်ရန်ရှိပါသောကြောင့် ကိုရီးယားမှ ဒါယိကာ၊ ဒါယိကာမအပေါင်းတို့ အားခေတ္တခဏ နှုတ်ဆက်ခဲ့ပါသည်။
(၁) မွေးရပ်ဇာတိ (စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ နယ်၊ သရက်ခုံကျေးရွာ) တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသော ကျောင်းသားကလေးငယ်များ၏ တက္ကသိုလ်ပညာရေး လိုအပ်ချက်အချို့ တွက် အကူညီပေးရန်
(၂) သရက်ခုံကျေုးရွာ အခြေခံကျောင်းမှ ကလေးငယ်များအတွက် ပညာရေးထောက်ပံမှု့ နှင့် စာရေးကရိယာထောက်ပံမှု့ လုပ်ငန်းများလုပ်ဆောင်ပေးရန်
(၃) ကွယ်လွန်သူ ကျေးဇူးရှင်မိဘနှစ်ပါးနှင့် အကိုတော် တို့အတွက်ရည်စူး ကုသိုလ်အမျှပေးခြင်းပြုလုပ်ရန်
(၄) ၂ နှစ်တာခွဲခွာခဲ့ရသော ကျေးဇူးရှင်ဆရာတော်များ နှင့် သာသနာ့ညီအကိုများ၊ မွေးရပ်မြေမှဒါယိကာ/မများနှင့် တွေ့ ဆုံရန်
မြန်မာပြည်သို့ ရောက်ရှိပြီးနောက်တနေ့တွင် Lotus Foundation International (Myanmar, Singapore, Malaysia, Korea) တို့ မှ ရွှေတိဂုံစေတီတော်မြတ်ကြီး ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ပါဝင်လှူဒါန်းမှု့ပြုသော မုခ်လေးမုခ် ခြေသုတ်ခုံအလှူပွဲသို့ ကိုရီးယားလိုတပ်ကိုယ်စား တက်ရောက်လှူဒါန်းမှူ့ပြုလုပ်မည်ဖြစ်ပါသည်။
သန္တကရ၀ိဟာရကျောင်းတော် သို ဧပြီ( ၁) ရက် ခန့်တွင်ပြန်လည်ရောက်ရှိ သာသနာရေး လူမှုရေးကိစ္စများကို တတ်စွမ်းသမျှ ဆက်လက်လုပ်ဆောင်သွားပါမည်။
** မြန်မာနိုင်ငံတွင်သီတင်းသုံးနေစဉ် ကိစ္စအထူးရှိပါက ဖုန်း ၀၉-၅၀၃၄-၁၇၈ သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း…….

No comments:

Post a Comment